Rest isn't always sleep အနားယူခြင်းသည် အိပ်စက်ခြင်းသာ မဟုတ်ပါ

အနားယူခြင်းဆိုသည်မှာ တညလုံး အိပ်စက်ခြင်းတခုတည်းကိုသာ မဆိုလိုဘဲ ကိုယ်နှင့် စိတ် ပြန်လည်သန်စွမ်းစေရန် လိုအပ်သော နိုးနေသည့် အခြေအနေ သို့မဟုတ် အိပ်စက်နေသည့် အခြေအနေ အမျိုးမျိုး ပါဝင်သည့် အကျယ်အဝန်းရှိသော အခြေအနေတရပ် ဖြစ်သည်။

စစ်မှန်သော ပြည့်စုံသော ပြန်လည်သန်စွမ်းခြင်းတွင် အနားယူမှု အမျိုးအစား ၇ မျိုး ပါဝင်ပြီး၊ ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ စိတ်ခံစားမှုပိုင်း၊ လူမှုဆက်ဆံရေးပိုင်း၊ အာရုံခံစားမှုပိုင်း၊ ဖန်တီးမှုဆိုင်ရာပိုင်းနှင့် ဝိညာဉ်ရေးပိုင်းတို့ ဖြစ်ကြသည်။ ထိုအရာများ မလုံလောက်ပါက ၈ နာရီ အိပ်စက်ထားသော်လည်း ပင်ပန်းနွမ်းနယ်မှု ခံစားရနိုင်သည်။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိ စိတ်သက်သာရာ ရစေသော လှုပ်ရှားမှုများ လိုအပ်လာသည်။

အနားယူခြင်းနှင့် အိပ်စက်ခြင်း ကွာခြားချက်

အနားယူမှု အမျိုးအစား ၇ မျိုး

၁။ ကိုယ်ခန္ဓာပိုင်း အနားယူခြင်း (Physical Rest)

မလှုပ်ရှားဘဲ အိပ်စက်ခြင်း၊ ခဏအိပ်ငိုက်ခြင်း စသည်တို့ ပါဝင်သကဲ့သို့ ယောဂ လေ့ကျင့်ခြင်း၊ ကိုယ်အာရုံဆန့်ခြင်း၊ အနှိပ်ခံခြင်း စသည့် လှုပ်ရှားမှုပါဝင်သည့် အနားယူခြင်းလည်း ပါဝင်သည်။

၂။ စိတ်ပိုင်း အနားယူခြင်း (Mental Rest)

အလုပ်မှ ခဏရပ်နားခြင်း၊ ငြိမ်သက်စွာ ထိုင်ခြင်း၊ စိတ်တည်ငြိမ်စေရန် လေ့ကျင့်ခြင်းတို့ဖြင့် အလုပ်များသော ဦးနှောက်ကို အနားပေးခြင်း ဖြစ်သည်။

၃။ အာရုံခံစားမှုဆိုင်ရာ အနားယူခြင်း (Sensory Rest)

မျက်နှာပြင်များမှ ခွာခြင်း၊ မျက်စိပိတ်၍ အလင်းလျော့ချခြင်း စသဖြင့် အလွန်အကျွံ အာရုံလှုံ့ဆော်မှုကို လျော့နည်းစေခြင်း ဖြစ်သည်။

၄။ စိတ်ခံစားမှုပိုင်း အနားယူခြင်း (Emotional Rest)

အခြားသူများကိုသာ ကျေနပ်စေရန် မကြိုးစားဘဲ ကိုယ်တိုင်၏ စိတ်ခံစားချက်များကို ရိုးသားစွာ ဖော်ပြနိုင်ရန် အချိန်နှင့် နေရာ ပေးခြင်း ဖြစ်သည်။

၅။ လူမှုဆက်ဆံရေးပိုင်း အနားယူခြင်း (Social Rest)

ပံ့ပိုးကူညီပေးနိုင်သူများနှင့် အချိန်ဖြုန်းခြင်း သို့မဟုတ် တခါတရံ တယောက်တည်း နေ၍ စွမ်းအား ပြန်လည်ဖြည့်တင်းခြင်း ဖြစ်သည်။

၆။ ဖန်တီးမှုဆိုင်ရာ အနားယူခြင်း (Creative Rest)

အနုပညာ၊ သဘာဝ၊ သီချင်းတေးဂီတတို့နှင့် ထိတွေ့၍ အံ့သြသဘော၊ လှုံ့ဆော်မှုနှင့် စိတ်ကူးပေါက်ဖွားမှု ရရှိစေခြင်း ဖြစ်သည်။

၇။ ဝိညာဉ်ရေးပိုင်း အနားယူခြင်း (Spiritual Rest)

ကိုယ်ထက် ကြီးမြတ်သည့် အရာတခုခုနှင့် ဆက်သွယ်ခံစားခြင်း ဖြစ်ပြီး စေတနာလုပ်ငန်းများတွင် ပါဝင်ခြင်း သို့မဟုတ် စိတ်တည်ငြိမ် လေ့ကျင့်ခြင်းတို့ ပါဝင်နိုင်သည်။

အိပ်စက်ခြင်းသာ မလုံလောက်သော အကြောင်းရင်း

စိတ်အတွင်း စိတ်ဖိစီးမှုများ ဆက်လက် လည်ပတ်နေပါက အိပ်စက်နေသော်လည်း အမှန်တကယ် အနားယူရခြင်း မရနိုင်ပါ။ ၈ နာရီ အိပ်စက်ထားသော်လည်း မသင့်လျော်သော အလေ့အထများ (ဥပမာ အိပ်ရာဝင်မတိုင်မီ ဖုန်းအသုံးပြုခြင်း) ကြောင့် အိပ်စက်ခြင်းသည် သက်သာရာမရသော အိပ်စက်ခြင်း ဖြစ်လာနိုင်သည်။

ရည်ရွယ်ချက်ရှိသော အနားယူခြင်း၏ အကျိုးကျေးဇူးများ

တိုတောင်းသော လမ်းလျှောက်ခြင်း၊ ခဏအိပ်ငိုက်ခြင်း သို့မဟုတ် စိတ်တည်ငြိမ် လေ့ကျင့်ခြင်းတို့ကဲ့သို့ ရည်ရွယ်ချက်ရှိရှိ အနားယူခြင်းသည် —

ပင်ပန်းနွမ်းနယ်မှု လျော့နည်းစေသည်။

အာရုံစိုက်နိုင်မှု တိုးတက်စေသည်။

တကိုယ်လုံးကျန်းမာရေးနှင့် ဘဝအရည်အသွေး တိုးမြင့်စေသည်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ