impetigo လို့ ခေါ်တယ်
ဆရာ လက်မောင်းမှာ ခုလိုမျိုး အဖုလေးတွေ ပွားနေလို့ပါ ဘာဆေးလိမ်းရမလဲ ပြောပေးပါအုံးဆရာ အစကတော့ အဖုသေး သုံးခုလောက်တွေလို့ acid နဲ့ တို့လိုက်တာ ခုလိုပွားလာလို့ပါ ဆရာဝန်ပြကြည့်ပါတယ် ဘာမှမဖြစ်ဘူးတဲ့ သူ့ဘာသာပျောက်သွားလိမ့်မယ် ပြောပါတယ် ရှာလကာရည် ပါးပါးလေးလိမ်းပီး အဝတ်စ သန့်တာလေးနဲ့စည်းပီးအိပ်လို့ပြောပါတယ် အဲ့လိုလုပ်တာ ပိုဆိုးပီး ပိုပွားလာတယ်ထင်လို့ပါ ဘာဖြစ်တယ်ဆိုတာပြောပြပေးပါဆရာ လိမ်းဆေးလည်းညွှန်းပေးပါအုံး ခင်ဗျာ
ကျေးဇူးတင်ပါတယ်။ ကချင်ပြည်နယ်မှာရောက်နေလို့ပါဆရာ အရေပြား ဆရာဝန်ပြဖို့ရာ မလွယ်သေးလို့ပါ ခင်ဗျ။
impetigo လို့ ခေါ်တယ်။
ရေခပ်နွေးနွေး + ဆပ်ပြာနဲ့ ဆေးပါ။ ခြောက်သွေ့အောင်လုပ်ပါ။
(Polysporin, bacitracin) ပိုးသေဆေးပါ လိမ်းဆေး လိမ်းပါ။ တနေ့ ၃ ကြိမ်။
အနာကိုမကပ်စေတဲ့ အဝတ်တခုခုနဲ့ ဖုံးထားနိုင်။
တကိုယ်ရေသန့်ရှင်းရေးပိုလုပ်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment