6 Tips for Living With Heart Disease

နှလုံးရောဂါနှင့် အတူ နေထိုင်ရန် အကြံပြုချက် ၆ ချက်

နှလုံးရောဂါနှင့် အတူ နေထိုင်ရာတွင် ရောဂါကို ထိန်းချုပ်ထားနိုင်ရန်နှင့် ကျန်းမာရေး တိုးတက်စေရန် ဘဝပုံစံ ပြင်ဆင်မှုများ လိုအပ်သည်။

နှလုံးရောဂါနှင့် အတူ နေထိုင်လာသည့် ကာလ ကြာလာလေ၊ သင်နှင့် ကိုက်ညီသည့် နည်းလမ်းများ ပိုမို ရှာဖွေတွေ့ရှိလာလေ ဖြစ်သည်။ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောရောဂါ၊ နှလုံးအားနည်းခြင်း သို့မဟုတ် အခြား နှလုံးရောဂါ တမျိုးမျိုးကို ထိန်းချုပ်နေသူဖြစ်ပါက ကျန်းမာရေး တိုးတက်စေရန် နည်းလမ်းများကို ကြုံတွေ့ပြီး ဖြစ်နိုင်သည်။

ဤလမ်းညွှန်တွင် နှလုံးရောဂါကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်နှင့် ကျန်းမာပြီး မျှတသည့် ဘဝနေထိုင်မှုပုံစံ ရရှိရန် အထောက်အကူဖြစ်စေမည့် လက်တွေ့အသုံးချနိုင်သော အကြံပြုချက် ၆ ချက်ကို တင်ပြထားသည်။ သင့်လျော်သည့် စောင့်ရှောက်မှုနှင့် စိတ်နေစိတ်ထားမှန်ကန်မှု ရှိပါက ယုံကြည်မှုဖြင့် ဆက်လက် နေထိုင်နိုင်သည်။

၁။ နှလုံးကျန်းမာရေးကောင်းစေသည့် အစားအစာကို ဦးစားပေးစားပါ

နှလုံးကို စောင့်ရှောက်ခြင်းသည် စားသောက်ပုံမှ စတင်သည်။ အစားအစာတွင် ပြောင်းလဲမှု အသေးစားများ ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါအန္တရာယ် လျော့နည်းစေနိုင်သည်။ တနေ့တည်းတွင် အကြီးအကျယ် ပြောင်းလဲရန် မလိုပါ။ နေ့စဉ် အနည်းငယ်ကောင်းမွန်သည့် ရွေးချယ်မှုများ ပြုလုပ်ပါ။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပိုစားပါ

ဤအစားအစာများတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝသဖြင့် သွေးဖိအား လျော့နည်းစေပြီး ကိုလက်စထရော မြင့်ခြင်းကို ထိန်းညှိပေးနိုင်သည်။ သင့်ပန်းကန်၏ တဝက်ကို သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များဖြင့် ဖြည့်ပါ။

အစေ့အနှံလုံးဝ (Whole Grains) ကို ရွေးချယ်ပါ

အဖြူမုန့်၊ အဖြူဆန် အစား ဆန်ညို၊ ဂျုံလုံးဝ ပန်စတာ စသည်တို့ကို ရွေးချယ်ပါ။ အမျှင်ဓာတ် ကြွယ်ဝသဖြင့် ကိုလက်စထရောဆိုးကို လျော့နည်းစေပြီး သွေးချိုထိန်းညှိပေးသည်။

အဆီနည်း ပရိုတိန်း စားပါ

အရေပြားမပါ ကြက်သား၊ ဆယ်လမွန်ကဲ့သို့ အဆီကောင်းပါ ငါးများ၊ ပဲမျိုးစုံ၊ တိုဖူး စသည်တို့ကို ရွေးချယ်ပါ။

အသေးစား ပြောင်းလဲမှုများ ပြုလုပ်ပါ

ဆား၊ အဆီပြည့်၊ trans fat၊ အဆီပြည့် နို့ထွက်ပစ္စည်းများ၊ အရက်နှင့် ချိုစွာထည့်သည့် သကြားများကို ကန့်သတ်ပါ။ ထောပတ်အစား သံလွင်ဆီ အသုံးပြုခြင်း၊ ဆားအစား ဟင်းခတ်အမွှေးအကြိုင် အသုံးပြုခြင်း စသည်တို့က ကောင်းမွန်သည့် အကျိုးရလဒ် ပေးနိုင်သည်။

၂။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ထည့်သွင်းပါ

ပုံမှန် လေ့ကျင့်ခန်းသည် နှလုံးကျန်းမာရေးအတွက် အလွန် အကျိုးရှိသည်။ သွေးဖိအား လျော့နည်းစေပြီး LDL ကိုလက်စထရော (ဆိုး) ကို လျော့ကာ HDL ကိုလက်စထရော (ကောင်း) ကို မြင့်တင်ပေးသည်။

တပတ်လျှင် အလယ်အလတ်အဆင့် လေ့ကျင့်ခန်း မိနစ် ၁၅၀ သို့မဟုတ် ပြင်းထန်လေ့ကျင့်ခန်း မိနစ် ၇၅ ပြုလုပ်ရန် ကြိုးစားပါ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စသည်တို့ကို နေ့စဉ်ဘဝထဲ ထည့်သွင်းနိုင်သည်။

လေ့ကျင့်ခန်းသည် စိတ်ဖိစီးမှု လျော့စေပြီး အိပ်စက်မှု ကောင်းမွန်စေသည်။

၃။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စောင့်ရှောက်ပါ

နှလုံးရောဂါနှင့် အတူ နေထိုင်ရာတွင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ကျခြင်း ဖြစ်နိုင်သည်။ စိတ်ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် ကိုယ်ခန္ဓာကျန်းမာရေးနှင့် တူညီအရေးကြီးသည်။

လိုအပ်ပါက အကြံပေးပညာရှင်နှင့် ဆွေးနွေးပါ။ ထောက်ခံရေးအဖွဲ့များနှင့် ချိတ်ဆက်ခြင်းကလည်း အထောက်အကူ ဖြစ်နိုင်သည်။

၄။ ဆေးလိပ်နှင့် vaping ရပ်ပါ

ဆေးလိပ်နှင့် တူသော တိုဘက်ကို ပစ္စည်းများကို ရပ်တန့်ခြင်းသည် နှလုံးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တခု ဖြစ်သည်။ နီကိုတင်းသည် စွဲလမ်းစေသည့် ဓာတ်ဖြစ်သော်လည်း အချိန်ကြာလာသည့်အခါ ဆန္ဒလျော့နည်းသွားသည်။

ရပ်ရန် ရက်သတ်မှတ်ပါ၊ လိုအပ်ပါက nicotine replacement အသုံးပြုနိုင်သည်။ ရုတ်တရက် ရပ်သည့် လက္ခဏာများ ယာယီသာ ဖြစ်သည်။

၅။ ဆရာဝန်ကို မေးရန် မေးခွန်းများ မှတ်သားထားပါ

ပုံမှန် စစ်ဆေးမှုများသည် နှလုံးအခြေအနေကို ထိန်းညှိနိုင်ရန် အရေးကြီးသည်။ သွေးဖိအား၊ ကိုလက်စထရော၊ သွေးချို စသည့် တန်ဖိုးများကို စောင့်ကြည့်ပါ။

ဆေးရုံသို့ သွားမီ မေးလိုသည့် အချက်များကို မှတ်သားထားပါ။ ဆေးဘေးထွက်လက္ခဏာများ ရှိပါက ပြောကြားပါ။

၆။ နှလုံးအရေးပေါ် လက္ခဏာများကို သိထားပါ

အောက်ပါ လက္ခဏာများ တွေ့ရပါက ချက်ချင်း ဆေးကုသမှု ရယူပါ —

ရင်ဘတ်နာခြင်း (Angina)

ကိုယ်ခန္ဓာတဝက် မေ့နေလာခြင်း

နှလုံးခုန်မမှန်ခြင်း

သွေးဖိအား အလွန်ကျဆင်းခြင်း

အသက်ရှူခက်ခြင်း

ပျို့အန်ခြင်း

အားနည်းခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း

စကားမရှင်းခြင်း သို့မဟုတ် လမ်းလျှောက်မနိုင်ခြင်း

ခြေထောက်ဖောင်းခြင်း

နှလုံးအရေးပေါ်ဖြစ်နေသည်ဟု သံသယရှိပါက ကိုယ်တိုင် မမောင်းဘဲ အရေးပေါ်အကူအညီကို ခေါ်ပါ။ အချိန်သည် အရေးကြီးသည်။

နားလည်နိုင်သူများနှင့် ဆွေးနွေးပါ

သင်နှင့် အလားတူ အခြေအနေရှိသူများနှင့် ဆက်သွယ်ခြင်းသည် စိတ်အားထုတ်ပေးနိုင်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ