Ducks and Chickens ကြက် နဲ့ ဘဲ
ကွန်မင့်တွေထဲက တခု = ဘဲတွေကျတော့ post postနဲ့ rpက ဘာပြောမှန်းမသိ၊ စော်လေးကျမှပဲ ပို့စ်တင်ထားတယ် ဆိုတော့ လွန်တာပေါ့ ဆရာ
တခြားကွန်မင့်များ
Hlaing Myo Sann
ဆရာကြီး "ဗမာပြေ"လား ၊ "ဗမာမြေ"လား ၊ "ဗမာပြည်"လား ခင်မျာ...၊ ဘယ်ဟာက ဘယ်လို အခြေအနေမှာ သုံးတာပါလဲ။
2h
Hlaing Myo Sann post
2h
Aung Zan
ကာတွန်းထဲမှာက ဗမာပြေ
ပြေ နဲ့ ပြည် ဘယ်ဟာ အမှန်လဲ ဆရာ
2h
Aung Zan Post
2h
D Latt Yar
ဘဲတွေကျတော့ post postနဲ့ rpက ဘာပြောမှန်းမသိ၊ စော်လေးကျမှပဲ ပို့စ်တင်ထားတယ် ဆိုတော့ လွန်တာပေါ့ ဆရာ
50m
D Latt Yar အခုတွေ့ အခုဖြေပါတယ်။ ဘဲလား ကြက်လား ခွဲမနေပါ။
45m
Reply
San San Htet
ဗမာပြေလားဆရာကြီး
2h
San San Htet ပို့စ် တင်ပြီး။
ပြန်စာ
ကွန်မင့်တွေကို အများအားဖြင့် အခုတွေ့ အခုဖြေပါတယ်။ ဘဲလား ကြက်လား ခွဲမနေပါ။
ဖုန်းကနေရေးရင် ယူနီကုတ် တန်းရေးလို့ ရတယ်။ ကွန်ပြူတာကဆိုရင် ဇော်ဂျီကနေ ဖေါင့်ကွန်ဘာတာ သုံးချိန်မရရင် post ရေးရတယ်။ ဒီအကြောင်းကိုလည်း ရှင်းပြဘူးပါတယ်။
တင်လိုက်တဲ့ ပြည် နဲ့ ပြေအတွက် ပဌမကွန်မင့်ရကတည်းက စာစီရတယ်။ ရေးပြီးသား စာအဟောင်းတွေ ရှာရတယ်။ စာကို အချောသတ်ပြီး တင်လိုက်တယ်။
နောက်ထပ် တင်စရာတွေ တင်ပါတယ်။
တင်လိုက်တဲ့စာများစာရင်း
38 min မီးပျက်သွားပြီ
53 min အသည်းရောဂါအတွက် အစားအသောက်များ
1 hr သဘာဝကျ မကျ
1 hr တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်
1 hr ငမန်းဥပမာ
2 hr မြန်မာစာမှာ ဓါတုဗေဒလို ဖေါ်မြူလာတွေထုတ်တာ မမှန်ပါ
2 hr ပြေ ပြည် နိုင်ငံတော်သီချင်း
အဲဒါတွေတင်ပြီးလို့ ခါးဆန့် ချိန်မှာ ကြက်နဲ့ဘဲ ကွန်မင့် အပါအဝင် တခြားကွန်မင့်သစ်တွေ တွေ့ပါတယ်။
ဖေ့စ်ဘွတ် အကောင့်တချို့ကို အမျိုးသား အမျိုးသမီး မခွဲတတ်ပါ။ ခွဲမနေတာလည်း များတယ်။
ဖြေလိုက်တာကကို ဘယ်သူကမေးခဲ့သလဲ ခေါင်းထဲမှာ မှတ်မထားမိပါ။ ဖြေစရာလို့သာ သိတယ်။
အဲလိုပါဘဲ။ ကျန်းမာရေးမေးခွန်းတွေကို အမျိုးသမီးတွေက မေးမှသာဖြေသလားဆိုသူ ၄-၅ ယောက်ဆီကရလို့ သုတေသနပြုချက်တွေနဲ့တကွ ၃ ခါလောက်တင်ပြထားရသေးတယ်။
စောစောက အမျိုးသမီးတယောက်က သူ့ခင်ပွန်းရောဂါကို မေးပါတယ်။
အဲလို အချက်အလက်မဲ့ စွပ်စွဲသူတွေ ထပ်လာဦးမှာလည်း သိတယ်။
Can You Keep Ducks and Chickens Together
ဒေါက်တာတင့်ဆွေ

Comments
Post a Comment