ကျွန်ုပ်တို့၏န္ဓာကိုယ်သည်
အမြဲမပြတ် ပြန်လည်သစ်လွင်နေသော အံ့ဖွယ်လက်ရာတခု ဖြစ်သည်။
တစက္ကန့်တိုင်းတွင် ဆဲလ် သန်းပေါင်းများစွာ သေဆုံးပြီး အသစ်များ ပြန်လည် ဖြစ်ပေါ်လာနေသည်။ ထိုလုပ်ငန်းစဉ်များကြောင့် သင်သည် သတိမထားမိသော်လည်း အသက်ရှင်တက်ကြွစွာ နေနိုင်ခြင်း ဖြစ်သည်။
သဘာဝ၏ ပြုပြင်ပြန်လည်စနစ် သည် မရပ်မနား လုပ်ဆောင်နေပြီး ခန္ဓာကိုယ်ကို အမြဲ ပြန်လည် ထိန်းသိမ်းပေးနေသည်။
အမှန်တကယ်ဆိုလျှင် ထိုသည်ပင် သင့်အတွင်းရှိ အံ့ဖွယ်ကောင်းသော သဘာဝ၏ မာယာတခု ဖြစ်သည်။
လူ့ခန္ဓာကိုယ်သည် နေ့စဉ် ဆဲလ်ပေါင်း ၃၃၀ ဘီလီယံကျော်ကို အစားထိုးပြန်လည် ထုတ်လုပ်နေသည်
လူ့ခန္ဓာကိုယ်သည် နေ့စဉ် ဆဲလ်ပေါင်း ၃၃၀ ဘီလီယံကျော်ကို အစားထိုး ပြန်လည်ထုတ်လုပ်နေပြီး ပျမ်းမျှအားဖြင့် တစက္ကန့်လျှင် ဆဲလ် ၃.၈ သန်းမှ ၄ သန်းခန့် အသစ် ထွက်ပေါ်နေသည်။
ဤကဲ့သို့ မြန်ဆန်သော ဆဲလ်ပြောင်းလဲမှုများတွင် သွေးဆဲလ်များနှင့် အစာအိမ်–အူလမ်းကြောင်း ဆဲလ်များ က အဓိက ပါဝင်နေကြသည်။ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်အများစုသည် ၈၀ မှ ၁၀၀ ရက်ခန့်အတွင်း အစားထိုး ပြန်လည် ဖြစ်ပေါ်လာသည်။
ဆဲလ် ပြောင်းလဲမှုနှင့် ပတ်သက်သော အရေးကြီးသော အချက်များ
နေ့စဉ် ပြောင်းလဲမှု
နေ့စဉ် ဆဲလ်ပေါင်း ၃၃၀ ဘီလီယံခန့် အစားထိုး ပြန်လည် ဖြစ်ပေါ်နေသည်။
တစက္ကန့်လျှင် ပြောင်းလဲမှု
ပျမ်းမျှအားဖြင့် တစက္ကန့်လျှင် ဆဲလ် ၃.၈ သန်းခန့် အစားထိုးနေသည်။
အဓိက ပါဝင်သော ဆဲလ်အမျိုးအစားများ
ဆဲလ်ပြောင်းလဲမှု၏ အများစုမှာ
သွေးဆဲလ်များ (၈၆%)
အူလမ်းကြောင်း ဆဲလ်များ (၁၂%)
တို့ ဖြစ်သည်။
ခန္ဓာကိုယ်ဆဲလ်များ ပြန်လည် အစားထိုးချိန်
အချို့ ဆဲလ်များ (ဥပမာ — အသားအရေ သို့မဟုတ် အူလမ်းကြောင်း ဆဲလ်များ) သည် ရက်အနည်းငယ်အတွင်း ပြောင်းလဲနိုင်သော်လည်း လူ့ခန္ဓာကိုယ်ရှိ ဆဲလ်ပေါင်း ၃၀ ထရီလီယံခန့် အစားထိုးရန် ၈၀ မှ ၁၀၀ ရက်ခန့် လိုအပ်သည်။
သုံးစက္ကန့်လျှင် ဆဲလ် ၅၀ သန်း ဟူသော အဆိုသည် အနည်းငယ် နည်းပါးနေသည်။ သုတေသနများအရ တစက္ကန့်လျှင် ၃.၈ သန်းခန့် ဖြစ်သောကြောင့် သုံးစက္ကန့်အတွင်း ဆဲလ် ၁၁ သန်းမှ ၁၂ သန်းခန့် အစားထိုး ဖြစ်ပေါ်နေသည်။
သို့ရာတွင် လူ့ခန္ဓာကိုယ်တွင် ဆဲလ်များ အမြောက်အမြား ဆက်တိုက် ပြန်လည် အစားထိုးနေသည် ဟူသော အယူအဆမှာ မှန်ကန်သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment