Foods For Chemo Patients ကင်မိုသာရာပီ ခံယူနေစဉ် အာဟာရစားသုံးမှု

ကင်ဆာလူနာများ ကင်မိုသာရာပီ ခံယူနေစဉ်တွင် ပရိုတိန်းမြင့်၊ ကယ်လိုရီမြင့် အစားအစာများ ကို ဦးစားပေးစားသုံးသင့်ပါသည်။

ဤသို့စားသုံးခြင်းဖြင့် ကိုယ်ခန္ဓာအားအင်ကို ထိန်းသိမ်းနိုင်ပြီး ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးကာ ကုသမှုကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေနိုင်ပါသည်။

မှတ်ပုံတင်ထားသော အာဟာရပညာရှင် (registered dietitian) တဦးနှင့် တိုင်ပင်ပါက ကိုယ်ပိုင်အခြေအနေအလိုက် အာဟာရအစီအစဉ်ကို စနစ်တကျ ပြုလုပ်ပေးနိုင်ပါသည်။

စားသုံးသင့်သော အစားအစာများ

ပရိုတိန်း အရင်းအမြစ်များ

အဆီနည်း အသားများ — ကြက်သား၊ ငါး၊ တာကီသား

ကြက်ဥ (ကောင်းစွာ ချက်ပြုတ်ပြီးသား)

အဆီနည်း နို့ထွက်ပစ္စည်းများ — ယိုဂတ်(ဒိန်ချဉ်)၊ cottage cheese (ဒိန်ခဲ)

အပင်အခြေခံ ပရိုတိန်းများ — ပဲမျိုးစုံ၊ အခွံမာသီးများ၊ အစေ့များ၊ တိုဖူး

ကျန်းမာရေးအတွက် အဆီများ

Monounsaturated နှင့် polyunsaturated fats

အာဗိုကာဒို(ထောပတ်သီး)၊ သံလွင်ဆီ (olive oil)၊ ဝေါလနပ်စေ့

ဤအဆီများသည် ရောင်ရမ်းမှုကို လျော့နည်းစေပြီး လိုအပ်သော ကယ်လိုရီကို ဖြည့်ဆည်းပေးပါသည်။

အဆင့်မြင့် ကာဘိုဟိုက်ဒရိတ်နှင့် အမျှင်ဓာတ်

အနည်းဆုံးသာ ပြုပြင်ထားသော အစားအစာများ —

oatmeal အုတ်စပါး၊ အပြည့်အစုံ ဂျုံပေါင်မုန့်၊ အညိုဆန်၊ ဂျုံအပြည့် ပတ်စတာ

ဤအစားအစာများတွင် အမျှင်ဓာတ်ပါဝင်ပြီး အူလမ်းကြောင်း ကျန်းမာရေးနှင့် စွမ်းအင်ကို ဆက်လက်ပံ့ပိုးပေးပါသည်။

အသီးအရွက်များနှင့် ဟင်းသီးဟင်းရွက်များ

အရောင်စုံ အသီးအရွက်များ —

စတော်ဘယ်ရီ၊ ဘရိုကိုလီ၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥ စသည်

ဗီတာမင်၊ သတ္တုဓာတ်နှင့် အောက်စီဒန့်များ ကြွယ်ဝပါသည်။

စားသုံးမီ သန့်စင်အောင် ကောင်းစွာ ဆေးကြောရပါမည်။

ရေဓာတ်ဖြည့်ဆည်းပေးသော အရည်များ

ရေ

ဟင်းရည်၊ ဖျော်ရည်များကို ရေနှောထားသော အရည်

အုန်းရည်

ဆေးဖက်ဝင် လက်ဖက်ရည်များ — ဂျင်း၊ ပူဒီနာရွက်

(ရေဓာတ်ဖြည့်ပေးပြီး အန်ချင်စိတ်ကို လျော့စေနိုင်ပါသည်)

အာဟာရဖြင့် ဘေးထွက်ဆိုးကျိုးများကို ကိုင်တွယ်ခြင်း

ကင်မိုသာရာပီ၏ ဘေးထွက်ဆိုးကျိုးများကြောင့်

စားသောက်ရခက်ခဲလာနိုင်သော်လည်း

အစားအသောက် ပြင်ဆင်ခြင်းဖြင့် ကူညီနိုင်ပါသည်။

မူးဝေခြင်း / အန်ခြင်း

အဆီနည်းပြီး အရသာပေါ့သော အစားအစာများကို

အနည်းအကျဉ်းစီ မကြာခဏ စားပါ

ဂျင်းလက်ဖက်ရည် သို့မဟုတ် ဂျင်းသကြားလုံးများ ကူညီနိုင်ပါသည်

အနံ့ပြင်းသော အစားအစာများနှင့် အလွန်ပူသော အစားအစာများကို ရှောင်ပါ

ပါးစပ်အနာ / အစာမျိုခက်ခြင်း

နူးညံ့ပြီး မရင့်သော အစားအစာများ —

ယိုဂတ်(ဒိန်ချဉ်)၊ ဖျော်ရည်ပေါင်း (smoothies)၊ အာလူးပွဲ၊ ကြက်ဥမွှေ

ဟင်းရည် သို့မဟုတ် အရည်များဖြင့် အစာကို စိုစွတ်အောင်လုပ်ပါ

အချဉ်၊ စပ်၊ ခြောက်သွေ့ကြမ်းသော အစားအစာများကို ရှောင်ပါ

ဝမ်းချုပ်ခြင်း

အမျှင်ဓာတ်မြင့် အစားအစာများ —

ဂျုံအပြည့်အစားအစာများ၊ အသီးအရွက်များ၊ ဟင်းသီးဟင်းရွက်များ၊ ပဲများ

ရေများများ သောက်ပါ

မနက်ခင်း အပူရည်သောက်ခြင်းလည်း ကူညီနိုင်ပါသည်

ဝမ်းလျှောခြင်း

အမျှင်ဓာတ်နည်းပြီး အရသာပေါ့သော အစားအစာများ —

ငှက်ပျောသီး၊ ဆန်ဖြူ၊ ပန်းသီးပျော့၊ ပေါင်မုန့်ကင် (BRAT diet)

အီလက်ထရိုလိုက် (ဓါတ်ဆား) ပါဝင်သော အရည်များကို မကြာခဏ သောက်ပါ

အရသာပြောင်းလဲခြင်း

အနီရောင် အသားများတွင် သံအနံ့ကဲ့သို့ ခံစားရပါက

ကြက်သား၊ ငါး သို့မဟုတ် အပင်အခြေခံ ပရိုတိန်းများ(ပဲမျိုးစုံ)ကို စမ်းပါ

ပါးစပ်အနာ မရှိပါက ဟင်းသီးဟင်းရွက်၊ အနံ့အရသာပစ္စည်းများ၊

marinade များဖြင့် အရသာ ပြောင်းလဲနိုင်ပါသည်

ရှောင်ကြဉ်သင့်သော အစားအစာများ

ကုသမှုကာလအတွင်း ကိုယ်ခံအားစနစ် အားနည်းလာခြင်းကြောင့် အစာအဆိပ်သင့်ရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာပါသည်။

ထို့ကြောင့် အောက်ပါအစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။

မချက်ပြုတ်သေးသော သို့မဟုတ် မပြည့်စုံစွာ ချက်ထားသော

အသား၊ ကြက်သား၊ ငါး၊ ကြက်ဥ

နို့နှင့် နို့ထွက်ပစ္စည်းများ

ချက်မထားသော အညှောက်ပေါက်များ (ပဲပေါက်)

ကိုယ်တိုင်ယူစားရသော လမ်းဘေးစားသောက်ဆိုင်များ

အဆီများလွန်းသော၊ ကြော်ထားသော၊ အလွန်ပြုပြင်ထားသော

အာဟာရတန်ဖိုးနည်း အစားအစာများ

အစားအသောက်ကို အကြီးအကျယ် ပြောင်းလဲမီ သို့မဟုတ် အာဟာရဖြည့်စွက်ဆေးများ ထည့်သွင်းသုံးစွဲမီ ကုသရေးအဖွဲ့ သို့မဟုတ် အာဟာရပညာရှင်နှင့် အမြဲတိုင်ပင်ပါ။

ကုသမှုအစီအစဉ်ကို မထိခိုက်စေရန် အလွန်အရေးကြီးပါသည်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကင်ဆာကိုကျော်လွှားနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ