Schizophrenia and Aggression စိတ်ကစဉ့်ကလျားရောဂါ နှင့် ရန်လိုအပြုအမူ
— ပုံမှန်ဖြစ်လေ့ရှိသလော
စကီဇိုဖရီနီးယား အကြောင်းတွင် လူအများကြားရှိ သာမန်မှားယွင်းယုံကြည်ချက်တခုမှာ ဤရောဂါရှိသူများသည် ရန်လိုတတ်ပြီး အကြမ်းဖက်အပြုအမူများ ပြုလုပ်တတ်ကြသည်ဟူသော အယူအဆဖြစ်သည်။ ထိုအယူအဆသည် မီဒီယာများတွင် ဖော်ပြသည့်ပုံစံများကြောင့် ပိုမိုပြန့်ပွားလာသည်။ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများတွင် စကီဇိုဖရီနီးယားရှိသူများကို အော်ဟစ်ခြင်း၊ အခြားသူများကို ထိခိုက်စေခြင်း စသည့်ပုံစံများဖြင့် ပြသတတ်ကြသည်။ ထို့ပြင် စကီဇိုဖရီနီးယားရှိသူတဦး အကြမ်းဖက်မှုကျူးလွန်ပါက သတင်းများတွင် ၎င်း၏ ရောဂါအခြေအနေကို အလွန်အမင်း အလေးထားဖော်ပြတတ်ကြသည်။
ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ဝတ္ထုနဲ့ ရုပ်ရှင်ကို သိမှီသူတွေ ရှိပါမည်။
────────────────
စကီဇိုဖရီနီးယားတွင် ရန်လိုမှု မည်မျှ ဖြစ်လေ့ရှိသနည်း
သုတေသနအချို့အရ စကီဇိုဖရီနီးယားဖြင့် နေထိုင်သူများတွင် ယေဘုယျလူထုနှင့် နှိုင်းယှဉ်လျှင် ရန်လိုနိုင်ခြေ အနည်းငယ် မြင့်နိုင်သည်ဟု တွေ့ရှိထားသည်။ လူဦးရေ ၄,၀၀၀ နီးပါးပါဝင်သည့် သုတေသနတခုတွင် စကီဇိုဖရီနီးယားရှိသူများ၏ ခန့်မှန်း ၄၃ ရာခိုင်နှုန်းခန့်သည် စကားဖြင့် ရန်လိုမှု ပြုလုပ်ဖူးကြသည်ဟု ဆိုသည်။ သို့ရာတွင် ထိုသုတေသနတွင် ၎င်းတို့အား ထိရောက်သော ကုသမှုအစီအစဉ်အောက်တွင် ရှိနေသလား၊ သို့မဟုတ် မူးယစ်ဆေးဝါး သို့မဟုတ် အရက် အလွဲသုံးစားပြုနေသလား ဟူသည့် အချက်များကို မဖော်ပြထား။ ထိုအချက်များသည် ရန်လိုမှု ဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။
စကီဇိုဖရီနီးယား မရှိသူများတွင် ဖြစ်ပွားသော စကားဖြင့် ရန်လိုမှုများ သို့မဟုတ် ပစ္စည်းပျက်စီးစေခြင်းကဲ့သို့သော အပြုအမူများသည် ဆရာဝန်များ၊ သုတေသနပညာရှင်များ သို့မဟုတ် ရဲတပ်ဖွဲ့ထံ မတင်ပြဖြစ်နိုင်သဖြင့် အမှန်တကယ် ဖြစ်ပွားနှုန်းကို ခန့်မှန်းရန် ခက်ခဲသည်။
ထို့ပြင် စကီဇိုဖရီနီးယားရှိသူများသည် အခြားသူများအား ထိခိုက်စေခြင်းထက် ကိုယ်တိုင် ထိခိုက်ခံရနိုင်ခြေ ပိုများကြောင်း သတိပြုရမည်။ ကိုယ်ကိုကိုယ် ထိခိုက်စေခြင်း ဖြစ်နိုင်ခြေလည်း ပိုမြင့်သည်။
စကီဇိုဖရီနီးယားဖြင့် နေထိုင်သူ အများစုမှာ အကြမ်းဖက်မဟုတ်ကြ။ အကြမ်းဖက်မှုသည် ဤရောဂါ၏ အဓိကလက္ခဏာ မဟုတ်။ စကီဇိုဖရီနီးယားဟု သတ်မှတ်ထားကြောင်းသာကြောင့် လူတဦးအား အန္တရာယ်ရှိမည်ဟု ယူဆခြင်းမှာ မှားယွင်းသည်။
────────────────
စကီဇိုဖရီနီးယားနှင့် ဆက်နွယ်သော ရန်လိုမှု၏ ဖြစ်နိုင်သော အကြောင်းရင်းများ
မူးယစ်ဆေးဝါး သို့မဟုတ် အရက် အသုံးပြုခြင်း — ရန်လိုမှုနှင့် အများဆုံး ဆက်နွယ်သော အချက်ဖြစ်သည်။
ထိရောက်သော ကုသမှုမရရှိခြင်း — ဆရာဝန်ညွှန်ကြားသည့် ဆေးဝါး မမှန်ကန်စွာ သောက်သုံးခြင်း။
မျိုးရိုးဗီဇကွာခြားချက်များ — ဦးနှောက်ရှိ အာရုံပို့ဆောင်ပစ္စည်းများကို လုပ်ဆောင်ပုံနှင့် စိတ်ဖိစီးမှုကို ကိုင်တွယ်ပုံ ကွာခြားနိုင်သည်။
ဦးနှောက်လုပ်ဆောင်ချက် ပြောင်းလဲမှုများ — ဦးနှောက်အစိတ်အပိုင်းအချို့၏ လုပ်ဆောင်ပုံ ပြောင်းလဲခြင်းကြောင့် စိတ်ခံစားမှုနှင့် အပြုအမူများ ထိခိုက်နိုင်သည်။
ထိရောက်သော ကုသမှု ရရှိနေပြီး မူးယစ်ဆေးဝါး သို့မဟုတ် အရက် အလွဲသုံးစား မပြုပါက စကီဇိုဖရီနီးယားရှိသူသည် အခြားသူများထက် ပိုမို အကြမ်းဖက်နိုင်ခြေ မရှိ။
────────────────
ရန်လိုမှု ဖြစ်နိုင်ခြေ သတိပေးလက္ခဏာများ
မည်သူမဆို ရန်လိုမည် မဟုတ်ကြောင်း အတိအကျ ခန့်မှန်းရန် မဖြစ်နိုင်သော်လည်း အောက်ပါအချက်များသည် အန္တရာယ် မြင့်နိုင်ခြေကို ပြသနိုင်သည် —
ကလေးဘဝမှစ၍ ရန်လိုသမိုင်းရှိခြင်း
စည်းကမ်းမလိုက်နာနိုင်သော အပြုအမူချို့ယွင်းရောဂါ (conduct disorder) ရှိဖူးခြင်း
မူးယစ်ဆေးဝါး သို့မဟုတ် အရက် အသုံးပြုခြင်း
ကိုယ်၏ အပြုအမူအတွက် တာဝန်မယူနိုင်ခြင်း
မရှိသည့်အရာများကို မြင်ကြားခြင်း hallucinations (ဟယ်လူစီနေးရှင်း)
အကြောင်းမရှိဘဲ သံသယစိတ်လွန်ကဲခြင်း
လူများကို ထိခိုက်စေရန် ပြောဆိုခြင်း
အကြမ်းဖက်မှုနှင့် ဆက်နွယ်သော အကြောင်းအရာများအပေါ် အာရုံစိုက်နေခြင်း
လက်နက် သို့မဟုတ် ထိခိုက်စေသော ကိရိယာများ ရရှိနိုင်ခြင်း
ယခင်က အကြမ်းဖက်သမိုင်းရှိခြင်း
ကုသမှု ရပ်တန့်ခြင်း
ထိုလက္ခဏာများ တွေ့ရှိပါက စိတ်ရောဂါအထူးကု ဆရာဝန်ထံ ချက်ချင်း ဆက်သွယ်သင့်သည်။
────────────────
စကီဇိုဖရီနီးယားနှင့် ဆက်နွယ်သော ရန်လိုမှု စီမံခန့်ခွဲခြင်း
အရေးအကြီးဆုံးမှာ ထိရောက်သော ကုသမှု ရရှိပြီး ဆက်လက် လိုက်နာခြင်းဖြစ်သည်။ လိုအပ်ပါက ဆေးပြောင်းလဲခြင်းလည်း လိုအပ်နိုင်သည်။ အချို့ antipsychotic medications and psychosocial options, such as therapy အန်တီစိုက်ကိုတစ် ဆေးဝါးများနှင့် စိတ်ပိုင်းဆိုင်ရာ ကုထုံးများသည် ရန်လိုမှုကို လျော့နည်းစေနိုင်သည်။
မူးယစ်ဆေးဝါးနှင့် အရက်ကို ရှောင်ရှားခြင်းလည်း အရေးကြီးသည်။
ရန်လိုနေသူနှင့် အတူ နေထိုင်ရပါက —
ကိုယ်နှင့် အကွာအဝေး ပိုမိုထားခြင်း
တည်ငြိမ်သော အသံဖြင့် ပြောဆိုခြင်း
အန္တရာယ်ရှိပါက အရေးပေါ် အကူအညီ တောင်းခံခြင်းလိုအပ်သည်။
ကိုယ်ကိုကိုယ် ထိခိုက်စေမှု သို့မဟုတ် အကြမ်းဖက်မှု အန္တရာယ်ရှိပါက အရေးပေါ် ဝန်ဆောင်မှုများထံ ဆက်သွယ်သင့်သည်။
────────────────
စိုးရိမ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ
ကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တဦးတွင် ရန်လိုလက္ခဏာများ တွေ့ရှိပါက စိတ်ရောဂါအထူးကု ဆရာဝန်နှင့် တိုင်ပင်ရန် အရေးကြီးသည်။ ၎င်းတို့သည် အန္တရာယ်အကဲဖြတ်ခြင်း ပြုလုပ်နိုင်ပြီး သင့်လျော်သော ကုသမှုနှင့် ထောက်ပံ့မှုများ ပေးနိုင်သည်။
အကြမ်းဖက်မှု သို့မဟုတ် ထိခိုက်မှု ခံခဲ့ရပါကလည်း တဦးတည်း မကိုင်တွယ်သင့်။ ကျန်းမာရေးအဖွဲ့သည် လိုအပ်သော အကူအညီများ ပေးနိုင်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment