February is National Cancer Prevention Month

ဖေဖော်ဝါရီလသည် အမျိုးသား ကင်ဆာကာကွယ်ရေးလ ဖြစ်ပြီး lavender-ribbon-marked initiative လာဗင်ဒါဖဲကြိုးဖြင့် သင်္ကေတပြုထားသော အရေးကြီး လှုပ်ရှားမှုတရပ် ဖြစ်သည်။ ဤလှုပ်ရှားမှုသည် အသိပညာပေးခြင်း၊ လူနေမှုပုံစံ ပြောင်းလဲခြင်းနှင့် သိပ္ပံဆိုင်ရာ တိုးတက်မှုများမှတဆင့် ကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့နည်းစေရန် ရည်ရွယ်သည်။ ကင်ဆာရောဂါ၏ ရာခိုင်နှုန်း ၅၀ နီးပါးသည် ကာကွယ်နိုင်နိုင်ကြောင်း သက်သေများရှိသဖြင့် ဤလတွင် ကင်ဆာ မစတင်မီ ကာကွယ်နိုင်ရေးအတွက် ကျန်းမာသော အစာစားခြင်း၊ ဆေးလိပ် ရပ်နားခြင်းနှင့် အစောပိုင်း စစ်ဆေးခြင်းတို့ကို အလေးထား တိုက်တွန်းသည်။

ကင်ဆာကာကွယ်ရေးလ၏ အဓိက အချက်များ

Preventable Risk Factors ကာကွယ်နိုင်သော အန္တရာယ်အကြောင်းရင်းများ

ကင်ဆာရောဂါ၏ ခန့်မှန်း၍ ရာခိုင်နှုန်း ၄၀ မှ ၅၀ အထိသည် ပြောင်းလဲထိန်းချုပ်နိုင်သော အကြောင်းရင်းများနှင့် ဆက်နွယ်နေသည်။

Lifestyle Changes လူနေမှုပုံစံ ပြောင်းလဲမှု

ကာကွယ်ရေးအတွက် အရေးပါသော လုပ်ဆောင်ချက်များမှာ —

ဆေးလိပ် မသုံးခြင်း

အရက် သောက်သုံးမှု ကန့်သတ်ခြင်း

ကိုယ်အလေးချိန် သင့်တင့် ထိန်းသိမ်းခြင်း

အာဟာရဓာတ် ကြွယ်ဝသော အစားအစာ စားသုံးခြင်း

နေရောင်ကာကွယ်မှု ပြုလုပ်ခြင်း

Early Detection အစောပိုင်း တွေ့ရှိခြင်း

ပုံမှန် စစ်ဆေးခြင်းများ (ဥပမာ — ရင်သားဓာတ်မှန် စစ်ဆေးခြင်း၊ အူမကြီး ကြည့်မှန်စစ်ဆေးခြင်း) သည် အရေးကြီးသည်။ အစောပိုင်း တွေ့ရှိပါက ကုသနိုင်မှု အလားအလာ မြင့်မားသည်။

သိပ္ပံသုတေသန

American Association for Cancer Research (AACR) ကဲ့သို့ အဖွဲ့အစည်းများသည် လူနေမှုပုံစံ၊ ဇီဝဗေဒနှင့် ပတ်ဝန်းကျင်အကြောင်းရင်းများ ကင်ဆာအပေါ် သက်ရောက်ပုံကို လေ့လာတိုးတက်စေပြီး အစောပိုင်း ဝင်ရောက်ကာကွယ်ရေး မဟာဗျူဟာများ ဖန်တီးလျက်ရှိသည်။

လက်တွေ့ လိုက်နာနိုင်သော အကြံပြုချက်

Nevada Cancer Coalition က နေ့စဉ် အသေးစားသော်လည်း ဆက်လက်ထိန်းသိမ်းနိုင်သော ရွေးချယ်မှုများကို အလေးထားလုပ်ဆောင်ရန် အကြံပြုထားသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် “ကာကွယ်နိုင်သည်” ဟူသော စာရင်းအင်းကို ကိုယ်ပိုင် လက်တွေ့ လုပ်ဆောင်မှုအဖြစ် ပြောင်းလဲနိုင်သည်။

ကင်ဆာကာကွယ်ရေးသည် သီးခြားလတခုအတွက်သာ မဟုတ်ဘဲ နေ့စဉ်အသက်တာအတွင်း ဆက်လက် လိုက်နာရမည့် ကျန်းမာရေး တာဝန်တရပ် ဖြစ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ