Fact Check သတင်း မှန် မမှန် စစ်ဆေးခြင်း
ဂျာမနီမှာ ဆီးချိုရောဂါ အပြီးသတ်ပျောက်ကင်းစေသော ဆေးကို အခမဲ့ပေးနေသည်ဆိုတာ မှန်ပါသလား
မကြာသေးမီက ဆိုရှယ်မီဒီယာများတွင် “ဂျာမနီနိုင်ငံမှာ ဆီးချိုရောဂါကို အပြီးသတ်ပျောက်ကင်းစေသော ကုသမှုတမျိုး ရှိပြီး၊ အမေရိကန်မှာ $40,000 ခန့် ကုန်ကျသော်လည်း ဂျာမနီမှာ နိုင်ငံခြားလူနာများကို အခမဲ့ ကုသပေးနေသည်”
ဟူသော သတင်းတခု ပျံ့နှံ့နေသည်။
သို့သော် အောက်ပါအချက်များကို စစ်ဆေးကြည့်ရာတွင် —
ဤသတင်းသည် မမှန်ပါ။
၁။ ဂျာမနီအစိုးရ၏ တရားဝင် ကြေညာချက် မရှိပါ။
ဂျာမနီ ကျန်းမာရေးအာဏာပိုင်များ၊ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့များ၏ မှတ်တမ်းများတွင် နိုင်ငံခြားလူနာများအား အခမဲ့ ဆီးချိုပျောက်ဆေး ပေးနေသည် ဆိုသော အချက် မတွေ့ရပါ။
၂။ ဆီးချိုရောဂါကို အပြီးသတ်ပျောက်ကင်းစေသော ဆေး မရှိသေးပါ။
လက်ရှိ ဆေးပညာအရ
Type 1 diabetes
Type 2 diabetes
တို့အတွက် ကုသနည်းများ ရှိသော်လည်း လူနာအားလုံးအတွက် အပြီးသတ် cure ဟု သတ်မှတ်နိုင်သော ဆေး မရှိသေးပါ။
၃။ အမေရိကန်တွင် cell therapy တမျိုး ရှိသော်လည်း cure မဟုတ်ပါ။
Type 1 diabetes လူနာအချို့အတွက် islet cell therapy ကဲ့သို့သော ကုသနည်းများ ရှိသော်လည်း
လူနာအချို့သာ သုံးနိုင်
donor cell လိုအပ်
immunosuppressive ဆေးများ သောက်ရနိုင်သောကြောင့် အပြီးသတ်ပျောက်ကင်းမှု ဟု မသတ်မှတ်နိုင်ပါ။
အချုပ်
“ဂျာမနီမှာ နိုင်ငံခြားလူနာများကို အခမဲ့ ဆီးချိုပျောက်ဆေး ပေးနေသည်” ဆိုသော ဆိုရှယ်မီဒီယာသတင်းသည် မမှန်သော သတင်း (False claim) ဖြစ်ပါသည်။
ကျန်းမာရေးနှင့် ပတ်သက်သော သတင်းများကို တရားဝင် ကျန်းမာရေးအဖွဲ့အစည်းများနှင့် သုတေသနစာတမ်းများမှ အချက်အလက်များကိုသာ ယုံကြည်သင့်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment