Sleep myths အိပ်စက်ခြင်း အယူအဆမှားများ

မင်္ဂလာပါဆရာ အရွယ်ရောက်ပြီး လူတယောက်အတွက် တနေ့ကို ရှစ်နာရီအိပ်ချိန်ရှိရမယ်ဆိုတာက ပုံသေနည်း တခုလားဆရာ ခုလက်ရှိခေတ်မှာတော့နည်းပညာနောက်ကိုလိုက်တဲ့သူတွေတနည်း ကျန်းမာရေး မကောင်းသူတွေကတဖုံ ပတ်ဝန်းကျင်ဆူညံမူကတကြောင်းနဲ့ တနေ့စုစုပေါင်းငါးနာရီအိပ်ရဖို့တောင်ရုန်းကန်နေရပါတယ် ဒီအိပ်စက်ခြင်းအပေါ် အိပ်ချိန်အနည်းများနဲ့ဘေးထွက်ဆိုးကျ ိုးအပေါ ်သိချင်ပါတယ်ဆရာ တနေ့ လေးငါးနာရီပဲ တသက်လုံး အိပ်ရတဲ့သူတွေအနေနဲ့ ဆိုးဝါးတဲ့ပြဿနာတွေဖြစ်လာနိုင်မှာလားဆရာ ကျေးဇူးတင်ပါတယ်

သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ကျန်းမာရေး ကောင်းစေတယ်၊ ဆိုးစေတယ်၊ အသက်တိုစေတယ် ရှည်စေတယ်၊ စိတ်မူ ပြောင်းစေတယ် စသဖြင့်ထင်မှတ်ကြပါတယ်။ တချို့အယူအဆတွေက မှားတယ်။ နယူးယော့တက္ကသိုလ်က လုပ်ထားတဲ့ သုတေသနကို တင်ပြပါမယ်။

၁။ Myth 1 - You can cope on less than five hours' sleep
တနေ့မှာ ၅ နာရီတည်းသာအိပ်ခြင်းဟာ ကျန်းမာရေးကို မထိခိုက်စေဘူးလို့ယူဆတာ မမှန်ပါ။ သုတေသနသတင်းမှာ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ နဲ့ ဂျာမန်ခေါင်းဆောင် အင်ဂျယ်လာမစ်ခဲလ် တို့ အဲလို အအိပ်နည်းတာကိုပါ ထည့်ရေးထားတယ်။

၂။ Myth 2 - Alcohol before bed boosts your sleep
အရက်သောက်ပြီးအိပ်ရင် ပိုပြီးအိပ်ကောင်းမယ်ထင်တာ မှားတယ်။ အရက်ကနေ REM ခေါ် အိပ်စက်ခြင်းရဲ့ အစိတ်အပိုင်းကို နှောင့်ယှက်စေတယ်။ အဲတာက မှတ်ဉာဏ်နဲ့ သင်ယူခြင်းအစွမ်း နည်းစေတယ်။ အရက်တွေဟာ ဆီးသွားစေတဲ့သတ္တိလည်းပါလို့ ဆီးထသွားရလိမ့်မယ်။ ဘီယာလိုဟာမျိုးမှာ အဲတာပိုများတယ်။

၃။ Myth 3 - Watching TV in bed helps you relax
မအိပ်ခင် တီဗွီကြည့်တာ အိပ်ကောင်းစေမယ်ထင်တာ မှားတယ်။ ညဉ့်နက်ပိုင်းမှာကြည့်ခဲ့တဲ့ သတင်းတွေ ရုပ်ရှင်တွေကနေ ကောင်းမွန်စွာအိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တယ်။ သုတေသနထဲမှာ မပါတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေကနေလည်း အဲလိုဖြစ်စေနိုင်တယ်လို့ ဖြည့်ပါရစေ။

၄။ Myth 4 - If you're struggling to sleep, stay in bed
အိပ်မပျော်နိုင်သေးရင် အိပ်ရာထဲမှာသာဆက်နေပါလို့ထင်တာ မမှန်ပါ။ အများအားဖြင့် အိပ်ပျော်ဖို့ရာ ၁၅ မိနစ်ထက် ပိုမကြာပါ။ အဲတာမှ အိပ်မပျော်သေးရင် အိပ်ရာကနေထပြီး ပတ်ဝန်းကျင်အပြောင်းအလဲတခုခုလုပ်ပါ။ ပြီးမှ ပြန်အိပ်ပါ။

၅။ Myth 5 - Hitting the snooze button
အိပ်နေစဉ်ဟောက်တာ ကျန်းမာရေးအတွက် ကိစ္စမရှိလို့ထင်တာ မှားတယ်။ Obstructive sleep apnoea ခေါ်တယ်။ ဆရာဝန်နဲ့ စစ်ဆေးကုသပါ။

Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) https://dr-tint-swe.blogspot.com/2020/12/sleeping.html
OSAS အိပ်စက်ခြင်းဆိုင်ရာရောဂါ နှင့် CPAP machine စက် https://dr-tint-swe.blogspot.com/2020/12/osas-cpap-machine.html
Sleeping pills အိပ်ဆေး https://dr-tint-swe.blogspot.com/2020/12/sleeping-pills.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ