အမေရိကန် ကလေးကာကွယ်ဆေး အစီအစဉ် ပြောင်းလဲမှု

၂၀၂၆ ခုနှစ် ဇန်နဝါရီအထိ အမေရိကန်တွင် ကလေးများအတွက် CDC ကာကွယ်ဆေးအစီအစဉ် ကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ပုံမှန် ထိုးပေးသည့် ကာကွယ်ဆေးများကို ရောဂါ ၁၇ မျိုးမှ ၁၁ မျိုးသို့ လျှော့ချခဲ့သည်။

အဓိက ပြောင်းလဲချက်များတွင်

COVID-19

Influenza

Rotavirus

Hepatitis A / B

RSV

တို့ကို “shared clinical decision-making” (ဆရာဝန်နှင့် မိဘတို့ ပူးတွဲဆုံးဖြတ်သည့် စနစ်) အောက်သို့ ပြောင်းထားခြင်း ပါဝင်သည်။

ထို့ပြင် HPV ကာကွယ်ဆေး ထိုးပမာဏကိုလည်း လျှော့ချခဲ့သည်။

၂၀၂၆ ဇန်နဝါရီ — ကာကွယ်ဆေး အကြံပြုချက် ပြောင်းလဲမှုများ

၁။ ပုံမှန် ကာကွယ်ဆေးများ လျှော့ချခြင်း

ပုံမှန် ကလေးကာကွယ်ဆေးများဖြင့် ကာကွယ်သည့် ရောဂါအရေအတွက်ကို

၁၇ မျိုးမှ ၁၁ မျိုးသို့ လျှော့ချခဲ့သည်။

အဓိက အာရုံစိုက်ထားသော ရောဂါများမှာ —

ဝက်သက် (Measles)

ပသိရောင်ရောဂါ (Mumps)

ရူဘဲလာ (Rubella)

ပိုလီယို (Polio)

ကြက်တုပ်ကွေး / ကြက်ညှာ (Pertussis)

တို့ ဖြစ်သည်။

၂။ Shared Clinical Decision-Making (SCDM)

ကာကွယ်ဆေး ၆ မျိုးကို ပုံမှန် အားလုံးထိုးရမည့်စာရင်းမှ ဖယ်ရှားပြီး

ဆရာဝန်နှင့် မိဘတို့ တဦးချင်း အန္တရာယ်အခြေအနေအရ ဆုံးဖြတ်သည့် စနစ် သို့ ပြောင်းခဲ့သည်။

ထိုကာကွယ်ဆေးများမှာ —

COVID-19

Influenza တုပ်ကွေး

Rotavirus

Hepatitis A

Hepatitis B

Meningococcal vaccines

Respiratory syncytial virus (RSV)

တို့ ဖြစ်သည်။

၃။ HPV ကာကွယ်ဆေး ပြောင်းလဲမှု

Human Papillomavirus (HPV) vaccine ကို ယခင်

၂ ကြိမ်

သို့မဟုတ်

၃ ကြိမ်

ထိုးရန် အကြံပြုထားရာမှ

၁ ကြိမ်သာ ထိုးရန် ပြောင်းလဲ အကြံပြုခဲ့သည်။

၄။ ပြောင်းလဲမှု၏ အကြောင်းပြချက်

အစိုးရဘက်မှ ပြောကြားချက်အရ

အခြား ဖွံ့ဖြိုးပြီး နိုင်ငံများ၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီစေရန်

ပြည်သူများ၏ ယုံကြည်မှုကို မြှင့်တင်ရန်

အလွန်အရေးကြီးသော ရောဂါများကိုသာ အာရုံစိုက်ရန်လိုအပ်သည်ဟု ဆိုသည်။

အရေးကြီးသော နောက်ခံအချက်များ

ဤပြောင်းလဲမှုများသည် အကြံပြုချက်များသာဖြစ်ပြီး ဖက်ဒရယ် ဥပဒေအရ မဖြစ်မနေ ထိုးရမည့်အမိန့် မဟုတ်ပါ။

သို့သော် ဤလမ်းညွှန်ချက်များသည် ပြည်နယ်အဆင့် ကျောင်းဝင်ကာကွယ်ဆေးစည်းမျဉ်းများ ကို သက်ရောက်မှု ရှိနိုင်သည်။

ပုံမှန်စာရင်းမှ ဖယ်ရှားထားသော ကာကွယ်ဆေးများကို အန္တရာယ်မြင့်အုပ်စုများအတွက် ဆက်လက် အကြံပြုထားသည်။

ဤပြောင်းလဲမှုများကြောင့် အချို့ပြည်နယ်များမှ ဥပဒေရေးရာ စိန်ခေါ်မှုများ ဖြစ်ပေါ်နေသည်။

မှတ်ချက်

၁။ အစိုးရပြောင်းလို့ ရောဂါကာကွယ်ဆေးလမ်းညွှန်ချက်ပြောင်းတာ အမေရိကန်

၂။ အစိုးရပြောင်းလို့ သတ်ပုံကျမ်းပြောင်းတာ မြန်မာနိုင်ငံ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ