Kidney-friendly eating plans ကျောက်ကပ်အတွက် သင့်တော်သော အစားအစာအစီအစဉ်

ကျောက်ကပ်အတွက် သင့်တော်သော အစားအစာအစီအစဉ်ဆိုသည်မှာ ကိုယ်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပြီး ကျောက်ကပ်ပျက်စီးမှုကို နှေးကွေးစေနိုင်သည့် စားသောက်နည်းလမ်းတခုဖြစ်သည်။ ထိုအစီအစဉ်တွင် ကျောက်ကပ်အပေါ် ဖိအားနည်းသော အစားအစာများကို ရွေးချယ်စားသုံးပြီး အခြားအစားအစာများနှင့် အရည်များကို ကန့်သတ်ပေးရသည်။ ထိုသို့ကန့်သတ်ရခြင်းမှာ အစားအစာထဲရှိ သတ္တုဓာတ်အချို့ (ဥပမာ—ပိုတက်စီယမ်) များသည် ကိုယ်ခန္ဓာထဲတွင် အလွန်များပြားမတက်လာစေရန် ဖြစ်သည်။


ပရိုတိန်း (Protein)


ပရိုတိန်းသည် ကိုယ်ခန္ဓာကို စွမ်းအင်ပေးသော အာဟာရဓာတ်တမျိုး ဖြစ်သည်။

ကိုယ်ခန္ဓာကြီးထွားရန်၊ ကြွက်သားတည်ဆောက်ရန်၊ ဒဏ်ရာပျောက်ကင်းရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ပရိုတိန်းလိုအပ်သည်။


အဆီ (Fat)


အဆီသည်လည်း ကိုယ်ခန္ဓာကို စွမ်းအင်ပေးသော အာဟာရဓာတ်တမျိုး ဖြစ်သည်။

အဆီသည် ကိုယ်ခန္ဓာအတွင်း လုပ်ငန်းများစွာ ဆောင်ရွက်ရာတွင် လိုအပ်ပြီး ဥပမာအားဖြင့် အစားအစာထဲမှ ဗီတာမင်များကို အသုံးပြုနိုင်စေရန်နှင့် ကိုယ်အပူချိန်ကို သင့်တော်စွာ ထိန်းသိမ်းပေးရန် ကူညီပေးသည်။


ကာဗိုဟိုက်ဒရိတ် (Carbohydrates / carbs)


ကာဗိုဟိုက်ဒရိတ်သည် ကိုယ်ခန္ဓာအတွက် အဓိက စွမ်းအင်ရင်းမြစ် ဖြစ်သည်။

ကိုယ်ခန္ဓာသည် ကာဗိုဟိုက်ဒရိတ်ကို ပရိုတိန်းနှင့် အဆီထက် ပိုလွယ်ကူစွာ စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။


ကျောက်ကပ်အတွက် သင့်တော်သော အစားအစာအစီအစဉ်ကို လိုက်နာနိုင်ရန် အောက်ပါအဆင့်များကို သင်၏ အာဟာရပညာရှင် (dietitian) နှင့်အတူ ဆောင်ရွက်ပါ။


ပရိုတိန်းကို သင့်တော်သော ပမာဏနှင့် အမျိုးအစား ရွေးချယ်စားသုံးပါ


ပရိုတိန်း အလွန်နည်းလွန်းပါက အသားအရေ၊ ဆံပင်နှင့် လက်သည်းများ ပျော့ညံ့လာနိုင်သည်။

သို့သော် ပရိုတိန်း အလွန်များလွန်းပါက ကျောက်ကပ်အလုပ်ပိုလုပ်ရပြီး ထိခိုက်မှု ပိုဖြစ်စေနိုင်သည်။


ဤသို့ဖြစ်ရခြင်းမှာ ကိုယ်ခန္ဓာသည် ပရိုတိန်းကို အသုံးပြုသည့်အခါ အညစ်အကြေးပစ္စည်းများ ဖြစ်ပေါ်လာပြီး ထိုအရာများကို ကျောက်ကပ်က စစ်ထုတ်ပေးရခြင်းကြောင့် ဖြစ်သည်။


ကျန်းမာရေးကောင်းမွန်စေရန်နှင့် ကိုယ်ခံစားမှုကောင်းမွန်စေရန် ပရိုတိန်းစားသုံးပမာဏကို ပြင်ဆင်ညှိနှိုင်းရန် လိုအပ်နိုင်သည်။


စားသုံးသင့်သော ပရိုတိန်းပမာဏသည် ကိုယ်ခန္ဓာအရွယ်အစား၊ လှုပ်ရှားမှုအဆင့်နှင့် ကျန်းမာရေးအခြေအနေတို့အပေါ် မူတည်သည်။ သင်၏ ဆရာဝန်နှင့် အာဟာရပညာရှင်တို့က ပရိုတိန်းပမာဏကို ကန့်သတ်ရန် သို့မဟုတ် ပရိုတိန်းအမျိုးအစားကို ပြောင်းလဲစားသုံးရန် အကြံပေးနိုင်သည်။


ဥပမာအားဖြင့်

အဆီနည်းပြီး ပရိုတိန်းများသော lean protein အစားအစာများကို ပိုစားရန် လိုအပ်နိုင်သည်။ ထိုအစားအစာများတွင်


ဥလုံး


အရေပြားမပါသော ကြက်သား


အရေပြားမပါသော ကြက်သားကြီး (turkey)


တို့ပါဝင်သည်။


အဆီအမျိုးအစားကို မှန်ကန်စွာ ရွေးချယ်ပါ


အဆီသည် စွမ်းအင်ပေးပြီး အစားအစာထဲရှိ ဗီတာမင်အချို့ကို အသုံးပြုနိုင်စေရန် ကူညီပေးသည်။

ကျန်းမာရေးကောင်းမွန်စေရန် အဆီအနည်းငယ် လိုအပ်သည်။


သို့သော် အဆီများလွန်းပါက ကိုယ်အလေးချိန်တက်ခြင်းနှင့် နှလုံးရောဂါ ဖြစ်နိုင်သည်။


ထို့ကြောင့်


အစားအစာအစီအစဉ်တွင် အဆီပမာဏကို ကန့်သတ်ပါ


ဖြစ်နိုင်သမျှ ကျန်းမာရေးကောင်းသော အဆီများကို ရွေးချယ်ပါ


ဥပမာ — olive oil


အဆီအမျိုးအစားကို မှန်ကန်စွာ ရွေးချယ်ခြင်းသည် DASH ဟုခေါ်သော နှလုံးကျန်းမာရေးအတွက် သင့်တော်သော အစားအစာအစီအစဉ်၏ အစိတ်အပိုင်းတခုလည်း ဖြစ်သည်။


Whole grain ကာဗိုဟိုက်ဒရိတ်များကို ရွေးချယ်ပါ


ကာဗိုဟိုက်ဒရိတ် အလွန်များလွန်းစွာ စားသုံးပါက ကိုယ်အလေးချိန် တက်နိုင်သည်။


ကျောက်ကပ်ရောဂါရှိသူများအတွက်


whole grain အစားအစာများ


ကျန်းမာရေးကောင်းသော ကာဗိုဟိုက်ဒရိတ်များ


ကို ရွေးချယ်စားသုံးသင့်သည်။


ဥပမာ —


အသီးအနှံများ


ဟင်းသီးဟင်းရွက်များ


မကျန်းမာသော ကာဗိုဟိုက်ဒရိတ်များမှာ


သကြား


ပျားရည်


မာသော သကြားလုံးများ


အချိုရည်များ


သကြားပါသော အချိုသောက်ရည်များ


တို့ ဖြစ်သည်။


သင်တွင် ဆီးချိုရောဂါ (diabetes) ရှိပါက ကာဗိုဟိုက်ဒရိတ်စားသုံးပမာဏကို ပို၍ စောင့်ကြည့်ရန် လိုအပ်နိုင်သည်။


သင်၏ အာဟာရပညာရှင်က


သင့်အစားအစာအစီအစဉ်တွင် ပါဝင်သော ကာဗိုဟိုက်ဒရိတ်များ


သွေးတွင်း သကြားအပေါ် သက်ရောက်မှု


တို့ကို နားလည်စေရန် ကူညီပေးနိုင်သည်။


Ketogenic diet (Keto diet)


Ketogenic diet သည် ကာဗိုဟိုက်ဒရိတ်နည်းသော အစားအစာအစီအစဉ်တမျိုး ဖြစ်သည်။


၎င်းတွင်


ကာဗိုဟိုက်ဒရိတ် အလွန်နည်း


အဆီများ


ပရိုတိန်း အလယ်အလတ်


ဖြင့် စားသုံးရပြီး ကိုယ်ခန္ဓာသည် ကာဗိုဟိုက်ဒရိတ်အစား သိမ်းထားသော အဆီကို စွမ်းအင်အဖြစ် အသုံးပြုစေရန် ရည်ရွယ်ထားသည်။


သို့သော် ဤအစားအစာအစီအစဉ်သည် အစားအစာရွေးချယ်မှုများကို ကန့်သတ်ထားသောကြောင့် အရေးကြီးသော အာဟာရဓာတ်အချို့ မရနိုင်ခြင်း ဖြစ်နိုင်သည်။


ထို့ကြောင့် အစားအစာအစီအစဉ်တခုခုအကြောင်း မေးမြန်းလိုပါက သင်၏ အာဟာရပညာရှင်ကို မေးမြန်းသင့်သည်။


ကယ်လိုရီကို သင့်တော်သော ပမာဏ စားသုံးပါ


ကယ်လိုရီများသည် ကိုယ်ခန္ဓာအတွက် စွမ်းအင်ပေးသော လောင်စာကဲ့သို့ ဖြစ်သည်။


ကယ်လိုရီများသည်


ပရိုတိန်း


အဆီ


ကာဗိုဟိုက်ဒရိတ်


တို့မှ ရရှိသည်။


လိုအပ်သော ကယ်လိုရီပမာဏသည်


အသက်


လိင်


ကိုယ်ခန္ဓာအရွယ်အစား


လှုပ်ရှားမှုအဆင့်


တို့အပေါ် မူတည်သည်။


ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ရန် ကယ်လိုရီစားသုံးပမာဏကို ပြင်ဆင်ရန် လိုအပ်နိုင်သည်။


အချို့လူများတွင် ကယ်လိုရီကို ကန့်သတ်ရန် လိုအပ်နိုင်သည်


အချို့လူများတွင် ကယ်လိုရီ ပိုစားရန် လိုအပ်နိုင်သည်


သင်၏ ဆရာဝန်နှင့် အာဟာရပညာရှင်တို့က တနေ့လျှင် စားသုံးသင့်သော ကယ်လိုရီပမာဏကို တွက်ချက်ပေးနိုင်သည်။


Sodium (ဆား) နည်းသော အစားအစာများကို ရွေးချယ်ပါ


Sodium (ဆား) သည် အစားအစာအများစုတွင် တွေ့ရသော သတ္တုဓာတ်တမျိုး ဖြစ်သည်။


ကိုယ်ခန္ဓာ၏ လုပ်ငန်းများစွာတွင် အရေးပါသော အခန်းကဏ္ဍ ရှိသည်။


အစားအစာများတွင် သဘာဝအတိုင်း ပါဝင်နေသော sodium ပမာဏသည် ကျန်းမာရေးအတွက် လုံလောက်သည်။


သို့သော်


အသင့်စားအစားအစာများ


အစားအစာထဲသို့ ဆားထည့်ခြင်း


တို့ကြောင့် sodium အလွန်များစွာ စားသုံးမိနိုင်သည်။


sodium များလွန်းပါက


ရေငတ်စေခြင်း


ကိုယ်ခန္ဓာတွင် ရေထိန်းထားခြင်း


ဖောရောင်ခြင်း


သွေးပေါင်တက်ခြင်း


တို့ ဖြစ်နိုင်သည်။


ထိုအရာများသည် ကျောက်ကပ်ကို ပိုမိုထိခိုက်စေပြီး နှလုံးအလုပ်ပိုလုပ်ရစေနိုင်သည်။


အကြံပြုချက်များ


ဟင်းချက်ရာတွင် ဆားအစား ဆေးဖက်ဝင်အပင်များနှင့် အမွှေးအကြိုင်များကို အသုံးပြုပါ


ဟင်းချက်သည့်အချိန်နှင့် စားသုံးသည့်အချိန်တွင် ဆား မထည့်ပါနှင့်


သံဗူးဟင်းသီးဟင်းရွက်များအစား လတ်ဆတ်သော သို့မဟုတ် အေးခဲထားသော ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပါ


သံဗူးဟင်းသီးဟင်းရွက်များကို အသုံးပြုပါက ဆားပိုများကို ဖယ်ရှားရန် ရေဖြင့် ဆေးကြောပါ


စားသောက်ဆိုင်တွင် စားသုံးသည့်အခါ မိမိအစားအစာတွင် ဆား မထည့်ပေးရန် ဝန်ထမ်းကို ပြောပါ


sodium နည်းသော အစားအစာများကို ရွေးချယ်နိုင်ရန် သင်၏ အာဟာရပညာရှင်နှင့် အတူ ဆွေးနွေးပါ


ကျောက်ကပ်ရောဂါအဆင့်အလိုက် အစားအစာ


ကျောက်ကပ်ရောဂါအဆင့် မတူခြင်းအပေါ် မူတည်၍ ကျန်းမာသော စားသောက်နည်းလမ်းများက မတူနိုင်သည်။


သင့်အဆင့်အလိုက် ကျန်းမာရေးအစားအစာအကြောင်းကို လေ့လာပါ —


အဆင့် ၁ နှင့် ၂


အဆင့် ၃၊ ၄ နှင့် ၅ (dialysis မလုပ်သေး)


ကျောက်ကပ်ပျက်ကွက်ခြင်း (dialysis လုပ်နေသူများ)


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ