Medical vocabulary ဆေးစာ ဝေါဟာရများ (2)

မေးခွန်းတခု = ပိုး မသေတဲ့ ပဋိဇီဝဆေး တွေကိုရော ဘယ်လို ခေါ်ရမလဲ။ Bacteriostatic တို့ Bactericidal တို့ ကွဲပြားသေးတယ်မဟုတ်လား။

ပြန်စာ

ဆေးပညာသုံး ဝေါဟာရတွေအတွက် စံကိုက်၊ အများလက်ခံထားတဲ့ အဘိဓာန်ရယ်လို့ မရှိသေးပါ။ တခြားဆရာဝန်တွေလည်း ပြုစုထားတာရှိတယ်။ ကျွန်တော်လည်း ဝေါဟာရ တထောင်ကျော် ဘာသာပြန်ထားတယ်။ အဲလိုစာလုံးမျိုးဆိုရင် ရှင်းလင်းချက်တိုတိုပါ ထည့်မှသာ ဖြစ်နိုင်ပါတယ်။

ဂူဂယ်လ် နဲ့ အေအိုင် ကိုခိုင်းရင်လည်း တခါမေး တမျိုးထွက်နိုင်တယ်။

CharGPT

Bacteriostatic ကို မြန်မာလို

ဘက်တီးရီးယား တိုးပွားမှုကို တားဆီးသော

(သို့) ဘက်တီးရီးယား ကြီးထွားမှုကို တားဆီးသော အာနိသင်ရှိသော

အဓိပ္ပာယ်မှာ

ဘက်တီးရီးယားများကို သေစေခြင်းမဟုတ်ဘဲင်းတို့၏ တိုးပွားလာခြင်းကိုသာ တားဆီးထားသော အာနိသင်ကို ဆိုလိုပါသည်။

Bactericidal ကို မြန်မာလို

ဘက်တီးရီးယား သေစေသော

(သို့) ဘက်တီးရီးယားကို သတ်ဖြတ်ပစ်သော အာနိသင်ရှိသော

အဓိပ္ပာယ်မှာ

ဘက်တီးရီးယားများကို တိုးပွားမှုကိုသာ တားဆီးခြင်းမဟုတ်ဘဲ တိုက်ရိုက် သေစေသော အာနိသင်ကို ဆိုလိုပါသည်။

ယခင်မေးထားသော bacteriostatic (တိုးပွားမှုတားဆီးသော) နဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖြစ်ပါသည်။

google translation

bacteriostatic = bacteriostatic

Dr. Tint Swe

Bactericidal = ဘက်တီးရီးယားပိုးသတ်ဆေး

Antibiotic = ပဋိဇီဝဆေး

Antibiotics (အင်တီဘိုင်အောတစ်) ပဋိဇီဝဆေးဆိုတာ သက်ရှိတမျိုးကနေ နောက်သက်ရှိတမျိုးကို နိုင်စေနိုင်တဲ့ဆေးတွေ ဖြစ်ကြတယ်။ Antimicrobials ပိုးတွေကို နိုင်တဲ့ဆေးတွေထဲက တမျိုးသာဖြစ်တယ်။ Anti-viral ဗိုင်းရပ်စ်ဆေး၊ Anti-fungal မှိုဆေး၊ Anti-parasitic drugs ပါရာဆိုက်ဆေးတွေလဲ ရှိသေးတယ်။ (၁) Bactericidal သေစေနိုင်တာနဲ့ (၂) Bacteriostatic မျိုးမပွါးအောင် တားနိုင်တာ ၂ မျိုးရှိတယ်။ ဗက်တီးရီးယားတွေကို နိုင်ပုံနိုင်နည်းကလဲ မတူကြဘူး။ သကြားဓါတ်ကနေ (အင်နာဂျီ) ဖြစ်မလာ စေအောင်လဲ လုပ်တာလဲ ရှိတယ်။ (ဆဲလ်) နံရံ မဖြစ်အောင်လဲ လုပ်တာကလုပ်တယ်။ Antibiotic resistance ဆေးခံနိုင်ရည် ဖြစ်စေနိုင်တာက ဒီဆေးတွေရဲ့ အားနည်းချက်ကြီး ဖြစ်တယ်။

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်) https://dr-tint-swe.blogspot.com/2021/05/medical-vocabulary_17.html

Medical vocabulary ဆေးစာ ဝေါဟာရများ (အင်္ဂလိပ်-မြန်မာ) https://dr-tint-swe.blogspot.com/2021/05/medical-vocabulary.html

Antibiotics ပဋိဇီဝဆေးများ https://dr-tint-swe.blogspot.com/2021/05/antibiotics.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ