Peripheral Neuropathy အဖျားအနား အာရုံကြောချို့ယွင်းရောဂါ
ဦးနှောက်နှင့် ကျောရိုးကြော (အလယ်အာရုံကြောစနစ်) အဖျားအနား တွင် ရှိသော အာရုံကြောများကို အဖျားအနား အာရုံကြောများ (peripheral nerves) ဟု ခေါ်သည်။ ယင်းအာရုံကြောများ ပျက်စီးသွားသောအခါ အဖျားအနား အာရုံကြောချို့ယွင်းရောဂါ ဖြစ်ပေါ်သည်။
ဤရောဂါတွင် အများအားဖြင့် လက်၊ ခြေတို့တွင်
အားနည်းခြင်း
ထုံခြင်း
နာကျင်ခြင်း
တို့ ဖြစ်တတ်သည်။ ထို့ပြင် အစာချေမှု၊ ဆီးထုတ်လုပ်မှု စသည့် ကိုယ်ခန္ဓာလုပ်ငန်းဆောင်တာများလည်း ထိခိုက်နိုင်သည်။
────────────────
အာရုံကြောစနစ်၏ လုပ်ဆောင်ချက်
အဖျားအနား အာရုံကြောစနစ်သည်
ဦးနှောက်နှင့် ကျောရိုးကြောမှ အချက်အလက်များကို ကိုယ်ခန္ဓာအနှံ့သို့ မော်တာအာရုံကြောများမှတဆင့် ပို့ဆောင်သည်။
ကိုယ်ခန္ဓာမှ ခံစားမှုဆိုင်ရာ အချက်အလက်များကို sensory စင်ဆာရီအာရုံကြောများမှတဆင့် အလယ်အာရုံကြောစနစ်သို့ ပြန်လည်ပို့ဆောင်သည်။
────────────────
ဖြစ်ပွားရခြင်း
အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည် —
ထိခိုက်ဒဏ်ရာများ
ကူးစက်ရောဂါများ
metabolic မက်တာဘောလစ် ပြဿနာများ
မျိုးရိုးလိုက်အကြောင်းရင်းများ
အဆိပ်ပစ္စည်းထိတွေ့မှု
အများဆုံးတွေ့ရသော အကြောင်းရင်းတခုမှာ ဆီးချိုရောဂါ ဖြစ်သည်။
────────────────
နာကျင်မှု၏ သဘောသဘာဝ
လူနာများသည် နာကျင်မှုကို
ထိုးသကဲ့သို့ နာခြင်း
မီးလောင်သကဲ့သို့ ပူလောင်နာခြင်း
ရင်ခုန်သကဲ့သို့ တုန်ယင်နာခြင်း
ဟု ဖော်ပြတတ်သည်။ အချို့တွင် ကုသနိုင်သော အကြောင်းရင်းကြောင့် ဖြစ်ပါက လက္ခဏာများ လျော့နည်းလာနိုင်သည်။ ဆေးဝါးများက နာကျင်မှုကို လျော့ချနိုင်သည်။
────────────────
လက္ခဏာများ
အာရုံကြောအမျိုးအစားပေါ် မူတည်၍ လက္ခဏာကွာခြားနိုင်သည် —
၁။ စင်ဆာရီ အာရုံခံ အာရုံကြောများ
အပူ၊ နာကျင်မှု၊ တုန်ခါမှု၊ ထိတွေ့မှုတို့ကို ခံစားစေသည်။
လက်၊ ခြေတို့တွင် ဖြည်းဖြည်းချင်း ထုံခြင်း
စူးစူးယားယား ခံစားရခြင်း
အာရုံခံစားမှု ပျံ့နှံ့တက်ခြင်း
၂။ မော်တာ ကြွက်သား အာရုံကြောများ
ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်သည်။
ကြွက်သားအားနည်းခြင်း
လှုပ်ရှားမရနိုင်ခြင်း
ကိုယ်ညှိနှိုင်းမှုမကောင်း၍ လဲကျနိုင်ခြင်း
၃။ အော်တိုနိုမစ် အာရုံကြောများ
သွေးပေါင်၊ ချွေးထွက်မှု၊ နှလုံးခုန်နှုန်း၊ အစာချေမှု၊ ဆီးအိမ် လုပ်ဆောင်ချက်များကို ထိန်းချုပ်သည်။
အပူမခံနိုင်ခြင်း
ချွေးများလွန်းခြင်း သို့မဟုတ် ချွေးမထွက်နိုင်ခြင်း
အစာချေ၊ ဝမ်း၊ ဆီး ပြဿနာများ
သွေးဖိအား လျော့ကျ၍ မူးဝေခြင်း
────────────────
အခြားလက္ခဏာများ
ထိတွေ့မှုအပေါ် အလွန်အမင်း အာရုံခံနိုင်ခြင်း
လေးချိန်တင်လျှင် ခြေနာခြင်း
အဝတ်အစားအောက်တွင်လည်း နာခြင်း
လက်အိတ် သို့မဟုတ် ခြေအိတ် ဝတ်ထားသကဲ့သို့ ခံစားရခြင်း
────────────────
အာရုံကြောထိခိုက်ပုံအမျိုးအစားများ
အာရုံကြောတကြောသာ ထိခိုက်ပါက — မိုနိုနျူရိုပသီ
နေရာမတူ အာရုံကြောများ အများအပြား ထိခိုက်ပါက — မလ္တီပယ် မိုနိုနျူရိုပသီ
အာရုံကြောအများစု ထိခိုက်ပါက — ပိုလီနျူရိုပသီ
ဥပမာ — လက်ကောက်ဝတ်ကြောဖိအားရောဂါ (Carpal Tunnel Syndrome) သည် မိုနိုနျူရိုပသီ အမျိုးအစား ဖြစ်သည်။ အများစုသော လူနာများတွင် ပိုလီနျူရိုပသီ ဖြစ်တတ်သည်။
────────────────
ကုသမှု
ဆက်စပ်ရောဂါများကို ကုသခြင်း
ဆီးချိုရောဂါရှိပါက အင်ဆူလင်
သိုင်းရွိုက်ဟော်မုန်း လျော့နည်းမှုရှိပါက သိုင်းရွိုက်ဟော်မုန်း
နာကျင်မှုသက်သာဆေးများ
ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးများကို အနည်းမှ အလယ်အလတ် နာကျင်မှုတွင် အသုံးပြုနိုင်သည်။
ကြာရှည် မသုံးသင့်။
ဆရာဝန်ညွှန်ကြားဆေးများ
စိတ်ကျရောဂါဆိုင်ရာ ဆေးအုပ်စု (Tricyclic antidepressants — amitriptyline, nortriptyline)
SNRIs (ဥပမာ duloxetine)
Corticosteroid ထိုးဆေး
လှုပ်ရှားကြွက်တက်ဆေးများ (gabapentin, pregabalin)
────────────────
ဆေးဘက်ဆိုင်ရာ ကုထုံးများ
Transcutaneous electrical nerve stimulation လျှပ်စစ်အာရုံကြော လှုံ့ဆော်ကုထုံး
Plasma exchange ပလတ်စမာ လဲလှယ်ကုထုံး
Immune globulin therapy အိုင်မြူနိုဂလိုဘျူလင် ကုထုံး
Physical therapy ကိုယ်လက်လှုပ်ရှား လေ့ကျင့်ကုထုံး
Orthotic and other devices လက်တံတိုင်၊ ခြေထောက်ထောက်ကူကိရိယာများ
အာရုံကြောဖိအားကြောင့် ဖြစ်ပါက ခွဲစိတ်ကုသနိုင်သည်။
────────────────
အခြားနည်းလမ်းများ
acupuncture အပ်စိုက်ကုထုံး
massage နှိပ်နယ်ခြင်း
meditation စိတ်အာရုံတည်ငြိမ်ရေး လေ့ကျင့်မှု
သို့ရာတွင် ယင်းနည်းလမ်းများကို ပိုလီနျူရိုပသီအတွက် သိပ္ပံသုတေသနများ အလုံအလောက် မရှိသေး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment