Carfentanyl ဆင်ဖြူတော် မူးယစ်ဆေး
မြန်မာပြည်မှာ အရင်ကတော့ ကြီးကျယ်တာကို ဆင်လို့ခေါ်ကြတယ်။ စစ်အစိုးရတက်တော့ ဆင်ဖြူတော်ဖြစ်လာတယ်။ အရင်က အသီးတွေကြီးရင် ဘင်္ဂလားမျိုးလို့ခေါ်ကြတယ်။ စစ်အစိုးရတက်တော့ ဘင်္ဂါလီနဲ့ မှားကုန်ရော။ အခုဆေးသစ်ကို ဆင်ဖြူတော်မူးယစ်ဆေးလို့ နာမည်ပေးရမလားမသိ။ ဆင်တုပ်ကွေးကို ဆင်ဖြူတော်တုပ်ကွေးလို့ ကျွန်တော်က နာမည်ပေးထားတယ်။
မူးယစ်ဆေးသစ်ဟာ Morphine မော်ဖိန်းထက် အဆတသောင်း ပြင်းတယ်။ ဆေးအမည်က Carfentanyl ကာဖင်တနိုင်းလ်ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာလုပ်ထားတဲ့ ဘိန်းတမျိုးပါပဲ။ ဆင်လို တိရစာ္ဆန်အကြီးစားတွေကို မေ့ဆေးအဖြစ်သုံးနိုင်တယ်။ သြစတေးလျမှာ မနှစ်ကတည်းကဖမ်းဆီးမိခဲ့တယ်။ ယူအက်စ်ဆေးဝါး အာဏာပိုင်တွေက သေစေနိုင်တဲ့အထိ ပြင်းတယ်လို့ ထုတ်ပြန်ထားပါတယ်။ သြစတေးလျ ကွင်းစလင်း လုံခြုံရေးဝန်ကြီး မာ့ခ် ရိုယင်က ဒီဆေး 0.002mg ပေးတာနဲ့ သေစေနိုင်တယ်လို့ ဆိုပါတယ်။
ကာဖင်တနိုင်းလ်ဆေးကို တရုပ်ပြည်မှာထုတ်လုပ်တယ်။ သူတို့ဆီမှာ ပြီးခဲ့တဲ့အပတ်အထိ တားမြစ်ဆေးမဟုတ်ဘူး။ အခုမှ ယူအက်စ်ကနေ လော်ဘီလုပ်တော့မှ အဲဒီဆေးနဲ့ တခြား ဆေး ၃ မျိုးတို့ကို တားမြစ်လုပ်လိုက်တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အေပီသတင်းအရ တရုပ်ဆေးကုမ္ပဏီ ၁၂ ခုကနေ အဲဒီဆေးတွေ ထုတ်လုပ်ရောင်းချနေတာ သိရတယ်။ (၁) ကီလိုဂရမ်ကို $2,750 (£2,200) သာပေးရတယ်။ ဈေးအလွန်ချိုတယ်။
ကာဖင်တနိုင်းလ်ဆေးဟာ Fentanyl ဖင်တနိုင်းလ်ဆေးထက် အဆတရာ (တစ်ရာ မဟုတ်) ပြင်းတယ်။ ထိကိုင်တာနဲ့ သေစေနိုင်တယ်။ ဆေးမှုံ့၊ ဆေးပြား၊ ပန်းဆေးအနေနဲ့လာတယ်။
ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၁၇
Comments
Post a Comment