Sleeping pills အိပ်ဆေး

၁။ ဆရာ မဂ်လာပါ (မင်္ဂလာပါ) ကျန်းမာပါ​စေဆရာ အသက် ၄၇/မ ညအိပ်မ​ပျော်တာ ရက်ဆက်​နေလို့ပါ ဘာ​ဆေး​သောက်ရမလဲဆရာ

၂။ ဆရာရှင့် ညဘက် အိပ်မပျော်ရင် ပူစီနံကို ရေနွေးနဲ့စိမ်ပြီးသောက်ရင် အိပ်ပျော်တယ်လို့ ကြားဖူးလို့ပါ။ အဲဒါ ကိုယ်ဝန်ဆောင်နေစဉ်သောက်ရင် ဘာအန္တရာယ်များ ဖြစ်နိုင်ပါသလဲရှင့်။ ကိုယ်ဝန်ဆောင်သောက်လို့ရလား သိချင်လို့ပါရှင်။ ညမအိပ်ခင် ရေနွေးနဲ့လည်း ရေချိုးပါတယ်ဆရာ။ ဒါပေမဲ့ လုံးဝအိပ်မပျော်ပါဘူးဆရာ။

၃။ ဆရာရှင့် ကျွန်မ အသက် ၂၉ ထဲမှာပါ။ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ စပြီးအိမ်ထောင်ကျတည်းက mervelon 28 သောက်ပါတယ် အဆင်လဲပြေပါတယ်။ ဒါပေမယ့်ခု ပြီးခဲ့တဲ့ ၁၂ လပိုင်း ပထမပတ်တုန်းက တညလုံးအိပ်မရတာ ၃ ရက် ဆက်တိုက်ဖြစ်ပါတယ်။ မြန်မာဆေး သည်းချေ နှလုံးအားကောင်းဆေး သောက်ပါတယ်။ အဲဒီ နောက်ပိုင်းကစပြီး ယခုထိ ကောင်းကောင်း အိပ်မပျော်ပါဘူး။ တချို့နေ့တွေ ၂ နာရီ ၃ နာရီမှ အိပ်ပျော်တယ်။ မနက် ၅ ခွဲ ၆ လောက် ပြန်နိုးတယ်။ ၁၁ နာရီလောက်တည်းက လူကအိပ်ချင်ပြီး အိပ်မရဖြစ်နေတာ ၂ နာရီ ၃ နာရီမှ အိပ်ပျော်တာ တားဆေးကြောင့်များ ဖြစ်တာလား။ တားဆေးဖြတ်ဖို့လဲ အစီစဉ်ရှိပါတယ်။ ကျေးဇူးပြုပြီး အကြံဉာဏ်ပေးပါဆရာ။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ အိပ်စေတဲ့ဆေးဆိုတာ အင်တီဟစ်တမင်းဆေးတွေကများတယ်။ အလာဂျီ ဖြစ်တာကိုကုရတဲ့ ဆေးအမျိုးအစားပါ။ Benadryl, Diphenhydramine (Nytol, Sominex, Sleepinal, Compoz) နဲ့ Doxylamine (Unisom, Nighttime Sleep Aid) ဆေးတွေဖြစ်တယ်။ တချို့ဆေးတွေမှာ အနာသက်သာဆေး ဥပမာ Acetaminophen တွေနဲ့ ရောထားတယ်။ NyQuil ဆေးကတော့ အရက်ရောထားတယ်။ အခုတလော့ ဖေ့စ်ဘွတ်မှာ ကြော်ငြာနေတယ်။ ရေတိုအတွက် သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး မကင်းပါ။ မျက်စိရေတိမ် အရေးအကြီးဆုံးဖြစ်တယ်။ ယောက်ျား အသက်လဲကြီးရင် ဆီးကျိတ်ကြီးနေသလား၊ နာတာရှည် အသက်ရှူလမ်းရောဂါ တခုခုရှိနေသလား သတိထားရမယ်။

ဆေးကြော်ညာမှာ အကောင်းဆုံးအိပ်ဆေး ၃ မျိုး တွေ့ရမယ်။ AmbeSleep ရယ် Lunexor နဲ့ RestAid ဆေးတွေ ဖြစ်တယ်။ ယေဘုယျပြောရရင် အိပ်ဆေးတွေဟာ ထိရောက်ပါတယ်။ အထူးသဖြင့် ခရီးဝေးသွား တခြားနိုင်ငံရောက် အချိန်မတူလို့ အိပ်မရတာမျိုး၊ အိပ်မရတာဆိုးဝါးသူတွေကို အမူအယာပြောင်းဆေးကုနည်းသုံးတဲ့အခါမှာ ကောင်းတယ်။

ကောင်းတော့ ကောင်းပါတယ် ဒါပေမဲ့ဆိုတာမျိုး ဖြစ်တယ်။ ဘာလို့ အိပ်မပျော်သလဲဆိုတာကို ကုတာမဟုတ်တဲ့အတွက် ဒါပေမဲ့ထည့်ရတာ ဖြစ်တယ်။ ဆေးမတည့်သူက အလာဂျီရမယ်။ ပိုဆိုးတတ်တာလဲ ရှိသေးတယ်။ စိတ်ကျရောဂါဆေး MAOI ကို ၂ ပါတ်အတွင်း သောက်ထားသလား။ Parkinson's disease ရောဂါဆေးတွေ သောက်နေရသလာ။ ကလေးနို့တိုက်နေသလား သတိထားပါ။

သိပ်မဆိုးတဲ့ ဆိုးကျိုးတွေကတော့ နောက်တရက်မှာ အိပ်ချင်စိတ် အသင့်အတင့်ကနေ များများအထိ ရှိနိုင်တယ်။ ခေါင်းမူးဝေပြီး၊ မေ့တာမျိုး ဖြစ်နိုင်တယ်။ ကိုးရိုးကားရား နိုင်နေမယ်၊ ကိုယ်ထိန်းမရတာလဲ ဖြစ်နိုင်တယ်။ ဝမ်းချုပ်မယ်၊ ဆီးအိမ် တင်းမယ်။ မျက်စိ ဝါးမယ်။ အာခေါင် ခြောက်မယ်။ ဆိုးတာတွေကတော့ ကြာလေလေ ဆေးကို ခံနိုင်လာပြီး ၁ ပြားနဲ့မတိုး၊ ၂ ပြားနဲ့မရဖြစ်တတ်ကြတယ်။ ဆေးစွဲလာနိုင်တယ်။ ဆေးဖြတ်ရင် ခံစားရမှာတွေ ရှိလာတတ်တယ်။ တခြားသောက်နေရတဲ့ ဆေးတွေနဲ့ အခန့်မသင့်တာ ရှိခြင်ရှိအုံးမယ်။ ဆေးဖြတ်လိုက်တော့ အရင်ကထက်တောင် အိပ်မပျော်နိုင်တာ ဖြစ်လာတတ်တယ်။

Benzodiazepines အိပ်ဆေးတွေက ပေါ်တာသုံးတာ ကြာပါပြီ။ Estazolam (ProSom), Flurazepam (Dalmane), Quazepam (Doral), Temazepam (Restoril) နဲ့ Triazolam (Halcion) နာမည်တွေနဲ့ လာတယ်။ စွဲတတ်တယ်။ စွဲတယ်ဆိုတာ စိတ်ကရော ရုပ်ကပါဖြစ်တယ်။ နေ့တိုင်းသောက်တာဆိုရင် ဆေးထိရောက်မှု ထိခိုက်မယ်။ ၃-၄ ပါတ် ဆက်သောက်ရင်လဲ ဘာမှသတ္တိမပြတော့ဘူး။ အိပ်စက်ခြင်းရဲ့အရည်အသွေး ကျစေတယ်။ ဆေးသောက်ပြီး နောက်နေ့မှာ အသိစိတ်နှေးနေပြီး အိပ်ခြင်မူးတူး ဖြစ်စေနိုင်တယ်။

နောက်ပေါ်အိပ်ဆေးတွေက အရင်ဆေးတွေလောက် ဘေးထွက်မဆိုးဘူး။ ဆေးစွဲတာလဲ နည်းတယ်။ Eszopiclone (Lunesta) ဆေးကို ၆ လအထိ သုံးတာကို စမ်းထားပြီးပြီ။ Zalepon (Sonata) နဲ့ Zolpidem (Ambien) ဆေးတွေ ဖြစ်တယ်။ နောက်မနက်မှာ အားယုတ်နေသလို ခံစားစေမယ်။ ဆေးယဉ်တတ်တယ်။ ဆေးဖြတ်လိုက်တော့ အရင်ကထက်တောင် အိပ်မပျော်နိုင်တာ ဖြစ်တတ်တယ်။ ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့ခြင်တယ်။ အိပ်နေရင်း လမ်းလျှောက်တာ၊ အိပ်နေရင်း အစာစားတာ၊ အိပ်နေရင်း ကားမောင်းတာမျိုး ဖြစ်တတ်တယ်။ Ramelteon (Rozerem) ကလဲ ဆေးသစ်ဖြစ်တယ်။ စိတ်မကျဆေးလဲ သုံးကြတယ်။ (FDA) ကတော့ အသိအမှတ် ပြုမထားပါ။

အိပ်မပျော်ရင် ဆေးဘက်ဝင် အပင်ထွက်သုံးနည်း၊ သဘာဝနည်းတွေလုပ်ကြတယ်။ (FDA) ကတော့ အသိအမှတ် ပြုမထားပါ။ သံပုရာလိမ်းဆေးတို့ (ချမ်မိုမိုင်းလ်) လဘက်ရည်တို့က ထိရောက်တာ-မထိရောက်တာ မသိပေမဲ့ အန္တရာယ် မရှိပါ။ Valerian root, Kava Kava, Passionflower, Lavender နဲ့ St. John’s Wort ဆိုတာတွေလဲ သုံးကြတယ်။

အိပ်ဆေးတွေမသုံးဘဲ အိပ်အောင်လုပ်ရာမှာ အိပ်တဲ့နေရာ-ပတ်ဝန်းကျင် ပြောင်းတာ၊ အိပ်ရာဝင် အမူအကျင့် ပြောင်းပေးတာ လုပ်နိုင်တယ်။ အိပ်ဆေး အကူယူသူတွေလဲ အဲလို ပြောင်းတာ ရေရှည်အတွက် ပိုကောင်းစေတယ်။

အိပ်မပျော်တဲ့အခါ စိတ်ပျက်စရာ၊ စိတ်ရှုတ်စရာ၊ မကောင်းတာတွေ တသီကြီး မြင်သိ၊ တွေးထင်တတ်ကြတယ်။ (CBT) ဆိုတဲ့ စိတ်ကုသနည်းနဲ့ ကောင်းအောင်လုပ်နိုင်တယ်။ မအိပ်ခင် တွေးခေါ်မှု ပုံစံကိုပါ ပြောင်းစေတယ်။ (CBT) နဲ့အတူ စိတ်ဖြေလျော့ လေ့ကျင့်ခန်းတွဲပြီး လုပ်ပေးရင် ရက်ရှည်လများ မအိပ်နိုင်ဖြစ်နေတာအတွက် အကောင်းဆုံး ဖြစ်တယ်။

ဆိတ်ငြိမ်မှုကို အာရုံစိုက်၊ ညင်သာတဲ့ အလုပ်တခုခု ဥပမာ စာဖတ်တာမျိုး၊ ချည်ထိုးတာမျိုး၊ သာယာတဲ့ တေးဂီတကို နားထောင်တာမျိုး လုပ်သင့်တယ်။

အသက်ရှူရင် အများအားဖြင့် ခပ်ပေါ့ပေါ့သာ ရှူကြတယ်။ နက်နက်နဲနဲ ရှူတယ်ဆိုတာ ဗိုက်ကို လေဖေါင်းလာတဲ့အထိ ရှူပါ။ လေသွင်းတာရော လေထုတ်တာပါ ပြင်းပြင်းနဲ့ ရှည်ရှည် လုပ်ပါ။ ကြွက်သားတွေ ပျော့အောင် လုပ်တယ်ဆိုတာ ပြောသလောက် မလွယ်ပါ။ အိပ်ယာပေါ်မှာ သက်တောင့်သက်သာ လှဲပါ။ ခြေပိုင်းက ကြွက်သားတွေကနေ စပါ။ အရင် တင်းလိုက်ပါ။ ၁ ကနေ ၁ဝ ရေတွက်ပါ။ နောက် လျော့ချလိုက်ပါ။ နောက်ပြီး တခြားနေရာက ကြွက်သားတွေကိုလဲ အဲလိုလုပ်ပါ။ ကမ္မဋ္ဌာန်းထိုင်တဲ့အကျင့်၊ ယောဂနည်း၊ တိုင်ချီနည်းတွေလဲ လုပ်သင့်ပါတယ်။ နေ့ခင်းမှာ လေ့ကျင့်ခန်းလုပ်ရင် ညအိပ်တာအတွက် ကောင်းတယ်။ တနေ့မှာ မိနစ် ၃ဝ ကနေ ၄ဝ။ အေရိုးဘစ် တပတ်ကို ၄ ရက် လုပ်ရင် ၁ နာရီ ပိုအိပ်နိုင်တာ တွေ့ရတယ်။

အိပ်ဆေးအမျိုးမျိုး
• Benadryl နဲ့ Ambien တွေကို Class B medications လို့ သတ်မှတ်ထားတယ်။ ဆိုလိုတာက ကိစ္စမရှိတဲ့ သဘောပါ။
• Sonata, Lunesta, and Rozerem တွေကတော့ Class C ဖြစ်လို့ မရေရာဘူး ပြောတာပါ။ Class A ဆိုတာ မရှိသေးပါ။
• အရင်ကတည်းကသုံးတဲ့ Depressants ငြိမ်ဆေး Zolpidem (Ambien®) and zaleplon (Sonata®) တွေ ရှိတယ်။ ရာနှုန်းပြည့် စိတ်ချရတယ်လို့ ဆရာဝန်တွေက အာမမခံပါ။ ဆေးက ကလေးဆီ ရောက်နိုင်တယ်။
• Lunesta (Eszopiclone) အိပ်ဆေးက Pregnancy Category C ဖြစ်လို့ ရောဂါနဲ့ ဖြစ်ခြင်တာ ချိန်ဆရတယ်။
• Nonbenzodiazepine Hypnotic Medications (Zaleplon, Zolpidem Tartrate (Ambien) and Eszopiclone) တွေကို ရေတိုအတွက် ပေးတတ်ပါတယ်။
• Benzodiazepine Hypnotic Medications (Estazolam, Triazolam and Temazepam) တွေကိုလဲ သုံးခဲ့ကြတယ်။
• Sedative Antidepressants (Amitriptyline, Trazodone and Nortriptyline) တွေကိုလဲ သုံးခဲ့ကြတယ်။
• Antihistamines ဆေးတွေကလဲ အိပ်ဆေးမဟုတ်ပေမဲ့ အိပ်ခြင်စေတယ်။ ဆေးဆိုင်းတိုင်းမှာ ဝယ်ရတယ်။ ဥပမာ Doxylamine and Diphenhydramine တွေက အမေရိကမှာရောင်းတယ်။ နိုင်ငံတိုင်းမှာ နယ်မည်အမျိုးမျိုးနဲ့ရှိတယ်။ အအေးမိ၊ အလာဂျီဖြစ် စတာတွေအတွက် သုံးနေကြတဲ့ဆေးတွေ ဖြစ်တယ်။
• FDA ကနေ ကိုယ်ဝန်ဆောင်မှာ လုံးဝစိတ်ချရတဲ့ အိပ်ဆေးရယ်လို့ အာမခံတာ မရှိသေးပါ။

Depressants စိတ်ငြိမ်ဆေးများ
Zyprexa, Seroquel နဲ့ Haldol ဆေးတွေကအဓိကစိတ်ကျစေတဲ့ဆေးတွေဖြစ်တယ်။ ဆိုက်ကိုးဆစ်ခေါ် စိတ်ရောဂါ ဆေးတွေဖြစ်တယ်။ Xanax, Klonopin, Halcion နဲ့ Librium ဆေးတွေနဲ့ Amytal, Numbutal နဲ့ Seconal ဆေးတွေလည်းပါတယ်။ ဦးနှောက်အလုပ်တွေကို နှေးစေမယ်။ နှလုံးခန်ုတာနဲ့ အသက်ရှူတာ နှေးစေမယ်။ သွေးဖိအားကျမယ်။ အာရုံစိုက်မှုနည်းမယ်။ စိတ်ရှုတ်ထွေး၊ အားကုန်၊ ခေါင်းမူး၊ ကိုယ်ပူ၊ စကားပြောနှေး၊ မျက်စိ ကြည့်မကောင်း၊ သူငယ်အိမ်ကျယ်၊ ဘယ်ရောနေသိပ်မသိ၊ ပူးတွဲလုပ်ဆောင်မှုနည်း။ စိတ်ဓါတ်ကျ၊ ဆီးသွားရခက်၊ ဆေးစွဲ။ မှတ်ဉာဏ်လျော့၊ ဆုံးဖြတ်ချက်မမှန်၊ သတ်သေချင်။ အရက်နဲ့တွဲရင် ပိုဆိုး။ ကြာလေဆေးပိုတောင်းလေ။ ကြာရင် အားမရှိတော့။ အသက်ရှူရပိုခက်။ လိင်မစွမ်းနိုင်။ အိပ်မရ။ စိုးရိမ်မှုကဲလွန်။ ဆောက်တည်ရာမရ။ သကြားဓါတ်ကဲစေ။ အလေးချိန်တက်မယ်။ ဆေးနာမည်တွေ အမျိုးမျိုးရှိတယ်။ Xanax, Valium, Halcion, Librium, Ativan, Klonopin, Amytal, Nembutal, Seconal, Phenobarbital, Street Names, Barbs, Candy, Downers, Phennies, Reds, Red Birds, Sleeping pills, Tooies, Tranks, Yellows, Yellow Jackets စသဖြင့်။

Opioids and morphine derivatives ဘိန်းနှင့် မော်ဖိန်းပါဆေးများ
နာမည်အမျိုးမျိုးခေါ်ကြတယ်။ Fiorional with Codeine, Robitussin A-C, Tylenol with Codeine, Empirin with Codeine, Roxanol, Duramorph, Demerol, Captain Cody, Cody, Schoolboy, Doors & Fours, Pancakes & Syrup, Loads, M, Miss Emma, Monkey, White Stuff, Demmies, Pain killer, Actiq, Duragesic, Sublimaze, OxyContin, Percodan, Percocet, Tylox, Dilaudid, Apache, China girl, Dance fever, Goodfella, Murder 8, Tango and Cash, China white, Friend, Jackpot, TNT, Oxy 80, Oxycat စသဖြင့်။

ရေတိုမှာ အိပ်ချင်မယ်။ အသက်ရှူနှေးမယ်။ ဝမ်းချုပ်မယ်။ ပျို-အန်မယ်။ သတိလစ်မယ်။ ရေရှည်မှာ ဆေးစွဲမယ်။ ဆေးမရမနေနိုင်ဖြစ်မယ်။ ဆေးပိုပိုလိုချင်မယ်။ ဆေးမရရင် ကနာမငြိမ်။ ကြွက်သားနဲ့အရိုးတွေနာမယ်။ ဝမ်းလျှောမယ်။ အန်မယ်။ ဘဲအရေပြားလိုဖြစ်မယ်။

Dextromethorphan (DXM) ပါတဲ့ အအေးမိ-ချောင်းဆိုးပျောက်ဆေးတွေဖြစ်တယ်။ ဥပမာ Coricidin နဲ့ Robitussin ဆေးတွေဖြစ်တယ်။ ဆေးစွမ်းတွေကတော့ အမြင်မှာ သူများမမြင်တာတွေကိုမြင်နေ။ လုပ်ကိုင်လှုပ်ရှာမှုတွေလွန်ကဲနေ။ အိပ်မရ။ အားမရှိ။ ခေါင်းမူး။ စကားနှေး။ အသိအမြင်သွေလွဲ။ ချွေးပြန်။ သွေးဖိအားတက်။ အသည်းနဲ့ ဦးနှောက်ထိခိုက်။ အရက်နဲ့ရောရင် သေတဲ့အထိဖြစ်နိုင်။ ဆေးနာမည်တွေ အမျိုးမျိုးရှိတယ်။ Coricidin, Robitussin, DXM, CCC, Triple C, Skittles, Robo, Poor Man’s PCP စသည်။

မေးတဲ့သူ ကိုယ်ဝန်ဆောင်လားလည်း မသိလို့ လင့်ပါထည့်လိုက်မယ်။ Smile!

Pregnancy and Sleeping pills ကိုယ်ဝန်နဲ့ အိပ်ဆေးစာ ဘလော့မှာရှိ။ 

Dr. တင့်ဆွ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ