Children’s personality traits ကလေးတွေ သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က

သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် သက်ရောက်တယ်။

ကလေးဘဝက ကိုယ်ရည်ကိုယ်သွေးလက္ခဏာများဟာ ရေရှည်သက်ရောက်မှုရှိပြီး လူကြီးဘဝရဲ့ သုခချမ်းသာမှုကို ပုံဖော်သတ်မှတ်ပေးနိုင်တယ်။ အထူးသဖြင့် ကလေးဘဝမှာရှိခဲ့တဲ့ တာဝန်ယူနိုင်စွမ်း၊ စည်းကမ်းလိုက်နာနိုင်စွမ်း (conscientiousness) တွေကနေ လူကြီးဘဝရဲ့အခြေခံအချက်တွေဖြစ်တဲ့ ကျန်းမာရေး၊ လူမှုဆက်ဆံရေးနဲ့ ကိုယ်ပိုင်စွမ်းရည်တိုးတက်မှုတို့အပေါ် အရေးပါတဲ့ သက်ရောက်မှု ရှိပါတယ်။

လက်ရှိ သုတေသနများအရ အစောပိုင်း ကိုယ်ရည်ကိုယ်သွေးလက္ခဏာများက ဘဝလမ်းကြောင်းအချို့ကို မည်သို့ စတင်ပုံဖော်စေပြီး ဆက်လက်ထိန်းသိမ်းစေသနည်း ဆိုတဲ့ ယန္တရားတွေကို လေ့လာဆန်းစစ်လျက် ရှိပါတယ်။ အဲဒီယန္တရားတွေ ဖွံ့ဖြိုးတိုးတက်မှုအရေးပါတဲ့ အချိန်ကာလများအတွင်း အလုပ်လုပ်နိုင်တဲ့ အလယ်ခံ (mediating) နှင့် ထိန်းညှိ (moderating) ယန္တရားတွေ ပါဝင်နိုင်သလို အချိန်ကြာလာတာနဲ့အမျှ စုပေါင်းတိုးတက်လာတဲ့ သက်ရောက်မှုများလည်း ပါဝင်နိုင်ပါတယ်။

ဆက်လက်ပြီး သုတေသနတွေလုပ်တဲ့အခါ အထူးသဖြင့် တာဝန်ယူနိုင်စွမ်း (conscientiousness)၊ အလိုဆန္ဒကို ချက်ချင်း လိုက်နာတဲ့သဘောထား (impulsiveness) နဲ့ ကိုယ်ကိုထိန်းချုပ်နိုင်စွမ်း (restraint) တို့ရဲ့ သဘောသဘာဝနဲ့ လည်ပတ်လုပ်ဆောင်နိုင်တဲ့ ယန္တရားတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်ရန် လိုအပ်ပါတယ်။

ဘဝအဆင့်အမျိုးမျိုးကို လေ့လာထားတဲ့ သုတေသနများရဲ့ ရလဒ်တွေကို ပေါင်းစည်းလိုက်ရင် အနာဂတ်မှာ ကလေးဘဝရဲ့ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေကနေ လူကြီးဘဝရလဒ်များအထိ ဆက်သွယ်နေတဲ့ လမ်းကြောင်းတလျှောက်လုံးနဲ့ လက်အောက်ခံယန္တရားတွေကို အပြည့်အဝ ပြန်လည်တည်ဆောက် နားလည်နိုင်လာမှာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁၃ ရက်ဟာ မြန်မာနိုင်ငံ ကလေးများနေ့ဖြစ်ပါတယ်။ ကလေးတွေကို ငယ်စဉ်က သူတို့ကြီးပြင်းနေကြရတဲ့ ဝန်းကျင်ကနေ သူတို့ရဲ့ အနာဂတ်ဘဝတွေကို လွှမ်းမိုးနေပါတယ်။ 

ကလေးတွေကို ပိုမိုဂရုစိုက်ပေးသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ