လှုပ်ရှားမှုမမှန်ရောဂါများကို သက်သာစေသော အကောင်းဆုံး အစားအစာအစီအစဉ်
tardive dyskinesia (TD) သည် စိတ်ရောဂါဆိုင်ရာ ဆေးများ သောက်သုံးပြီးနောက် ဖြစ်ပေါ်နိုင်သော လှုပ်ရှားမှုမမှန်ရောဂါ တခု ဖြစ်သည်။ မိမိမထိန်းချုပ်နိုင်သော လှုပ်ရှားမှုများ၊ လက်ခုပ်ကန့်ခြင်း၊ မျက်နှာအကြွင်းအကျန် လှုပ်ရှားမှုများ စသဖြင့် ဖြစ်ပေါ်နိုင်သည်။
(၂) ဦးနှောက်အတွင်း ဖြစ်ပေါ်သော ပြောင်းလဲမှုများ
dopamine receptor ပိတ်ဆို့မှု
oxidative stress နှင့် free radical ပျက်စီးမှု
အာရုံကြော အချက်ပြ လမ်းကြောင်း မတည်ငြိမ်မှု
ယင်းတို့ကြောင့် လှုပ်ရှားမှု မထိန်းနိုင်ခြင်း ဖြစ်ပေါ်သည်။
(၃) အစားအစာ၏ အရေးပါမှု
ဆေးပြောင်းခြင်းတခုတည်း မလုံလောက်ပါ။
ရောင်ရမ်းမှု လျော့နည်းစေသော၊ dopamine ကို ထောက်ပံ့ပေးသော အစားအစာများသည် လက္ခဏာ လျော့နည်းစေရာတွင် အရေးပါသည်။
သိပ္ပံလေ့လာချက်တချို့အရ ၆ လအတွင်း လက္ခဏာ ၂၀–၃၀ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်သည်။
(၄) အဓိက အာဟာရဓာတ်များ
(က) Omega-3 အဆီအက်စစ်များ
ဆော်လမွန်၊ ဆာဒင်ငါး ကဲ့သို့သော ငါးများ
flaxseed
walnut သစ်ကြားသီး
avocado ထောပတ်သီး
ပဲစေ့နှင့် သစ်စေ့များ
အကျိုးကျေးဇူး — ဦးနှောက်ရောင်ရမ်းမှု လျော့နည်းစေသည်။
(ခ) Folate နှင့် B ဗီတာမင်များ
kale ကဲ့သို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ပဲမျိုးစုံ
အကျိုးကျေးဇူး — အာရုံကြောလမ်းကြောင်းများကို ကာကွယ်ပေးသည်။
(ဂ) Vitamin E
သစ်စေ့များ
အခွံမာသီးများ
အကျိုးကျေးဇူး — မလိုလားအပ်သော လှုပ်ရှားမှုများ လျော့နည်းစေသည်။
(ဃ) Antioxidant များ
ဘယ်ရီသီးများ
tart cherry ချယ်ရီသီး
အကျိုးကျေးဇူး — အိပ်စက်ရေး ကောင်းမွန်စေပြီး လှုပ်ရှားမှု မမှန်မှု လျော့နည်းစေသည်။
(၅) လက်တွေ့ အစားအစာ အကြံပြုချက်
Flaxseed Smoothie
flaxseed အမှုန့် ဇွန်းတဇွန်း
ငှက်ပျောသီးတလုံး
almond milk ဗာဒံနို့
spinach ဟင်းနုနွယ်
ginger ချင်း(ဂျင်း) အနည်းငယ်
နေ့စဉ် နှစ်ကြိမ် သောက်နိုင်သည်။
ဝမ်းဗိုက် မအဆင်ပြေပါက chia seed ဖြင့် အစားထိုးနိုင်သည်။
(၆) အချိုးအစားနှင့် ထိန်းညှိမှု
ဟင်းသီးဟင်းရွက်ကို အဓိကထားစားသုံးပါ
တိရစ္ဆာန်ပရိုတင်းကို အလယ်အလတ်သာ စားပါ
အစွန်းရောက် အစားအစာစနစ် မလိုအပ်ပါ
အကျဉ်းချုပ်
TD သည် ဦးနှောက်အတွင်း dopamine လမ်းကြောင်း မတည်ငြိမ်မှုနှင့် oxidative stress ကြောင့် ဖြစ်ပေါ်သည်။ ဆေးကုသမှုနှင့်အတူ omega-3၊ B ဗီတာမင်၊ folate နှင့် antioxidant များ ကြွယ်ဝသော အစားအစာများ စားသုံးခြင်းသည် လက္ခဏာ လျော့နည်းစေရာတွင် အထောက်အကူ ဖြစ်နိုင်သည်။ အစားအစာကို စနစ်တကျ ပြောင်းလဲခြင်းသည် ဆေးပညာကုသမှုကို ထောက်ပံ့ပေးနိုင်သော အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment