ကိုလံဘီယာနိုင်ငံသည်

အမေဇုံသစ်တောအတွင်းရှိ မိမိပိုင်ဒေသကို အနာဂတ်တွင် ရုပ်ကြွင်းလောင်စာနှင့် စက်မှုသတ္တုတူးဖော်ရေး လုပ်ငန်းများမှ အပြည့်အဝ ကာကွယ်သည့် ပထမဆုံး အမေဇုံဒေသနိုင်ငံ ဖြစ်လာသည်။

Colombia သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအရေးကြီးတခုကို ကြေညာခဲ့ပြီး မိမိနိုင်ငံအတွင်းရှိ အမေဇုံဒေသ တခုလုံးကို ပြန်လည်ပြည့်ဖြိုးနိုင်သော သဘာဝအရင်းအမြစ်များအတွက် အရန်ဒေသ (reserve zone) အဖြစ် တရားဝင် သတ်မှတ်ကြေညာခဲ့သည်။

ဤသမိုင်းဝင် ဆုံးဖြတ်ချက်သည် ခန့်မှန်းအားဖြင့် ၄၈၃,၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ဒေသကို ဖုံးလွှမ်းထားပြီး ထိုအကျယ်အဝန်းသည် Sweden နိုင်ငံ၏ အကျယ်အဝန်းနှင့် ခန့်မှန်းအားဖြင့် ဆင်တူသည်။ ထို့ကြောင့် ကိုလံဘီယာသည် အမေဇုံသစ်တောအတွင်းရှိ မိမိပိုင်ဒေသတခုလုံးကို စက်မှုသတ္တုတူးဖော်ရေးနှင့် အရင်းအမြစ် ထုတ်ယူရေး လုပ်ငန်းအသစ်များမှ ဥပဒေအရ ကာကွယ်ထားသော ပထမဆုံးနိုင်ငံ ဖြစ်လာသည်။

အစိုးရသည်

ရေနံရှာဖွေရေးအသစ်များ

ဟိုက်ဒရိုကာဗွန် ထုတ်လုပ်ရေး

အကြီးစား သတ္တုတူးဖော်ရေး လုပ်ငန်းများအတွက် ခွင့်ပြုချက်အသစ်များ ထုတ်ပေးခြင်းကို လုံးဝ တားမြစ် ထားသည်။ ထိုကြောင့် စတင်ဆောင်ရွက်ရန် စီစဉ်ထားသော ရေနံတူးဖော်ရေး အကွက် ၄၃ ခု နှင့် သတ္တုတူးဖော်ရေး လျှောက်လွှာ ရာပေါင်းများစွာ ကို ရပ်တန့်လိုက်ရသည်။

ဤမူဝါဒသည် တိုတောင်းသော ကာလအတွင်း အရင်းအမြစ်ထုတ်ယူမှုထက် သဘာဝပတ်ဝန်းကျင်နှင့် သက်တမ်းရှည်တည်တံ့သော ဖွံ့ဖြိုးရေးကို ဦးစားပေးသည့် မူဝါဒပြောင်းလဲမှုကြီးတခု ဖြစ်သည်။

ပတ်ဝန်းကျင်ကာကွယ်ရေး လှုပ်ရှားသူများက ဤဆုံးဖြတ်ချက်ကို သမိုင်းတလျှောက် အရေးပါဆုံး သဘာဝထိန်းသိမ်းရေး အောင်မြင်မှုများထဲမှ တခု အဖြစ် ချီးကျူးကြသည်။ အကြောင်းမှာ ဤအစီအစဉ်သည် ကိုလံဘီယာနိုင်ငံ၏ မြေပြင်ဒေသ ၄၂ ရာခိုင်နှုန်းနီးပါး အစားထိုးမရသော ဒေသခံ မူလလူမျိုးများ၏ မြေယာများ ကို ကာကွယ်ပေးနိုင်သောကြောင့် ဖြစ်သည်။

ဤသစ်တောဒေသများကို ကာကွယ်ထားခြင်းဖြင့် သစ်တောဖြတ်တောက်မှုကို လျှော့ချရန် နှင့် အမေဇုံသစ်တော၏ ကမ္ဘာလုံးဆိုင်ရာ ကာဗွန် သိုလှောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍ ကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ထားသည်။

ယနေ့ ကမ္ဘာကြီးသည် ရာသီဥတု အရေးပေါ် အခြေအနေ (climate crisis) ကို ရင်ဆိုင်နေရသော အချိန်တွင် ကိုလံဘီယာ၏ ဤရဲရင့်သော ဆုံးဖြတ်ချက်သည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကမ္ဘာဂြိုဟ် ရှင်သန်ရေးလိုအပ်ချက်တို့ကို မျှတစေရန် အခြားနိုင်ငံများအတွက် အရေးပါသော နမူနာတခု အဖြစ် ဖြစ်လာနိုင်သည်။

source: Government of Colombia. Declaration of the Amazon Biome as a Natural Resource Reserve Zone. Ministry of Environment and Sustainable Development.

fossil fuel ရုပ်ကြွင်းလောင်စာဆိုသည်မှာ သန်းပေါင်းများစွာနှစ်ကြာ အတိတ်ကာလတွင် ရှင်သန်ခဲ့သော အပင်များနှင့် တိရစ္ဆာန်များ၏ ရုပ်ကြွင်းများ မြေအောက်တွင် ဖိနှိပ်ပေါင်းစည်းကာ ပြောင်းလဲ ဖြစ်ပေါ်လာသော လောင်စာအမျိုးအစားများကို ဆိုလိုသည်။

အဓိက အမျိုးအစားများ

၁။ ရေနံ (Petroleum / Oil)

၂။ ကျောက်မီးသွေး (Coal)

၃။ သဘာဝဓာတ်ငွေ့ (Natural Gas)

အသုံးများသော နေရာများ

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း

မော်တော်ယာဉ် လောင်စာ (ဓာတ်ဆီ၊ ဒီဇယ်)

စက်မှုလုပ်ငန်းများ

အပူထုတ်လုပ်ခြင်း

ပြဿနာများ

ရုပ်ကြွင်းလောင်စာများ အသုံးပြုရာမှ

ကာဗွန်ဒိုင်အောက်ဆိုက် (CO₂)

အခြား ဂရင်းဟောက်စ် ဓာတ်ငွေ့များ

ထုတ်လွှတ်လာသဖြင့် ရာသီဥတုပြောင်းလဲမှု (climate change) ကို ဖြစ်စေသော အဓိက အကြောင်းရင်းတခု ဖြစ်သည်။

အစားထိုး စွမ်းအင်

ထို့ကြောင့် ယနေ့ကမ္ဘာတွင်

နေရောင်စွမ်းအင်

လေအင်အား

ရေစွမ်းအင်

ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးနိုင်သော စွမ်းအင်များ (renewable energy) ကို ပိုမို အသုံးပြုရန် ကြိုးပမ်းလာကြသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ