Ventolin inhaler ပန်းနာရှူဆေး

၁။ ကျွန်တော် အသက် ၄၄၊ ၂၀၂၀ စက်တင်ဘာလ လောက်စပြီး Work From Home တောက်လျှောက်လုပ်လာပါတယ်။ နိုဝင်ဘာလ၂၀၂၀ လောက်က စပြီး အိမ်မှာ work out လုပ်ရင်း မောလာပါတယ်။ အဲ့ကနေ ဆက်တိုက် မကြာခန (ခဏ) ဆိုသလို မောလိုက်ပျောက်လိုက်နဲ့ ပါပဲ။ အခုဆို ရာသီဥတု အေးတဲ့ အချိန် လေအေး ရှုမိရင်ကို မောပြီး ကြပ်ပါတယ်။ ရောဂါ စလာပြီဆို နှာခေါင်းမှာ စပြီးခပ်တင်းတင်းဖြစ်လာပြီး လေရှုရပိတ်လာပါတယ်။ ပြီးတာနဲ့ ‌ရင်ခေါင်းမှာတင်းပြီး အသက်ရှုကြပ်ပြီးအသက်ရူ မဝသလို ဖြစ်ကာ မောလာတတ်ပါတယ်။ ဆေးခန်းပြတာလည်း Seroflo ရူဆေးနဲ့ နှာခေါင်းထဲဖြန်းတဲ့ဆေးတွေပေးပါတယ်။ သိပ်မသက်သာလို့ပါခင်ဗျ။ ကျေးဇူးတင်ပါတယ် ဆရာ။ ၂။ အသက် ၄၂နှစ် အိမ်ထောင်ရှိ ကလေးမရှိ အမျိုးသမီးပါ။ ရင်ကြပ်လို့ ventolin မကြာခဏ ရှူရပါတယ်။ တနေ့ကို အများဆုံး ဘယ်နှစ်ကြိမ်ထိ ရှူလို့ရပါသလဲဆိုတာ သိချင်လို့ပါ။ ယခုရက်ပိုင်းတွေမှာ ပိုရင်ကြပ်လာလို့ပါဆရာ။

၃။ ကျွန်မ အသက် ၄၂ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အခုလက်ရှိ ့့့ မှာ နေထိုင်ပြီး အလုပ်လုပ်နေပါတယ်။ လွန်ခဲ့သော နှစ်နှစ်ကျော်က မြန်မာပြည် ခဏပြန်နားချိန် ချောင်းဆိုး ရင်ကြပ်ဖြစ်ပြီး ဆေးခန်း ပြ သောက်ဆေးမျိုးစုံနှင့် ရက် အတန်ကြာကုခဲ့ရဖူးပါတယ်။ မသက်သာလို့ ဆရာဝန်က Inhaler ဆေးစသုံး ခိုင်းရာမှ ၆ လကျော်အကြာ သက်သာပြီး Inhaler ကို ကျွန်မ ဆက်မသုံးဖြစ်ရာမှ ယခုတဖန် ရင်ပြန်ကြပ်နေပါတယ်။ တိုင်းတပါးလုပ်ငန်းခွင်ထဲမှာမို့ ဆေးခန်းပြဖို့ ခက်ခဲနေလို့ ကိုယ်သဘောနဲ့ ကိုယ် Ventolin Inhaler ကို မြန်မာကနေမှာပြီး သုံးနေရပါတယ်။ ယခင် သုံးခဲ့တဲ့ Inhaler ဆေး အမည် မမှတ်မိလို့ Ventolin သုံးမိတာပါ။ ယခု ဆေး ကို တနေ့ နှစ်ကြိမ်မှ သုံးကြိမ် ရှူနေရပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလေး သိပါစေ ဆရာ။ ကျွန်မအတွက် ဘယ်လို Inhaler ဆေးသုံးသင့်လဲဆိုတာ ကူညီ အကြံဉာဏ်လေးပေးပါရှင့်။

Ventolin ဘေးထွက်သက်ရောက်မှုများ
အများအားဖြင်း ဆေးရှူစမှာဖြစ်တယ်။ မိနစ်အနည်းငယ်ကြာတယ်။ နာရီအထိလည်း တချို့ကြာတယ်။ Salbutamol ဆေးကြောင့်ဖြစ်တယ်။ ဆေးက 100 mcg per puff အဆုတ်ထဲကိုဝင်တယ်။
လူ ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တာတွေက လူတုန်နေသလိုခံစား။ ခေါင်းကိုက်။
လူ ၁၀၀ မှာ ၁ ယောက်ဖြစ်တာတွေက ပါးစပ်ထဲ နေမထိသလိုခံစား။ အိပ်ရတာအဆင်မပြေ။ စိတ်လှုပ်ရှား။ အာခေါင်ခြောက်။ လျှာအရသာပျက်။ လက်တုန်။

Asthma inhaler ရှူဆေးက ကိုယ်ဝန်မှာသုံးလို့ စိတ်ချရပါတယ်။ ကလေးကိုလဲ မထိခိုက်စေပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ပန်းနာထရင်တော့ အဲဒီအချိန်မျိုးမျာတော့ ကလေးဆီ အောက်စီဂျင်မဝတာဖြစ်နိုင်တယ်။ ဆိုးဆိုးဝါးဝါးကြပ်မှသာ အဲလို ဖြစ်ပါမယ်။ ပန်းနာကိုမထိန်းနိုင်ရင် PET ကိုယ်ဝန်သွေးဆိပ်တက်တာမျိုး တခြားကိုယ်ဝန်တွေထက် ပိုဖြစ်နိုင်တယ်။ သွေးဖိအားလဲ ပိုတက်နိုင်တယ်။ ကလေးပေါင်ချိန်နည်းမှာလဲ သိတိရှိရမယ်။ မရှိခင်ကတည်းက ပန်းနာရှိနေသူ ကိုယ်ဝန်ရှိတော့ ပိုဆိုးမလား၊ သက်သာမလား ပြောမရပါ။ ၆ လဝန်ကျင်မှာ ပန်းနာထတာ များတယ်။

Bronchodilators လေပြွန်ကျယ်ဆေးတွေထဲက salbutamol (Ventolin) ဆေးကလဲ ကိုယ်ဝန်အတွက် စိုးရိမ်စရာမရှိပါ။ Ventolin ဆေးကို ကလေးစောမမွေးအောင်သုံးတာလဲရှိလို့ ပိုတောင်မှ သင့်တယ်လို့ပြောနိုင်ပါတယ်။ ဘေးထွက် ဆိုးကျိုးတွေက မဆိုးပါ။ ခေါင်းကိုက်၊ ခေါင်းမူး။ ချောင်းဆိုး၊ အိပ်ရေးပျက်၊ ပျို့-အန်ချင်၊ အာခေါင်ခြောက်၊ ကြွက်သားနာနဲ့ ဝမ်းလျှောတတ်တာတွေသာရှိတယ်။

Anti-inflammatories အရောင်ကျဆေးပေးနိုင်တယ်။ cromolyn sodium (Intal) ဆေး nedocromil sodium (Tilade) ဆေးနဲ့ beclomethasone (Beclazone) တွေကိုသုံးတာများတယ်။ ကိုယ်ဝန်ကိုမထိခိုက်ပါ။

leukotriene receptor antagonist အမျိုးအစားဆေးကိုစပေးလေ့ရှိတယ်။ Montelukast (Singulair) နဲ့ Zafirlukast (Accolate) ဆေးတွေဖြစ်တယ်။ ကိုယ်ဝန်မှာသုံးနိုင်ပါတယ်။

Loratadine FDA သတ်မှတ်ချက်က pregnancy category B ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးထက် အကျိုးရလဒ်ကသာရင် သုံးနိုင်ပါတယ်။ ကလေးအတွက် မစိုးရိမ်ပါနဲ့။

Budeflam Inhaler ရှူဆေး ဘေးထွက်-ဆိုးကျိုးများ = အာခေါင်ခြောက်၊ လည်ချောင်းယား၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းထဲပေါ့၊ အစားပျက်၊ စိုးရိမ်၊ ဂဏာမငြိမ်၊ လက်တုန်။ ဆေးကိုဆရာဝန်ကညွှန်မှသာ သုံးသင့်တယ်။ နို့ထဲမှာဆေးပါနေမယ်။

Aminophylline (theophylline) ဆေးကိုတော့ FDA သတ်မှတ်ချက်က pregnancy category C ဖြစ်တယ်။ ဖြစ်နိုင်ရင် မသုံးသင့်ပါ။ အထဲကကလေးအတွက်ပါ။ အမျိုးသမီး ၁၉၃ ယောက်ကိုလေ့လာတာမှာတော့ ကလေးမှာ ချို့ယွင်းချက် ပါတာတော့ မတွေ့ရပါ။ ဒါပေမဲ့ % ပြည့်စိတ်ချရတယ်လို့တော့ မပြောနိုင်ပါ။ ကလေးကိုနို့တိုက်နေချိန်မှာလဲ သတိပေးချက် ရှိပါသေးတယ်။ နို့ထဲမှာဆေးပါနေမယ်။

ပန်းနာရှိနေသူ ရိုးရိုးမွေးနိုင်ရင် ပိုကောင်းပါတယ်။ ခွဲရမယ်ဆိုလဲ မေ့ဆေးဆရာဝန်က ပိုပြီးသတိထားပါမယ်။ ပန်းနာ မိခင်ကနေ မွေးတဲ့ကလေးမှာ ပန်းနာနဲ့တော့ မွေးမလာပါ။ ဒါပေမဲ့ ပန်းနာက မျိုးရိုးလိုက်တယ်။ မွေးသမျှ ကလေးတိုင်းမှာ ပန်းနာရှိမယ်လို့တော့ ပြောမရပါ။

Asthma ပန်းနာ https://dr-tint-swe.blogspot.com/2020/12/asthma-1.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ