Abdominal colic children ကလေးဗိုက်နာခြင်း

ကျေးဇူးပြု၍ တခုလောက်မေးခွင့်ပြုပါဆရာ လူနာက ယောကျ်ားလေး အသက် ကိုးနှစ်ပါဆရာ ချက်တိုင်နားက နာနေလို့ပါဆရာ ဖြစ်တာက ရှစ်ရက်လောက်ရှိပါပြီ ပထမစဖြစ်ကာစက ဝမ်းပျက်ပါတယ် ဗိုက်လည်းနာပါတယ် အခုတော့ ဝမ်းကောင်းသွားပါပြီ ဒါပေမယ့် ချက်တိုင်နားက နဲနဲ (နည်းနည်း) နာနေသေးတယ်ပြောပါတယ်  ဆေးခန်းသွားလို့ ဆရာဝန်က ပုံထဲကဆေးကို သုံးရက်သောက်ဆိုလို့သောက်တော့ သက်သာပါတယ် သုံးရက်ပြည့်လို့ဆေးနားထားတော့ နဲနဲ (နည်းနည်း) ပြန်နာတာနဲ့ ဆေးကုန်အောင်တိုက်လိုက်ပါတယ်ဆရာ  အခုဆေးကုန်လည်း ချက်တိုင်နားက နဲနဲ (နည်းနည်း) နာနေသေးလို့ပါဆရာ ဘာဆေးသောက်ရမလဲ ဘာဖြစ်တာလဲ ဘာတွေမစားသင့်ဘူးလည်း ပြောပြပေးပါဆရာ ကျေးဇူးတင်ပါတယ် ဆရာ နေတာက တွံတေးမှာပါဆရာ ပြနေကြ (ပြနေကျ) က အရင်ဆို နေမကောင်းရင် ရန်ကုန်ကလေးဆေးခန်းကို သွားပြတာပါ အခုက မအလကြောင့် သွားဖို့အဆင်မပြေလို့ပါဆရာ

ပုံပါဆေးက မက်ထရိုနိုက်ဒါဇော်လ် ခေါ် ဝမ်းကိုက်တာအတွက်ဖြစ်တယ်။ ဝမ်းကိုက်တာသက်သာရင် မလိုတော့ပါ။ ဗိုက်နာစေတတ်တဲ့အကြောင်းက များတယ်။ မေးခွန်းပါလေးမှာ ဘာဖြစ်နေသလဲ အတိအကျ မသိပါ။ ဆောရီး။

Metronidazole မက်ထရိုနိုက်ဒဇောလ် https://dr-tint-swe.blogspot.com/2021/05/metronidazole.html

ချက်နားပတ်ချာလည်က နာလိုက်ပျောက်လိုက်ဖြစ်နေတာပါဆရာ ချက်နားကနာတာက အစာအိမ်ကြောင့်လားဆရာ

ကလေးတွေမှာ အစာအိမ်အနာ မဖြစ်ပါ။

Baby Care ကလေးဗိုက်နာရင် https://dr-tint-swe.blogspot.com/2021/01/baby-care.html

တခုသတ်ပုံမှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ