Four colors to add to your plate လေးရောင်ခြယ် ပန်းကန်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ။

အနီရောင်

အမျိုးမျိုးသော ဘယ်ရီသီးများကို ယိုဂတ် (ဒိန်ချဉ်)၊ အိုတ်မီးလ် (အုတ်စပါး) နဲ့ ရောထည့်စားနိုင်တယ်။ သံပုရာရည်နည်းနည်းနှင့် ရောပြီး အန်တီအောက်စီဒင့်ဓါတ် ပြည့်ဝသည့် လှပသော အသီးသုပ် ပြုလုပ်နိုင်ပါတယ်။

ခရမ်းချဉ်သီးစိမ်းကို ဘေဇယ်ရွက် (အစိမ်းရောင်အရွက်)၊ ဒိန်ခဲ (မိုဇာရဲလာချိစ်) နဲ့ ရောစပ်ပြီး အာဟာရပြည့်ဝတဲ့ စားဖွယ်အပေါ့စားအဖြစ် စမ်းကြည့်နိုင်ပါတယ်။ ချက်ထားတဲ့ခရမ်းချဉ်သီးကို ကြိုက်သူများအတွက် အိုလီဗ်ဆီ(သံလွင်ဆီ) နဲ့ ကြော်ဖုတ်စားနိုင်ပါတယ်။

အစိမ်းရောင်

စပိနပ်၊ ကေးလ်၊ ဆွစ်ချတ် စတဲ့ ဟင်းနုနွယ်ရွက်လို အရောင်ရင့်ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ် ပိုမိုပါဝင်လို့ ကိုယ်ကြိုက်တဲ့ ဟင်းရည်ထဲ ရောထည့်စားနိုင်ပါတယ်။

ဘရိုကလီ ခေါ် မုန်လာပွင့်အစိမ်းရောင်ဟာ အာရှအစားအစာတွေမှာ ထည့်သုံးရင် အလွန်ကိုက်ညီပါတယ်။ ဆားနည်းတဲ့ ဆိုယာဆော့စ်နည်းနည်းနဲ့ အရံဟင်းအဖြစ် စားနိုင်ပါတယ်။

လိမ္မော်ရောင်

အာလူးကို အသုံးပြုတဲ့ ဟင်းချက်နည်းများမှာ ကန်စွန်းဥ သို့မဟုတ် ယမ်း ခေါ် ဥတမျိုးမျိုးကို အစားထိုး အသုံးပြုနိုင်ပါတယ်။ ကြိတ်ထောင်း၊ နှစ်ကြိမ်ဖုတ်၊ သို့မဟုတ် ဟင်းရည်ထဲ လှီးထည့်၍ စမ်းကြည့်နိုင်ပါတယ်။

မုန်လာဥနီကို ခြစ်ပြီး အစေ့ပြည့်ဂျုံခေါက်ဆွဲနဲ့ ရောစပ်စားရင် အရောင်နှင့် အရသာ ပိုမိုကောင်းမွန်စေပါတယ်။

ကန်တာလူးပ် ခေါ် သခွါးမွှေးသီးအပိုင်းအစတွေကို လှီးပြီး အအေးခန်းတွင် သိမ်းထားရင် တနှစ်ပတ်လုံး အသုံးပြုနိုင်ပါတယ်။

ခရမ်းရောင်

အနီရင့် သို့မဟုတ် စွန်တာနီ သို့မဟုတ် ခရမ်းနီရောင်ပဲတမျိုးမျိုး ကောင်းတယ်။

သင်၏ မနက်စာ အပူအစားအစာများထဲ သင်္ဘောသဖန်းသီး ရောထည့်စားနိုင်သလို သီးသန့်စားလည်း ကောင်းပါတယ်။

“အသားမပါ တနင်္လာနေ့” (သက်သတ်လွတ်) ကို စမ်းကြည့်ပြီး အမြဲစားလေ့ရှိတဲ့ အသားဟင်းကို ခရမ်းသီးဖုတ်နှင့် အစားထိုးကြည့်ပါ။

ကိုယ့်အရပ်ဒေသမှာ ရနိုင်တဲ့ အသီးအရွက်တွေနဲ့ ချိန်ထိုးပြီး စားသုံးနိုင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ