Causes of declining grip strength လက်ဆုပ်ကိုင်အား လျော့နည်းလာရခြင်း အကြောင်းရင်းများ
လက်ဆုပ်ကိုင်အား လျော့နည်းလာရခြင်း အကြောင်းရင်းများ
ကြွက်သားအားနည်းခြင်း - လှုပ်ရှားမှုနည်းခြင်း သို့မဟုတ် သတ်မှတ်ထားသော လေ့ကျင့်ခန်းများ မလုပ်ဆောင်ခြင်းကြောင့် လက်ဆုပ်ကိုင်အား အပါအဝင် ကြွက်သားများ အားနည်းခြင်း ဖြစ်ပေါ်နိုင်သည်။
အသက်အရွယ်ကြီးရင့်လာခြင်း - အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားထုထည်နှင့် ခွန်အား သဘာဝအတိုင်း လျော့နည်းလာသဖြင့် လက်ဆုပ်ကိုင်အားများ အားနည်းလာတတ်သည်။
ကျန်းမာရေးအခြေအနေများ - အဆစ်အမြစ်ရောင်ရောဂါ၊ လက်ကောက်ဝတ်အာရုံကြောပိတ်ရောဂါ (Carpal tunnel syndrome)၊ အကြောရောင်ရောဂါနှင့် အာရုံကြောဒဏ်ရာရခြင်း အစရှိသော ကျန်းမာရေးအခြေအနေ အတော်များများကြောင့် လက်ဆုပ်ကိုင်အား လျော့နည်းသွားနိုင်သည်။
ဒဏ်ရာရရှိမှုများ - အထူးသဖြင့် လက်ဝါး၊ လက်ကောက်ဝတ် သို့မဟုတ် လက်မောင်းတို့တွင် ရရှိခဲ့သော ဒဏ်ရာဟောင်းများကို စနစ်တကျ ပြန်လည်ကုသမှုမပြုခဲ့လျှင် နှစ်ရှည်လများအထိ လက်ဆုပ်ကိုင်အားကို ထိခိုက်စေနိုင်သည်။
အာရုံကြောဆိုင်ရာ ရောဂါများ - အာရုံကြောမကြီးမှ ခွဲထွက်သော အာရုံကြောများ ပျက်စီးခြင်း (Peripheral neuropathy) ကဲ့သို့သော အာရုံကြောကို ထိခိုက်စေသည့် ရောဂါများ သို့မဟုတ် အာရုံကြောဆိုင်ရာ ချို့ယွင်းမှုများကြောင့် လက်ဆုပ်ကိုင်အား လျော့နည်းခြင်း ဖြစ်ပေါ်နိုင်သည်။
အာဟာရဓာတ် ချို့တဲ့ခြင်း - ဗီတာမင် ဒီ (Vitamin D)၊ ကယ်လ်ဆီယမ် (Calcium) နှင့် ပရိုတင်း (Protein) ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များ ချို့တဲ့ခြင်းသည် ကြွက်သားကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။
လက်ဆုပ်ကိုင်အား အမြဲတစေ အားနည်းနေသူများအနေဖြင့် အရင်းခံအကြောင်းရင်းကို ရှာဖွေရန်နှင့် သင့်တော်သော ကုသမှုများကို စူးစမ်းရန် ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်။
ကုသမှုဆိုင်ရာ ရွေးချယ်စရာများ
အရေးကြီးဆုံးအချက်မှာ မည်သည့်လေ့ကျင့်ခန်းကိုမဆို မစတင်မီ၊ သင့်တွင် ကျန်းမာရေးအခြေအနေ တစုံတရာ (တစုံတရာ) ရှိနေပါက သို့မဟုတ် လက်ဆုပ်ကိုင်အား လျော့နည်းလာသည်ဟု ခံစားရပါက ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ရယူပါ။
အခြေခံကျန်းမာရေးပြဿနာများ ပိုမိုဆိုးရွားမလာစေရန်နှင့် သက်တောင့်သက်သာရှိမှုကို ထိန်းသိမ်းရန်အတွက် စောစီးစွာ ကုသမှုခံယူရန်မှာ အလွန်အရေးကြီးပါသည်။ ဆရာဝန် တဦး (တဦး) သည် လက်ဆုပ်ကိုင်အား လျော့နည်းရသည့် အရင်းခံအကြောင်းရင်းကို တိကျစွာ ရောဂါရှာဖွေပေးနိုင်ပြီး ပြန်လည်ကျန်းမာလာစေရန် သင့်တော်သော ကုသမှုများကို အကြံပြုပေးနိုင်ပါသည်။
လက်ဆုပ်ကိုင်အားကို ထိခိုက်စေသော အဆစ်အမြစ်ပြဿနာများအတွက် အဆစ်အတွင်း ဆေးထိုးခြင်း၊ ကာယကုထုံး (Physical therapy) သို့မဟုတ် အရောင်ကျဆေးများ သောက်သုံးရန် ညွှန်ကြားနိုင်ပါသည်။ ကာယကုထုံးမှတဆင့် သင့်အား လေ့ကျင့်ခန်းများ သင်ကြားပေးနိုင်ပြီး လက်ဖဝါးကြွက်သားများကို သန်မာလာစေရန် ကူညီပေးနိုင်ပါသည်။
အသက် ၄၀-၅၀ ရှိသူတိုင်း သွေးတိုး၊ ဆီးချို စစ်ရပါမယ်။ ယသူတွေကက ကိုလက်စထော စစ်ရပါမယ်။ အဆစ်နာသူတွေက ယူရစ်အက်စစ် စစ်ရပါမယ်။
လိုသေး မေးနိုင်။
ဒေါက်တာတင့်ဆွေ
-25.webp)
Comments
Post a Comment