Country Doctor တောဆရာဝန်
မက်ဆေ့ချ်တခု = ကျွန်တော် ကျောင်းသားဘဝ မန္တလေး အရှေ့ဘက် ကျွဲနဖားကနေ မြစ်အတိုင်း ဆန်တက်ပြီး မိုးမခ ကို ရွှေကျင် သွား။ ပြန်လာ။ ငှက်ဖျားမိ ဆေးရုံ တက်။ မြို့သာ ဆေးရုံမှာ ဆရာတာဝန်ကျ။ ဆရာက ပုလဲက လို့ သိရ နေကောင်းကြပါစေသတည်း။
ပြန်စာ
ကျွန်တော်က ဆရာဝန်ဖြစ်ခါ။ ခေတ်ကလည်း မဆလ။ အစစအရာရာရှားတယ်။
ပညာတွင်းကလည်း နက်တယ်။ ဆေးရုံတွေမှာလည်း လူသုံးကုန်ပစ္စည်းတွေလိုဘဲ ခွဲတမ်းနဲ့ ဆေးရတယ်။
၁၆ ကုတင်ဆံ့ဆေးရုံလေးမှာ လူနာ ၃၀-၄၀ လာတက်တော့ ဆေးက မလောက်။
ရန်ကုန်လေဟာပြင်မှောင်ခိုဈေးနဲ့ မန္တလေးဈေးချို အားကိုးခဲ့ရတယ်။
ငှက်ဖျားပိုးက အဲဒါတွေကို မသိ။ မကြည့်။ တောဆရာတွေက လက်တည့်စမ်းသလိုကုသပေးရတယ်။
လူနာ့ကံတရားနဲ့ ဆရာဝန်ကံ စပ်ရင်တော့ ရောဂါပျောက်ပါတယ်။
မရှိရှိတာ၊ မသိသိတာနဲ့ ဖြစ်မလိုသာ ကုသပေးခဲ့ရတဲ့အတွက် တောနယ်တွေက လူနာတွေကို ပြန်လည်တောင်းပန်အပ်ပါတယ်။
နေကောင်း ကျန်းမာကြစေသတည်း။
အရင်က ရှားပါး၊ ခက်ခဲကြမ်းတမ်းရာကနေ အခုတော့ ဘာမဆိုလိုတာရတဲ့ခေတ်။ လွယ်ကူကြမ်းတမ်းတဲ့ခေတ်။
Country Doctor • W. Eugene Smith
ဒေါက်တာတင့်ဆွေ
Comments
Post a Comment