Lamb's quarters မြူရွက်

တင်ထားတာတွေ ဖတ်ရတယ်။

၁။ မြန်မာလို မြူရွက် ဆောင်းရာသီ မြူတွေဆိုင်းတဲ့ ကာလမှာမှစားရတဲ့ ရာသီစာလေးမို့ မြူရွက်လို့ခေါ်လားမသိ။

၂။ မြူရွက် ဆောင်းရောက်လို့ မြူဆိုင်းဆိုင်းကာလလေးတွေမှာ စားရတဲ့ ရာသီစာလေး တခုပါ။

၃။ နုန်းမြေတွင်ပေါက်တတ်သော အရွက်ကို သုပ်စားရသည့်အပင်တမျိုး။

၄။ မြူရွက် ဆောင်းရောက်လို့ မြူဆိုင်းဆိုင်းကာလလေးတွေမှာ စားရတဲ့ ရာသီစာလေး တခုပါ။

ကွဲလွဲနေပါသည်။ ဒီအရပ်မှာတော့ နွေဦးကာလစကတည်းက အအေးဓါတ်မဝင်မချင်း မြူရွက်ရတယ်။ ဆောင်းတွင်းမှာ မရပါ။

ရတယ် မရဘူးဆိုတာ မြူရွက်အပင်လေးတွေ မြေမှာပေါက်နေတာကို ဆိုလိုပါတယ်။ အိမ်မှာ နှစ်တိုင်း နွေဦးရောက်တာနဲ့ အလိုလိုပေါက်လာကြပါတယ်။ ထပ်စိုက်နေစရာ မလိုပါ။

မြူရွက်ပင်လေးတွေနဲ့အတူ ဘောက်ရွက်ပင်တွေလည်း ထပ်ပေါက်လာပါတယ်။ နှစ်မျိုးလုံး စားလို့ရတယ်။ စားလို့ ကောင်းတယ်။

ဆောင်းမှာ မပေါက်ကြပါ။

ထန်းနဲ့ဆက်စပ်ပြီး မြူထတယ်ဆိုတာကလည်း နွေဦးမှာဖြစ်ပါတယ်။

နွေဦးကာလ မြူထသောအခါ။

မြူမှောင်ဝေကင်း သင်္ကြန်ကာလ

ဆောင်းနှင်းမြူလို့လည်း ခေါ်တာရှိပါတယ်။ အဲဒါက နှင်းမြူ။

နွေမြူ၊ ဆောင်းမြူနဲ့ စားရတဲ့ မြူရွက်ဆက်စပ်လို့ မရလောက်ဘူး ထင်ပါတယ်။

မြန်မာပြည်နဲ့ ယူအက်စ်အေ ရေမြေ ရာသီဥတုမတူလို့လည်း ဖြစ်နိုင်တယ်။

မြူရွက် ရုက္ခဗေဒအမည် Chenopodium album

တခြားအမည်တွေကတောCommon Lamb's Quarters, melde, goosefoot, wild spinach and fat-hen ဖြစ်ပါတယ်။

သူ့ကို ပေါင်းပင်လို့လည်း သတ်မှတ်ကြတယ်။ စိုက်နေစရာ မလိုပါ။

မြူရွက်ကို နွေရာသီမှာသာ အများဆုံးတွေ့ရတယ်။ မေလကနေ အောက်တိုဘာအထိ အပွင့်ပွင့်တယ်။ ဆောရာသီမှာ သေသွားကြတယ်။ အစ့ကတော့ အေးတဲ့ရာသီမှာ ဆက်ရှင်နိုင်တယ်။

အာဟာရတန်ဖိုး

Nutritional value per 100 g (3.5 oz)

Energy 180 kJ (43 kcal)

Carbohydrates

7.3 g

Dietary fiber 4 g

Fat

0.8 g

Protein

4.2 g

Vitamins and minerals

Other constituents Quantity

Water 84 g

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ