Lamb's quarters ဘောက်ရွက်

 

Common lambsquarters – Chenopodium album

Chenopodium album L.

Chenopodiaceae (Goosefoot family)

မြူရွက် နဲ့ ဗောက်ရွက် အင်္ဂလိပ် နဲ့ Botanical အမည်တွေ 

မြူရွက်

Chenopodium album L.

Habit: Herb

Distribution: Cultivated

Common Names: Goosefoot, Lamb's quarters, Myu

မျိုးရင်း Chenopodiaceae ပါ

ဗောင်းလောင်းညို 

ဗောက်လောက်ညို

ဗောက်မကြီး

ရုက္ခအမည်..Solanum nigrum L.

Family Solanaceae

Common Names:  Black nightshade

(Kothet Naing Oo) ကျေးဇူး။

- ဘောက်ရွက် (anzoteh)1စီး $1

- ဗောက်လောက်ရွက် အာလူးသုပ် (Nuraw's Kitchen Jungle's Post)

- စိတ်ဝင်စားစရာ မာမာရဲ့ ဝါသနာ ဗောက်လောက်ရွက်သုပ်

- ထမင်းလုပ်နိုင်သော ဘောက်လောက်ညိုရွက် + ပဲရွက် သုပ် (NooN ဒေသထွက်အစားအစာ)

တချို့လည်း ဘောက်ရွက် တဲ့။

တချို့လည်း ဗောက်လောက်ညို တဲ့။

တချို့လည်း ဗောက်လောက်ရွက် တဲ့။

တချို့လည်း ဗောင်းလောင်းညို ခေါ် ဗောက်လောက်ညို တဲ့။

တယောက်တမျိုးဆိုတာ ကိုယ့်တိုင်းပြည်ကလူတွေ ပီသတယ်။

ဘောက်ရွက် အပင်မှာ အဖူးအပွင့်သေးသေး ခပ်ဝါဝါ ဖြူဖြူလေးတွေပါတယ်။ တခါတခါ အသီးငယ်လေးတွေနဲ့။ အရွက်နဘေးသားက လွှသွား ကျဲကျဲလိုလို။ အရသာ နည်းနည်းလေးသက်တယ်။ 

ကျွန်တော်တို့အိမ်က အညာဆက်ဖြစ်တော့ ဘယ်အရွက်ဖြစ်ဖြစ် ခပ်လေးလေး၊ နည်းနည်းစပ်၊ ဆီပါလေကာ၊ အရည်သင့်သင့်နဲ့ ချက်လေ့ရှိပါတယ်။ ကောင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments