Lead Toxicity ခဲဆိပ်သင့်ခြင်း
ခဲဆိပ်သင့်ခြင်းကို အများဆုံးဖြစ်စေတာက သုတ်ဆေးကနေဖြစ်တယ်။ အဆောက်အဦဟောင်းတွေကဖြစ်တယ်။ လုပ်ငန်းလုပ်ရာနေရာတွေမှာလည်း ခဲဓါတ်တွေရှိနေနိုင်တယ်။ ရေ၊ အစားအသောက်၊ အသုံးအဆောင်တွေမှာ ခဲဓါတ် ပါနေနိုင်တယ်။ ထုတ်ကုန်တွေ၊ အလှအပသုံးပစ္စည်းတွေမှာလည်းပါနိုင်တယ်။
မြေကြီး၊ လေထဲနဲ့ ရေထဲမှာ ခဲဓါတ်ပါနေနိုင်တယ်။ ခဲမိုင်းတွေနဲ့နီးရာမှာ ပိုသိသာတယ်။
ယူအက်အေမှာ ၁၉၇၈ အရင်ကဆောက်ခဲ့တဲ့အဆောက်အဦးတွေမှာ ၈၃% ကနေ ၈၆% ခဲဓါတ်တွေပါနေခဲ့တယ်။ အိမ်ဟောင်းလေ များလေ။ သုတ်ဆေးတွေထဲမှာပါတာဖြစ်ပါတယ်။ ခဲနဲ့လုပ်ထားတဲ့ရေပိုက်၊ ပိုက်ခေါင်းတွေကြောင့် သောက်ရေထဲမှာ ပါနေမယ်။ ရေကိုပွက်အောင်လုပ်ပေမယ့် ခဲဓါတ်ကပျက်မသွားပါ။ အစားအသောက်မှာ ထုတ်လုပ်မှုဖြစ်စဉ်၊ ထုပ်ပိုးစရာတွေ၊ သိုလှောင်စရာတွေကတဆင့်ခဲဓါတ်ပါနိုင်တယ်။
မြေဆီလွှာကတဆင့် သစ်မြစ် သစ်ဥတွေထဲမှာပါနေနိုင်တယ်။ ပတ်ဝန်းကျင်ကနေတဆင့် သစ်ရွက်တွေမှာပါနေနိုင်တယ်။
ခဲဓါတ်ပါတဲ့သိုလှောင်စရာထဲမှာ ထည့်ထားရာကနေ စားသောက်စရာတွေမှာ ပါလာနိုင်တယ်။ ကြွေခွက် စဉ့်ခွက်တွေမှာ ပါနိုင်တယ်။ အရက်နဲ့ ဝိုင်တွေမှာ ပါတတ်တယ်။ တချို့သွားရည်စာတွေမှာပါတယ်။ ကယ်လ်စီယမ်ဆေးမှာပါတယ်။ ဘက်ထရီ၊ ကွန်ပြူတာ၊ လက်ဝတ်ရတနာ၊ အိုးခွက်တွေမှာပါတယ်။ ဗက်ထရီစက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ ရာဘာလုပ်ငန်း၊ သံမဏိဂဟေဆော်လုပ်ငန်း၊ ခဲဂဟေဆော်ခြင်း၊ တံတားလုပ်ငန်း၊ မြူနီစပယ်လုပ်ငန်း၊ ရေတိုင်ကီလုပ်ငန်းတွေကနေ ခဲဆိပ်သင့်နိုင်တယ်။
ယူအက်စ်အေကိုသွင်းတဲ့ မက်ဆီကို၊ အာရတ်နိုင်ငံတွေနဲ့ အာရှတိုက်က စားကုန်သောက်ကုန် လူသုံးကုန်တွေမှာ ပါနေကြောင်း စာရင်းထုတ်ပြန်ထားတယ်။
မက်ဆီကို = Alarcon, coral, liga, Maria Luisa, rueda
အာရှတိုက် = ba-baw-san, bali goli, chuifong, ghasard, kandu, tokuwan
အရှေ့အလယ်ပိုင်း = Alkohl, cebagin, saoott
ခဲဆိပ်သင့်နေ မနေကို သွေးထဲမှာ ဘယ်လောက်များနေသလဲစစ်ရတယ်။ လူကြီးတွေမှာ 10 µg/dl (10 µg/100 g) နဲ့ ကလေးတွေမှာ 5 µg/dl ထက်မများသင့်။ အရိုးကို ဓါတ်မှန်ရိုက်ရင် မတူတာတွေ့မယ်။ သွေးနီဥတွေမူမမှန်တာတွေ့မယ်။
ခဲဆိပ်သင့်ရင် အဆိုးဆုံးက ဦးနှောက်ကိိုခိုက်စေတယ်။ ဗိုက်နာမယ်။ ဝမ်းချုပ်မယ်။ ခေါင်းကိုက်မယ်။ မှတ်ဉာဏ်နည်းမယ်။ ကလေးမရ ဖြစ်နိုင်တယ်။ ခြေ-လက်ထုံကျင်မယ်။ အမူအယာပြောင်းမယ်။ စိတ်ဓါတ်ကျမယ်။ ဗိုက်နာမယ်။ စားချင်စိတ်နည်းမယ်။ ပျို့အန်မယ်။ ဝမ်းပျက်မယ်။ ကြွက်သားတွေနာမယ်။ မအီမသာဖြစ်မယ်။ အားကုန်မယ်။ လိင်စိတ်နည်းမယ်။ အိပ်ရေးပျက်မယ်။ အရသာပျက်မယ်။ ဆိုးရင် သွေးအားနည်းမယ်။ တက်မယ်။ သတိလစ်မယ်။ သေဆုံးမယ်။ 50–60 μg/dL ထက်များမှ ခံစားရတာတွေပေါ်တယ်။
ကလေးတွေမှာ ခဲဓါတ်ပါဆိုးဆေးတွေနဲ့လုပ်တဲ့ကစားစရာတွေကို ပါးစပ်ထဲထည့်ရာကနေဖြစ်နိုင်တယ်။
ကုသရာမှာ ခဲဓါတ်ရတာတွေကနေ ရှောင်ရှားရမယ်။ Chelation therapy ကုသနည်းလုပ်တယ်။ ကလေးတွေမှာ 40-45 ug/dl ထက်များရင် ကုသရမယ်။ dimercaprol, edetate calcium disodium နဲ့ succimer ဆေးတွေပေးတယ်။
ဆင်ခြင်စရာမှန်သမျှကို ပြုပြင်သင့်ပါတယ်။ ရောင်းကုန်၊ သုံးကုန်တွေမှာ အဆိပ်သင့်တာမပါအောင် သတိထားကြပါ။
ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၁၇
Lead Toxicity (ခဲဆိပ်သင့်ခြင်း) မြန်မာပြည်တွင် လေ့လာသုတေသန ရှိပါသလား။
AI
အဖြေချုပ် — ရှိပါသည်။ သို့သော် နိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်သည့် သွေးထဲခဲပါဝင်နှုန်း (Blood Lead Level) စစ်တမ်းကြီးများ သာမန်ပြည်သူအစုအဝေးအပေါ် အစီအစဉ်တကျ လုပ်ဆောင်ထားခြင်း များမကြီးသေးပါ။ လက်ရှိတွင် ရှိသော သုတေသနများသည် အထူးသဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့မှု နှင့် အလုပ်အကိုင်ဆိုင်ရာ ထိတွေ့မှု အပေါ် အာရုံစိုက်ထားခြင်း ဖြစ်သည်။
📚 မြန်မာပြည်တွင် တွေ့ရှိရသည့် သုတေသနအမျိုးအစားများ
၁။ ပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့မှု (Environmental exposure)
မြို့နယ်အဆင့်တွင် ပတ်ဝန်းကျင်အတွင်း ခဲညစ်ညမ်းမှုနှင့် လူမှုရေးညွှန်းကိန်းများအကြား ဆက်နွယ်မှုကို စူးစမ်းလေ့လာထားသော စာတမ်းများ ရှိသည်။
မြေဆီလွှာ၊ ဖုန်မှုန့်၊ စက်မှုလုပ်ငန်းအနီးအနား ပတ်ဝန်းကျင်တို့မှ ထိတွေ့နိုင်ခြေများကို ဖော်ပြထားသည်။
၂။ အစားအသောက်နှင့် ပစ္စည်းညစ်ညမ်းမှု
အချို့သုတေသနများတွင် အစားအသောက်နှင့် သိုလှောင်ပစ္စည်းများမှ ခဲပါဝင်နိုင်ခြေကို စစ်ဆေးထားသည်။
ထိခိုက်မှုများသည် များသောအားဖြင့် နိမ့်နှုန်းနာတာရှည် ထိတွေ့မှု (chronic low-level exposure) အမျိုးအစား ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
၃။ ပြည်သူ့ကျန်းမာရေး အသိပညာပေးမှု
ကျန်းမာရေးဌာနများမှ “International Lead Poisoning Prevention Week” ကဲ့သို့ အသိပညာပေး အစီအစဉ်များ ပြုလုပ်ထားသည်။
ကလေးများတွင် ခဲဆိပ်သင့်ခြင်း၏ အန္တရာယ်ကို အထူးအာရုံစိုက်ထားသည်။
⚠ မြန်မာနိုင်ငံတွင် ဖြစ်နိုင်သော ထိတွေ့ရင်းမြစ်များ
ခဲပါဝင်သော ဆေးရောင်ဆေးများ (lead-based paints)
ဘက်ထရီလုပ်ငန်းများ
စက်မှုလုပ်ငန်းထုတ်လွှတ်မှု
သတ္တုတွင်းလုပ်ငန်းများ
ဖုန်မှုန့်နှင့် မြေဆီလွှာညစ်ညမ်းမှု
📊 သုတေသနအခြေအနေချုပ်
နိုင်ငံလုံးဆိုင်ရာ သွေးထဲခဲပါဝင်နှုန်း စစ်တမ်းကြီးများ များမကြီးသေးပါ။
အများစုသည် သီးသန့်ဒေသ၊ သီးသန့်အုပ်စု (ဥပမာ — သတ္တုတွင်းအနီးနေထိုင်သူများ၊ စက်မှုလုပ်ငန်းလုပ်သားများ) အပေါ် အခြေခံထားသော သုတေသနများ ဖြစ်သည်။
ထိုကြောင့် ဒေတာကန့်သတ်ချက် ရှိသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ခဲထိတွေ့မှုသည် စိုးရိမ်ရမည့် ပြဿနာတရပ် ဖြစ်နိုင်ကြောင်း အချက်ပြထားသည်။
ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၂၆
Comments
Post a Comment