Miscarriage ကိုယ်ဝန်ပျက်နည်း ၃ မျိုးရှိတယ်

ကန်တော့။

ဆရာမင်္ဂလာပါရှင့် အသက် ၃၀ အမျိုးသမီးပါရှင့် အိမ်ထောင်ရှိပါတယ် ရာသီ လာရက်ကျော်လို့ ရင်တွေတအားတင်းနေလို့ ဆီးစစ်ကြည့်တော့ တကြောင်းက ထင်းနေပြီးတကြောင်းက ရေးရေးလေးပေါ်နေပါတယ် ရာသီ လာရက်ကျော်ပြီးတပတ်နေတော့ ရာသီ လာသလို သွေးနှစ်ရက်ဆင်းတာနဲ့ ရာသီနောက်ကျတယ် ထင်ပြီးဒီတိုင်းနေလိုက်ပြီးမှ နောက်တပတ်နေတေော့ သွေးထပ်ဆင်းတာ အသားစတွေပါလာလို့ Og ပြကြည့်တော့ အထရာဆောင်း ရိုက်တာ ဘာမှမတွေ့ရပေမယ့် ဆီးစစ်တံ မှာတော့ နှစ်ကြောင်းပေါ်နေတုန်းပါပဲဆရာ og က သောက်ဆေးပေးပြီး တပတ်နေလို့မှ သွေးဆင်းနေသေးရင် သားအိမ်ခြစ်မယ်ပြောပါတယ်ဆရာ အထရာစောင်း(ဆောင်း)မှာ ဘာမှမပေါ်တော့ စိုးရိမ်ရလား ဆရာရှင့် ဆရာပြောပြပေးပါဦးရှင် ဆေးရုံ ဆေးခန်းဝေးတော့ တခုခုဆို ဆရာ့ကိုပဲ အားကိုးမိပါတယ် ဆရာလည်း ကျန်းမာပါစေရှင်

ကိုယ်ဝန်ပျက်နည်း ၃ မျိုးရှိတယ်။

၁။ အကုန်ဆင်း - ဘာမှလုပ်ရန်မလို။

၂။ တဝက်တပျက်ဆင်း - သားအိမ်ခြစ်ရန်လို။

၃။ ပိုးဝင် - ပိုးဆေး + ကျန်သေးရင် သားအိမ်ခြစ်ရန်လို။

ကျန် မကျန် အာထွာဆောင်းမှာ ပေါ်တယ်။

ဆီးစစ်လို့ + တွေ့တိုင်း ကျန်သေးတာ ဟုတ်ချင်မှသာ ဟုတ်တယ်။ ဟော်မုန်းနည်းသွားမှသာ - ပြမယ်။

ဆင်းစရာရှိတာ ကုန်မှ ရပ်မယ်။

Miscarriage ဆိုတာ ကိုယ်ဝန် အလိုလိုပျက်တာ။

Abortion ဆိုတာ ကိုယ်ဝန်ဖျက်ချတာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ