Tension-Type Headache တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်း

ယခင်က tension headache ဟု ခေါ်ခဲ့သော တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်းသည် အများဆုံးတွေ့ရသော ခေါင်းကိုက်ခြင်း အမျိုးအစား ဖြစ်ပါသည်။ လတ်တလော လေ့လာမှုတခုအရ ၂၀၂၁ ခုနှစ် တနှစ်တည်းအတွင်းပင် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ ၁၂၂ သန်းခန့် (လူသုံးဦးတွင် တဦးကျော်) သည် ဤအမျိုးအစား ခေါင်းကိုက်ခြင်းကို ခံစားခဲ့ကြောင်း တွေ့ရှိရပါသည်။

တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်း၏ လက္ခဏာများ

ခေါင်းပတ်လည်ကို တင်းတင်းကျပ်ကျပ် ချည်ထားသကဲ့သို့ ခံစားရခြင်း

ခေါင်းအရေပြားနှင့် တခါတရံ လည်ပင်းတွင် နာကျင်သလို ထိလွယ်ခြင်း

နာကျင်မှုအဆင့်မှာ အနည်းငယ်မှ အလယ်အလတ်အထိ ဖြစ်နိုင်ခြင်း

တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်းသည် မိနစ် ၃၀ ခန့်သာ ကြာနိုင်သလို၊ အချို့တွင် တပတ်ခန့်အထိ ဆက်လက် ဖြစ်ပွားနိုင်ပါသည်။

တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်း၏ ဖြစ်ပွားပုံများ

အဓိက ဖြစ်ပွားပုံ သုံးမျိုး ရှိပါသည် —

မကြာခဏမဖြစ်သော အကြိမ်ကြိမ်ဖြစ်ပွားမှု (Infrequent episodic)

တလအတွင်း တကြိမ် သို့မဟုတ် ထိုထက်နည်း

မကြာခဏဖြစ်သော အကြိမ်ကြိမ်ဖြစ်ပွားမှု (Frequent episodic)

တလအတွင်း တနေ့မှ ၁၄ နေ့အထိ

ရေရှည်ဖြစ်ပွားမှု (Chronic)

တလအတွင်း ၁၅ နေ့ထက်ပိုခြင်း သို့မဟုတ် တနှစ်အတွင်း ၁၈၀ နေ့ထက်ပိုခြင်း

တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်း၏ အကြောင်းရင်းများ

ဤအမျိုးအစား ခေါင်းကိုက်ခြင်း၏ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါ။ ခေါင်းနှင့် လည်ပင်းကြွက်သားဖွဲ့စည်းပုံ၊ ဦးနှောက်နှင့် ကျောရိုး အပြင်ဘက်ရှိ အာရုံကြောကွန်ယက်များသည် ပါဝင်ပတ်သက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။

ယခင်က ခေါင်းနှင့် လည်ပင်း ကြွက်သားများ ကျုံ့တင်းခြင်းကြောင့် ဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း နောက်ပိုင်း လေ့လာမှုများအရ ကြွက်သားကျုံ့တင်းမှုသာမက အကြောင်းရင်း မဟုတ်နိုင်ကြောင်း တွေ့ရှိလာပါသည်။

ပါဝင်နိုင်သော အချက်များမှာ —

ကိုယ်ခန္ဓာ အနေအထား မမှန်ကန်ခြင်း

စိတ်ဖိစီးမှု

အခြား နောက်ခံ ဆေးဘက်ဆိုင်ရာ ရောဂါများ

ဥပမာအားဖြင့် ဖုန်းကို အချိန်ကြာကြာ ငုံ့ကြည့်ခြင်း၊ ကွန်ပျူတာ မျက်နှာပြင်ကို ကြာကြာ ကြည့်နေရခြင်း၊ အလုပ်နှင့်ဆိုင်သော စိတ်ဖိစီးမှုများသည် ဤအမျိုးအစား ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့အပြင် စိုးရိမ်စိတ်ရောဂါ၊ စိတ်ကျရောဂါ၊ အိပ်စက်မှု ချို့ယွင်းမှုများ၊ မေးရိုးဆက်သွယ်ရာ ရောဂါ (TMJ) စသည့် နောက်ခံရောဂါများလည်း အကြောင်းရင်း ဖြစ်နိုင်ပါသည်။

တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်း နှင့် မိုက်ဂရိန်း ခေါင်းကိုက်ခြင်း၏ ကွာခြားချက်

တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်းနှင့် မိုက်ဂရိန်း၏ အနည်းငယ်ပြင်းသော အမျိုးအစားများကို ခွဲခြားရခက်ခါနီး ဖြစ်တတ်ပါသည်။ ကွာခြားချက်တခုမှာ တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်းတွင် မအန်ခြင်း၊ အန်စေခြင်း မရှိခြင်း ဖြစ်ပါသည်။

နာကျင်မှုနှင့်အတူ အလင်းရောင်နှင့် အသံကို မခံနိုင်အောင် ဖြစ်လာပါက မိုက်ဂရိန်း ဖြစ်နိုင်ချေ ပိုများပါသည်။ မိုက်ဂရိန်းသည် တင်းမာမှုအမျိုးအစား ခေါင်းကိုက်ခြင်းနှင့် မတူဘဲ နှလုံးခုန်သလို တုန်တက်နာကျင်ခြင်း၊ ခေါင်းဘက်တဘက်သာ နာခြင်း၊ မြင်ကွင်းတွင် အလင်းပြောက်များ၊ အမှောင်စက်များ မြင်ရခြင်း (aura) စသည့် လက္ခဏာများနှင့် တွဲဖက် ဖြစ်ပေါ်တတ်ပါသည်။

https://www.brainandlife.org/articles/what-is-tension-type-headache?

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ