မှို၏ ကျန်းမာရေးအကျိုးကျေးဇူးများ
မှိုများတွင် အာဟာရဓါတ်များ ကြွယ်ဝစွာ ပါဝင်နေခြင်းနှင့် ထူးခြားသော ဇီဝတက်ကြွဓါတ်များ ပါဝင်နေခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူး များစွာ ပေးစွမ်းနိုင်သည်။
မှိုများသည် ergothioneine နှင့် glutathione ကဲ့သို့သော အန်တီအောက်ဆီဒန်ဓါတ်များကို အစားအစာမှ ရရှိနိုင်သော အကောင်းဆုံးရင်းမြစ်များထဲမှ တခုဖြစ်သည်။ ဤဓါတ်များသည် oxidative stress ကို လျှော့ချပေးနိုင်ပြီး ကျန်းမာစွာ အိုမင်းခြင်းနှင့်လည်း ဆက်နွယ်နိုင်သည်။
မှိုတွင် ပါဝင်သော ဖိုင်ဘာနှင့် beta-glucans များသည် အူလမ်းကြောင်းနှင့် ကိုယ်ခံအားစနစ် ကျန်းမာရေးကို အထောက်အကူပြုသည်။ ထို့ပြင် မှို၏ အရသာထူးသော umami အရသာ သည် အစားအစာကို ပိုမို ကျေနပ်ဖွယ် ဖြစ်စေသဖြင့် အစားချင်စိတ် ထိန်းညှိခြင်းနှင့် ကိုယ်အလေးချိန်ကို ကျန်းမာစွာ ထိန်းသိမ်းနိုင်ရန်လည်း ကူညီနိုင်သည်။
ကမ္ဘာတဝှမ်း မီးဖိုချောင်များတွင် လူကြိုက်များသော cremini မှို သည် စားသုံးရန် အသုံးများဆုံး မှိုအမျိုးအစားများထဲမှ တခုဖြစ်သည်။ ၎င်းတွင် ဇင့် (zinc) ဓါတ် ကြွယ်ဝစွာ ပါဝင်ပြီး ကိုယ်ခံအားစနစ်အတွက် အရေးပါသော အာဟာရဓါတ် ဖြစ်သည်။ ထို့ပြင် ကလေးများနှင့် မွေးကင်းစကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း လိုအပ်သော ဓါတ်တမျိုး ဖြစ်သည်။
စားသုံးနိုင်သော အခြားမှိုအမျိုးအစားများ
Portobello
Porcini
Shiitake
Oyster
Chanterelle
Enoki
Morel
ယေဘုယျအားဖြင့် မှိုအမျိုးအစားတခုဟု ယူဆကြသော်လည်း truffle များလည်း မှိုမျိုးရင်းတမျိုးဖြစ်သည်။ သို့သော် ၎င်းတို့သည် အခြားမှိုများနှင့် ပုံသဏ္ဌာန်နှင့် ကြီးထွားပုံတွင် ကွာခြားသည်။
Truffle များတွင် အခြားမှိုများကဲ့သို့ တံမရှိဘဲ အပြင်အသား အဖုဖုများရှိသော အညိုရောင် ပုံသဏ္ဌာန်ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် မြေအောက်တွင် သစ်ပင်အမြစ်များနှင့် ချိတ်ဆက်၍ ကြီးထွားသည်။ Truffle များသည် အခြားမှိုများထက် အရသာနှင့် အနံ့ ပိုပြင်းပြီး နှစ်တနှစ်အတွင်း လအနည်းငယ်သာ ပေါက်တတ်သည်။ အခြားမှိုအမျိုးအစားများစွာမှာတော့ တနှစ်ပတ်လုံး ပေါက်တတ်သည်။
မှို၏ အကျိုးကျေးဇူးများ
သွေးပေါင်ချိန် လျှော့ချပေးနိုင်ခြင်း
မှိုသည် potassium ဓါတ် ကြွယ်ဝသော အစားအစာတမျိုး ဖြစ်သည်။ Potassium သည် ကိုယ်ခန္ဓာအတွင်း sodium ၏ ဆိုးကျိုးများကို လျှော့ချပေးနိုင်သည်။ ထို့ပြင် သွေးကြောများ၏ တင်းမာမှုကို လျှော့ချပေးသဖြင့် သွေးပေါင်ချိန်ကို လျှော့ချရာတွင် အထောက်အကူ ဖြစ်နိုင်သည်။
ထို့အပြင် မှိုတွင် sodium ပါဝင်မှု နည်းသောကြောင့် ဆားများသော အစားအစာများအစား မှိုကို အသုံးပြုခြင်းဖြင့် sodium စားသုံးမှုကို လျှော့ချနိုင်ပြီး သွေးပေါင်ချိန် ထိန်းညှိရာတွင် အထောက်အကူ ဖြစ်နိုင်သည်။
ကိုယ်ခံအားစနစ် အားကောင်းစေခြင်း
မှိုများတွင် ရောင်ရမ်းမှုကို လျှော့ချပေးသော အာနိသင်ရှိပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေသည်။
selenium
vitamin D
vitamin B6
တို့ ကြွယ်ဝစွာ ပါဝင်သည်။
Selenium သည် ကိုယ်ခန္ဓာရှိ ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ရာတွင် ကူညီနိုင်သည်။ Vitamin D သည် ဆဲလ်ကြီးထွားမှုကို အထောက်အကူပြုသည်။ Vitamin B6 သည် သွေးနီဆဲလ်များ ဖွဲ့စည်းရာတွင် လိုအပ်သည်။ ဤအာဟာရဓါတ်များအားလုံးသည် ကိုယ်ခံအားစနစ်ကို ကျန်းမာစွာ ထိန်းသိမ်းရန် အရေးပါသည်။
ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ
ရှည်လျားသောနှင့် ကာလတို သုတေသနများအရ မှိုကို လေ့ကျင့်ခန်းနှင့် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲမှုများနှင့် တွဲဖက်အသုံးပြုပါက ကိုယ်အလေးချိန် လျှော့ချရာတွင် အရေးပါသော သက်ရောက်မှု ရှိနိုင်သည်။
မှိုတွင် ပါဝင်သော အန်တီအောက်ဆီဒန်ဓါတ်များသည် ဆဲလ်များ၏ ကာကွယ်ရေးစနစ်ကို တိုးတက်စေပြီး ရောင်ရမ်းမှု လျှော့ချပေးကာ အဝလွန်ခြင်းနှင့် ဆက်နွယ်သော သွေးပေါင်တက်ခြင်းကို ကာကွယ်နိုင်သည်ဟု ယူဆကြသည်။
ဦးနှောက်ကျန်းမာရေးအတွက် မှို
မှိုတွင် ပါဝင်သော ဗီတာမင် B အုပ်စုနှင့် အန်တီအောက်ဆီဒန်ဓါတ်များ သည် neurotransmitter လုပ်ငန်းဆောင်တာကို တိုးတက်စေသည်။ ဆိုလိုသည်မှာ အာရုံကြောဆဲလ်များမှ အခြားအာရုံကြောဆဲလ်များ၊ အဆီပြန်အင်္ဂါများ သို့မဟုတ် ကြွက်သားဆဲလ်များသို့ ဓါတုသတင်းအချက်အလက်များ ပို့ဆောင်နိုင်မှုကို တိုးတက်စေနိုင်သည်။
သုတေသနများအရ တပတ်လျှင် မှို နှစ်ခွက်ခန့် စားသုံးပါက ဦးနှောက်မှတ်ဉာဏ်ပျက်ယွင်းမှု ဖြစ်နိုင်ခြေကို တဝက်ခန့် လျှော့ချပေးနိုင်သည် ဟု ဖော်ပြထားသည်။
မှိုတွင် ပါဝင်သော Vitamin D
အချို့မှိုများကို ultraviolet (UV) အလင်းရောင် ထိတွေ့စေပါက vitamin D ကောင်းသော ရင်းမြစ်တခု ဖြစ်လာနိုင်သည်။ Vitamin D သည် အရိုးကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်အတွက် အရေးပါသော အာဟာရဓါတ် ဖြစ်သည်။
မှိုအချို့တွင် ergosterol ဟုခေါ်သော အပင် sterol ပါဝင်ပြီး ထိန်းချုပ်ထားသော အခြေအနေများအောက်တွင် vitamin D အဖြစ် ပြောင်းလဲနိုင်သည်။
UV အလင်းရောင် ထိတွေ့ထားသော
portabella မှို တခွက်
သို့မဟုတ်
white button မှို ၄–၅ လုံး
တွင် vitamin D 400 IU ခန့် ရရှိနိုင်သည်။
အသက် ၁ မှ ၇၀ အတွင်း လူများအတွက် နေ့စဉ်လိုအပ်သော vitamin D ပမာဏ (RDA) သည် 600 IU ဖြစ်ပြီး အသက် ၇၀ ကျော် အတွက် 800 IU ဖြစ်သည်။
အမျိုးသမီးများအတွက် မှို၏ အကျိုးကျေးဇူး
မှိုကို ပိုမိုများပြားစွာ စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည် ဟု သုတေသနများတွင် တွေ့ရှိထားသည်။
သုတေသနတခုအရ တနေ့လျှင် မှို ၁၈ ဂရမ် စားသုံးသူများတွင် ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅% ခန့် လျှော့ချနိုင်သည် ဟု တွေ့ရှိခဲ့သည်။
အမျိုးသားများအတွက် မှို၏ အကျိုးကျေးဇူး
သုတေသနတခုအရ မှိုကို ပုံမှန် စားသုံးသော အမျိုးသားများတွင် prostate ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းနိုင်သည် ဟု ဖော်ပြထားသည်။
မှိုစားရာတွင် လုံခြုံမှု
ဆူပါမားကတ်များ သို့မဟုတ် ယုံကြည်ရသော ထောက်ပံ့သူများမှ ရရှိသော မှိုအမျိုးအစားများသည် ယေဘုယျအားဖြင့် စားသုံးရန် လုံခြုံသည်။
အများဆုံး စားသုံးကြသော မှိုများမှာ
white button
cremini
portobello
shiitake
oyster
တို့ ဖြစ်ပြီး စားသုံးရန် အထူး စိုက်ပျိုးထုတ်လုပ်ထားသဖြင့် အန္တရာယ်ရှိသော အဆိပ်ဓါတ်များ မပါဝင်ပါ။
ထို့ပြင် maitake, enoki, lion’s mane, morel ကဲ့သို့သော မှိုများကိုလည်း ထိန်းချုပ်ထားသော အခြေအနေများအောက်တွင် စိုက်ပျိုးကြသည်။
စားသုံးရာတွင်
မှိုများကို ဆေးကြောပါ
အေး၍ ခြောက်သွေ့သော နေရာတွင် သိမ်းဆည်းပါ
ကောင်းစွာ ချက်ပြုတ်ပြီး စားပါ
ဤနည်းများသည် အစာအဆိပ်ဖြစ်နိုင်ခြေကို လျှော့ချပေးသည်။
မှိုစားခြင်း၏ အားနည်းချက်များ
တောထဲမှိုများအချို့တွင် အလွန်အန္တရာယ်ရှိသော အဆိပ်များ ပါဝင်နိုင်သည်။ မှိုအမျိုးအစား ခွဲခြားမှုကို ကျွမ်းကျင်သူ မဟုတ်ပါက တောမှိုများကို ကိုယ်တိုင် ရှာဖွေစားသုံးခြင်း မပြုသင့်ပါ။
အချို့လူများတွင် မှိုစားပြီး
အစာအိမ်မအောင်ခြင်း
အစာခြေလမ်းကြောင်း မအဆင်ပြေခြင်း
တို့ ဖြစ်နိုင်သည်။
မှို allergy ရှိသူများသည် မှိုအားလုံးကို ရှောင်ကြဉ်သင့်သည်။ ထို့ပြင် ကိုယ်ခံအားစနစ် သို့မဟုတ် သွေးခဲမှုကို သက်ရောက်သော ဆေးများ သောက်နေသူများသည် reishi သို့မဟုတ် lion’s mane ကဲ့သို့သော ဆေးဘက်ဆိုင်ရာ မှိုများကို များပြားစွာ စားသုံးမီ ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
မှို၏ အာဟာရတန်ဖိုး
မှိုသည် ကယ်လိုရီနည်း၍ ဖိုင်ဘာ၊ ပရိုတိန်းနှင့် အန်တီအောက်ဆီဒန်ဓါတ်များ ကြွယ်ဝသော အစားအစာ ဖြစ်သည်။
ထို့ပြင် အောက်ပါ ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချရာတွင် အထောက်အကူ ဖြစ်နိုင်သည်။
Alzheimer ရောဂါ
နှလုံးရောဂါ
ကင်ဆာ
ဆီးချိုရောဂါ
မှိုသည် အောက်ပါ အာဟာရဓါတ်များ၏ ကောင်းသော ရင်းမြစ်လည်း ဖြစ်သည်။
Selenium
Copper
Thiamin
Magnesium
Phosphorus
cremini မှို တခွက် တွင် ပါဝင်သော အာဟာရဓါတ်များမှာ —
Calories — 15
Protein — 2.2 grams
Fat — 0.1 grams
Carbohydrates — 3.7 grams
Fiber — 0.5 grams
Sugar — 1.5 grams
ဒေါက်တာတင့်ဆွေ

Comments
Post a Comment