အတွင်းဉာဏ်ရည်၏ ရင်းမြစ် ၇ မျိုး နှင့် ဖွင့်လှစ်အသုံးချနည်း
ခွဲခြားသိမြင်မှုသည် မှန် မမှန်၊ မှန်ကန် မမှန်ကန်၊ အမှန် အမှားကို ခွဲခြားသိနိုင်သော စွမ်းရည်ဖြစ်သည်။ အခြေအနေတခု၌ မည်သို့ ဆောင်ရွက်သင့်သည်ကို အတွင်းမှ သိမြင်စေပြီး မိမိထံ ရောက်ရှိလာသော အသိပညာကို ရှင်းလင်းစွာ ဆန်းစစ်၍ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်စေသည်။
ဖွံ့ဖြိုးတိုးတက်စေနည်း — အခြေအနေတခုကို သုံးသပ်စဉ် မိမိ၏ မြင့်မားသော ကိုယ်ရည်ကိုယ်သွေး (Higher Self) နှင့် ချိတ်ဆက်ပါ။ ပိုမို ဉာဏ်ပြည့်ဝ၍ မြန်ဆန်သော ဆုံးဖြတ်ချက်များ ချနိုင်ရန် ထိုမြင့်မားသော ကိုယ်ရည်ကိုယ်သွေးကို အသုံးပြုလေ့ကျင့်ခြင်းသည် ပထမခြေလှမ်းကောင်းတခု ဖြစ်သည်။
၂။ အတွင်းခံယူသိမြင်မှု (Intuition)
အတွင်းခံယူသိမြင်မှုကို “အူတွင်းသဘောခံစားချက်” ဟုလည်း ခေါ်ကြသည်။ ထိုသိမြင်မှုသည် အလွတ်သဘောဖြစ်တတ်ပြီး တခါတရံ မလုံခြုံသည့် အခြေအနေတွင် မသက်သာမှုအဖြစ် ပေါ်ပေါက်နိုင်သည်။ တခါတရံ အူတွင်းနာကျင်မှု သို့မဟုတ် နှလုံးခုန်တက်မှုအဖြစ်လည်း ခံစားရနိုင်သည်။ အချို့လူများတွင် ရုတ်တရက် အလင်းရောင်ပေါ်လာသကဲ့သို့ ရှင်းလင်းသိမြင်ခြင်း ဖြစ်တတ်သည်။ ထိုသိမြင်မှုသည် အရာတခု မှန်ကန်မနေကြောင်းကို သိစေသကဲ့သို့ နောက်ဆက်လုပ်ဆောင်သင့်သော လမ်းကိုလည်း သံသယမဲ့ လမ်းညွှန်ပေးတတ်သည်။
ဖွံ့ဖြိုးတိုးတက်စေနည်း — အသေးစိတ် အချက်အလက်သံလွင်များကို နားထောင်သင်ယူခြင်း ဖြစ်သည်။ လူများ၊ အခြေအနေများ၊ ဆုံးဖြတ်ချက်များအပေါ် နှလုံးသား၏ အသိပေးချက်ကို တန်ဖိုးထားသကဲ့သို့ ဉာဏ်၏ အချက်အလက်ကိုလည်း တန်ဖိုးထားရမည်။
၃။ နှလုံးသား (Heart)
နှလုံးသားကို ချစ်ခြင်းစွမ်းရည်အဖြစ်သာ ယူဆလေ့ရှိသော်လည်း ထိုထက် ပိုမို ကျယ်ဝန်းသည်။ ကရုဏာ၊ စာနာမှု၊ တဖက်လူ၏ ခံစားချက်ကို မိမိကဲ့သို့ ခံစားနိုင်စွမ်းတို့ကို ပေးစွမ်းနိုင်သည်။ အတွင်းငြိမ်းချမ်းမှုကိုလည်း ပေးစွမ်းနိုင်သည်။ ပေးကမ်းလိုသော နှလုံးသားသည် ပူနွေး၍ ကုသပေးနိုင်သော စွမ်းအားရှိပြီး အခြားသူများကို ကူညီရာတွင် လမ်းညွှန်ပေးနိုင်သည်။
ဖွံ့ဖြိုးတိုးတက်စေနည်း — နှလုံးသား၏ ဉာဏ်ရည် မလှုပ်ရှားနေပါက နားထောင်လိုစိတ်၊ လေ့ကျင့်လိုစိတ်၊ တိုးတက်လိုစိတ်တို့ကို နိုးထစေသင့်သည်။ လေ့ကျင့်မှုဖြင့် နေ့စဉ်ဘဝတွင် နှလုံးဖွင့်ထားသည့် ဘဝနည်းလမ်းကို အသုံးချနိုင်လာမည်။
၄။ အကြံဉာဏ်ပိုင်းဆိုင်ရာ စိတ် (Intellectual Mind)
အကြံဉာဏ်ပိုင်းဆိုင်ရာ စိတ်သည် အကြောင်းပြချက်ဖြင့် တွေးခေါ်နိုင်သော စွမ်းရည်ကို ပေးစွမ်းသည်။ ယခုဘဝတွင် သင်ယူခဲ့သည့် အတွေ့အကြုံများကို အသုံးချသကဲ့သို့ မသိသာစွာ ဖုံးကွယ်နေသော အသိပညာကိုလည်း နိုးထစေနိုင်သည်။
ဖွံ့ဖြိုးတိုးတက်စေနည်း — အသစ်သော ကျွမ်းကျင်မှုများကို လေ့လာစမ်းသပ်ခြင်းဖြင့် ဖုံးကွယ်နေသော စွမ်းရည်များကို ဖော်ထုတ်နိုင်သည်။
၅။ ကြိုးပမ်းစိတ် (Striving)
ကြိုးပမ်းစိတ်သည် နှလုံးသားမှ ပေါ်ထွန်းလာသော အပြုသဘော စွမ်းအားတခု ဖြစ်သည်။ ထိုစွမ်းအားကို မာနမှ ပေါ်ထွန်းသော ရည်မှန်းချက် (Ambition) နှင့် မရောထွေးသင့်ပါ။ မာနသည် ကိုယ်အကျိုးသာ ဦးစားပေးသော်လည်း ကြိုးပမ်းစိတ်သည် ကိုယ်တိုးတက်ရေးနှင့် ကမ္ဘာတိုးတက်ရေးအတွက် ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်စေနည်း — “ဤရည်မှန်းချက်ကို ကိုယ့်မာနအတွက် လိုက်စားနေသလား၊ သို့မဟုတ် ကိုယ့်ကိုယ်နှင့် ကမ္ဘာကို တိုးတက်စေရန်လား” ဟု မိမိကိုယ်ကို မေးမြန်းပါ။
၆။ ဆန္ဒ (Will)
ဆန္ဒအာဏာသည် ဝိညာဉ်ရေးခရီးတွင် မရှိမဖြစ် လိုအပ်သည်။ အတားအဆီးများကို ရင်ဆိုင်နိုင်စေသည်။ ခိုင်မာသော ဆန္ဒမရှိလျှင် တာဝန်တခုကို ပြီးမြောက်စေရန် ခက်ခဲသည်။ နှလုံးသား၊ ခွဲခြားသိမြင်မှု၊ အတွင်းခံယူသိမြင်မှုတို့နှင့် ပေါင်းစပ်အသုံးပြုရမည်။
ဖွံ့ဖြိုးတိုးတက်စေနည်း — အသစ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် နှောင့်နှေးနေသည့် အလေ့အထ ရှိ မရှိ သတိပြု၍ မိမိ၏ မြင့်မားသော ကိုယ်ရည်ကိုယ်သွေးနှင့် ပူးပေါင်း၍ ကျော်လွှားပါ။
၇။ ဖန်တီးနိုင်စွမ်း (Creativity)
ဖန်တီးနိုင်စွမ်း မရှိလျှင် ဘဝသည် မီးခိုးရောင်၊ မျှော်လင့်ချက်မဲ့ ဖြစ်လာသည်။ ဖန်တီးနိုင်စွမ်းကို အနုပညာနှင့်သာ ဆက်စပ်ယူဆလေ့ရှိသော်လည်း မည်သည့် လုပ်ငန်းမဆို အသုံးချနိုင်သည်။ ထိုစွမ်းရည်သည် ပျော်ရွှင်မှု၏ ရင်းမြစ်တခု ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်စေနည်း — ပန်းချီရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းရေးခြင်း စသည့် ဖန်တီးမှုလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် စွမ်းရည်ကို နိုးထစေနိုင်သည်။ နေ့စဉ်လုပ်ငန်းများတွင်လည်း ဖန်တီးနည်းအသစ်များကို စမ်းသပ်ကြည့်ပါ။
Higher Self Yoga Editors
https://www.higherselfyoga.org/articles/the-7-sources-of-inner-wisdom-and-how-to-unlock-them?Z9nCaGge39
ဒေါက်တာတင့်ဆွေ
Comments
Post a Comment