IV Vitamin Therapy ဗီတာမင်ဆေးသွင်းကုသမှု
IV vitamin therapy ဆိုသည်မှာ ဗီတာမင်များ၊ သတ္တုဓါတ်များနှင့် အန်တီအောက်ဆီဒန်ဓါတ်များ ပါဝင်သော အရည်ကို သွေးကြောမှတဆင့် (IV) ကိုယ်ခန္ဓာအတွင်းသို့ တိုက်ရိုက် ထိုးသွင်းပေးသော ကုသနည်း ဖြစ်သည်။ များသောအားဖြင့် လက်ရှိ သွေးကြောတကြောမှ ထိုးသွင်းပေးကြသည်။
ဤနည်းလမ်းကြောင့် အာဟာရဓါတ်များကို ကိုယ်ခန္ဓာက မြန်မြန်စုပ်ယူနိုင်ပြီး သတ်မှတ်ထားသော ပမာဏအတိုင်း ရရှိနိုင်သည်။
မကြာသေးမီနှစ်များတွင် IV vitamin therapy အသုံးပြုမှု တိုးလာခြင်းသည် အခြေခံအာဟာရဓါတ်များ၏ ကိုယ်ခန္ဓာအားကောင်းစေသည့် အကျိုးကျေးဇူးများကို အဆိုပြုသည့် wellness claims များနှင့် သက်သေခံ အတွေ့အကြုံများကြောင့် ဖြစ်သည်။
သို့သော် IV vitamin therapy ကို ယေဘုယျကျန်းမာရေး တိုးတက်စေသည်ဟု သက်သေပြသော သိပ္ပံသုတေသနအထောက်အထားများမှာ များစွာ မရှိသေးပါ။
IV vitamin therapy ကို wellness နည်းလမ်းအဖြစ် အသုံးပြုရာတွင် ရည်ရွယ်ချက်မှာ ကိုယ်ခန္ဓာသို့ အာဟာရဓါတ်များကို မြန်ဆန်ထိရောက်စွာ ပေးပို့ရန် ဖြစ်သည်။ ကောင်းစွာ ပြင်ဆင်ထားပါက IV drip အိတ်များတွင် ဗီတာမင်နှင့် သတ္တုဓါတ်များကို တိကျသော ပမာဏဖြင့် ထည့်သွင်း ပြုလုပ်နိုင်သည်။
ဤနည်းလမ်းဖြင့် ထိုးသွင်းသော အာဟာရဓါတ်များကို ခန့်မှန်းအားဖြင့် ၁၀၀% နီးပါး စုပ်ယူနိုင်သည်။
လူများ IV vitamin therapy ကို ရွေးချယ်ရသည့် အကြောင်းရင်းများ
စိတ်ကြည်လင်မှု တိုးတက်စေခြင်း
ဦးနှောက်ကျန်းမာရေးအတွက် အရေးပါသော magnesium၊ B vitamins၊ amino acids နှင့် အန်တီအောက်ဆီဒန်ဓါတ်များ ပါဝင်သော IV vitamin mix များသည် စိတ်အာရုံစူးစိုက်နိုင်မှုနှင့် မှတ်ဉာဏ်ကို တိုးတက်စေနိုင်သည်ဟု ဆိုကြသည်။
မောပန်းမှု လျှော့ချရန်
Magnesium နှင့် zinc ကဲ့သို့သော သတ္တုဓါတ်များ၊ B complex vitamins နှင့် calcium တို့သည် ဆဲလ်အဆင့်နှင့် metabolism အဆင့် တွင် စွမ်းအင် ထုတ်လုပ်မှုအတွက် အရေးပါသော အခန်းကဏ္ဍများ ရှိသည်။ ထို့ကြောင့် မောပန်းမှု ခံစားရသူများတွင် စွမ်းအင် တိုးတက်စေနိုင်သည်ဟု ဆိုကြသည်။
ကိုယ်ခံအားစနစ် အားပေးခြင်း
IV vitamin drip များတွင် များသောအားဖြင့် vitamin C၊ zinc နှင့် B vitamins တို့ ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်သည်ဟု အချို့က ယူဆကြသည်။
မိုက်ဂရိန်း (Migraine) ထိန်းချုပ်ခြင်း
Magnesium၊ calcium နှင့် vitamins B၊ C တို့ကဲ့သို့သော IV vitamin therapy အစိတ်အပိုင်းအချို့သည် မိုက်ဂရိန်းကို ထိန်းချုပ်ရာတွင် အနည်းငယ် အကျိုးရှိနိုင်ကြောင်း သုတေသနများတွင် တွေ့ရှိထားသည်။
Dehydration ရေနှင့် ဓါတ်ဆားနည်းခြင်း ပြန်ဖြည့်ရန်
ကိုယ်ခန္ဓာတွင် အရည်လျော့နေပါက IV therapy ဖြင့် အရည်နှင့် electrolytes များကို မြန်မြန် ပြန်ဖြည့်နိုင်သည်။
ထိုနည်းဖြင့်
ဝမ်းလျှောရောဂါ
hangover အရက်သောက်ပြီးနောက်ခံစားရမှုများ
တို့ကြောင့် ဖြစ်သော မသက်မသာမှုများမှ ပြန်လည် သက်သာလာစေရန် ကူညီနိုင်သည်။
Fibromyalgia နာကျင်မှု လျှော့ချခြင်း
၂၀၀၉ ခုနှစ် သုတေသနအသေးတခုအရ fibromyalgia ရောဂါရှိသူများသည် ၈ ပတ်ကြာ IV vitamin therapy ပြုလုပ်ပြီးနောက် နာကျင်မှု၊ စိတ်ကျရောဂါနှင့် ဘဝအရည်အသွေး တိုးတက်လာကြောင်း ဖော်ပြခဲ့သည်။
သို့သော် IV vitamin group နှင့် placebo group ကြားတွင် ထူးခြားသော ကွာခြားချက် မတွေ့ရှိခဲ့ပါ။
သုတေသနရှင်များ၏ သတိပေးချက်
IV vitamin therapy ကို “ယေဘုယျကျန်းမာရေး နည်းလမ်း” အဖြစ် အသုံးပြုရာတွင် ထိရောက်မှု မသေချာသေးကြောင်း သုတေသနရှင်များက သတိပေးထားသည်။
အထူးသဖြင့် ဆေးဘက်ဆိုင်ရာ ကုသမှုအတွက် ပြုလုပ်သော IV therapy (ဥပမာ — အာဟာရဓါတ် ချို့တဲ့မှု ကုသရန်)
နှင့်
ကိုယ်တိုင်ကျန်းမာရေး ထိန်းသိမ်းရေးအတွက် အသုံးပြုသော IV therapy တို့ကြားတွင် ကွာခြားမှု ရှိကြောင်း ဖော်ပြထားသည်။
IV vitamin therapy ပြုလုပ်ရာတွင် အောက်ပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည် —
ထိုးသွင်းရာနေရာတွင် ပိုးဝင်ခြင်း သို့မဟုတ် အညိုကွက် ဖြစ်ခြင်း
ဗီတာမင် ပမာဏများလွန်းပါက vitamin toxicity ဖြစ်နိုင်ခြင်း (အန်ချင်ခြင်း၊ မူးဝေခြင်း စသည့် လက္ခဏာများ ဖြစ်နိုင်သည်)
အလွန်ဆိုးရွားသော အခြေအနေတွင်
နှလုံးထိခိုက်ခြင်း
stroke လေဖြတ်ခြင်း
သေဆုံးခြင်းတို့ ဖြစ်နိုင်သည်
ထိုးသွင်းမှုကြောင့် သွေးကြောတွင် embolism (ပိတ်ဆို့မှု) ဖြစ်နိုင်သည်
သောက်နေသော ဆေးများနှင့် ဆိုးရွားသော အပြန်အလှန် သက်ရောက်မှု ဖြစ်နိုင်သည်
IV vitamin therapy ပြုလုပ်ရာတွင် အထူးသတိထားရန် အကြံပြုထားသည်။ အကြောင်းမှာ hydration clinics နှင့် spa များအများစုမှာ စည်းမျဉ်းများဖြင့် ကောင်းစွာ ထိန်းချုပ်ထားခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အောက်ပါအချက်များကို မေးမြန်းသင့်သည် —
IV vitamin drip ကို ဘယ်လို formulate လုပ်ထားသလဲ
လိုင်စင်ရ ဆေးဘက်ဆိုင်ရာတဦးက ကြီးကြပ်နေသလား
IV vitamin therapy ပြုလုပ်မီ ကိုယ်ပိုင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း လုပ်သင့်ကြောင်း အကြံပြုထားသည်။
အထူးသဖြင့် အောက်ပါအခြေအနေများရှိပါက IV vitamin therapy ကို ရှောင်ကြဉ်သင့်သည် —
နှလုံးရောဂါ
သွေးဖိအားတက်ရောဂါ
ကျောက်ကပ်ရောဂါ
ကိုယ်ဝန်ရှိခြင်း
IV vitamin therapy သည် ကုန်ကျစရိတ် မြင့်မားနိုင်ပြီး ဆေးဘက်ဆိုင်ရာ လိုအပ်ချက်မရှိဘဲ ပြုလုပ်ပါက ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကို ကောင်းစွာ ချိန်ဆသင့်သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment