မြန်မာ၊ တရုပ်၊ အိန္ဒိယ နေ့လယ်စာများ၏ ကယ်လိုရီပမာဏ
မြန်မာနိုင်ငံတွင် နေ့လယ်စာအဖြစ် အများအားဖြင့်
ဟင်းနှင့်ထမင်း
ကြက်သားဟင်း
ခေါက်ဆွဲသုပ်
စသည့် အစားအစာများ ပါဝင်လေ့ရှိသည်။
ထိုကဲ့သို့သော နေ့လယ်စာတနပ်၏ ကယ်လိုရီပမာဏသည်
အစားအစာအမျိုးအစားနှင့် ပမာဏအပေါ် မူတည်၍ ၅၀၀ မှ ၇၀၀ ကယ်လိုရီခန့် ရှိနိုင်သည်။
အသေးစိတ် ဥပမာများ
မြန်မာကြက်ဟင်း (Burmese Chicken Curry)
တခွက် (၂၄၀ ဂရမ်) တွင် ခန့်မှန်းအားဖြင့် —
ကယ်လိုရီ — ၃၃၆
ပရိုတိန်း — ၂၉ ဂရမ်
အဆီ — ၁၉ ဂရမ်
ကာဗိုဟိုက်ဒရိတ် — ၉.၆ ဂရမ်
ရှိနိုင်သည်။
မြန်မာခေါက်ဆွဲသုပ် (Burmese Noodle Salad)
၂၁၃ ဂရမ် တပွဲတွင် —
ကယ်လိုရီ — ၄၀၀
ကာဗိုဟိုက်ဒရိတ် — ၄၆ ဂရမ်
ပရိုတိန်း — ၉ ဂရမ်
အဆီ — ၁၆ ဂရမ်
ရှိနိုင်သည်။
ရှမ်းခေါက်ဆွဲ (ဝက်သားနှင့် Bok Choy ပါ)
တပွဲတွင် —
ကယ်လိုရီ — ၆၆၀
ကာဗိုဟိုက်ဒရိတ် — ၇၇ ဂရမ်
အဆီ — ၂၉ ဂရမ်
ပရိုတိန်း — ၂၅ ဂရမ်
ရှိနိုင်သည်။
ထမင်း
ချက်ပြီး ထမင်းတခွက်တွင် ခန့်မှန်းအားဖြင့် ၂၀၅ ကယ်လိုရီ ရှိနိုင်သည်။
တရုပ်အစားအစာ (Chinese Food)
တရုပ်စတိုင် နေ့လယ်စာတနပ် (ဥပမာ stir-fry ဟင်းများ သို့မဟုတ် ခေါက်ဆွဲဟင်းများ) သည်
အစားအစာအမျိုးအစားနှင့် ချက်ပြုတ်နည်းအပေါ် မူတည်၍
၂၂၂ မှ ၃၉၃ ကယ်လိုရီခန့် ရှိနိုင်သည်။
ဥပမာများ
Chinese Chicken Salad — ၃၉၃ ကယ်လိုရီခန့်
Chinese Pepper Steak — ၃၁၂ ကယ်လိုရီခန့်
Chinese Shrimp with Garlic — ၂၂၇ ကယ်လိုရီခန့်
Chinese Pork Tenderloin — ၂၂၂ ကယ်လိုရီခန့်
Chinese Steamed Fish — ၃၇၉ ကယ်လိုရီခန့်
Black Pepper Beef with Cabbage Stir-Fry — ၂၈၀ ကယ်လိုရီခန့်
အိန္ဒိယအစားအစာ (Indian Food)
အိန္ဒိယ နေ့လယ်စာတနပ်တွင် အများအားဖြင့်
ထမင်း
ဒါလ် (ပဲဟင်း)
ဟင်းသီးဟင်းရွက်ဟင်း
အသား သို့မဟုတ် ငါးအနည်းငယ်
တို့ ပါဝင်ပြီး ကယ်လိုရီပမာဏမှာ ၅၀၀ မှ ၈၀၀ ခန့် ရှိနိုင်သည်။
အစားအစာအမျိုးအစားအလိုက် ကယ်လိုရီ
ထမင်း
ချက်ပြီး ထမင်း ၂၀၀ ဂရမ် — ၂၆၀–၂၇၀ ကယ်လိုရီ
Roti ရိုတီး
တချပ် — ၈၀–၁၀၀ ကယ်လိုရီ
Dal (ပဲဟင်း)
၁၅၀ ဂရမ် — ၁၅၀ ကယ်လိုရီခန့်
Sabzi (ဟင်းသီးဟင်းရွက်ဟင်း)
၁၅၀ ဂရမ် — ၁၅၀–၂၀၀ ကယ်လိုရီ
အသုပ်
အသုပ်အနည်းငယ် — ၃၀–၄၀ ကယ်လိုရီ
ဒိန်ချဉ် (Curd / Yogurt)
၁၀၀ ဂရမ် — ၁၀၀ ကယ်လိုရီ
အသား / ငါးဟင်း
ချက်ပြုတ်နည်းနှင့် ပမာဏအပေါ် မူတည်၍
၁၀၀ မှ ၄၀၀ ကျော် ကယ်လိုရီ ရှိနိုင်သည်။
ဥပမာ —
Tandoori Chicken — ၂၆၀ ကယ်လိုရီ
Butter Chicken — ၄၉၀ ကယ်လိုရီ
အခြား အိန္ဒိယဟင်းများ
Chicken Biryani — ၅၁၉ ကယ်လိုရီ
Chicken Jalfrezi — ၃၈၅ ကယ်လိုရီ
Chicken Korma — ၅၉၉ ကယ်လိုရီ
Chicken Rogan Josh (ထမင်းနှင့်) — ၆၂၇ ကယ်လိုရီ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment