Night terrors ဘီလူးစီးခံရခြင်း (၁)

• ဆရာ မဖြေမှာကိုလည်း နားလည်ပါတယ်ရှင့်။ ဘီလူးစီးတယ်လို ့မြန်မာတွေခေါ်နေတဲ့အဖြစ်ဟာ ဘာဓါတ် ချို့ယွင်းလို ့ဖြစ်ရတာလဲဆိုတာအမြန်ဆုံးသိချင်လို့ပါရှင်။ သောက်စရာဆေး စားသင့်သော အစားများကို သိချင်လို ့ပါဆရာ။ ဆောင်ရန်ရှောင်ရန်တွေပါ သိလိုပါတယ်ရှင့်။ 

• ဘယ်လိုဖြစ်တာကို အဲလိုခေါ်ပါသလည်း။ အရပ်ခေါ်တွေက တနေရာနဲ့တနေရာ မတူပါ။

• အိပ်မက်ယောင်လိုအော်နေရပါတယ်။ တစုံတယောက်လာနိုးမှ အော်နိုးလို ့ရပါတယ်။ ဖြစ်တိုင်း စောင် သို ့မဟုတ် အကျင်္ ီလည်ပင်းမှာရှိနေတတ်ပါတယ်။ ဘုရားမရှိခိုးလို ့ပြောပါတယ် ဘုရားရှိခိုးပြီး ကျမဟာ ဘုရားစာအုပ်ဖတ်ရင်း ကျန်းမာရေးစာတွေဖတ်ပြီးမှအိပ်သူပါရှင့်။

အရပ်ခေါ် ဘီလူးစီးခံရခြင်းဟာ လူကြီးတွေမှာသာမက ကလေးတွေမှာလည်းဖြစ်ပါတယ်။ လူကြီးတွေထဲမှာ ၂% ကနေ ၈% အထိဖြစ်တယ်။ အိပ်မက်ဆိုးပေမယ့် တကယ်ကိုခံစားနေရတာပါ။ 

Night terrors ဘီလူးစီးခံရခြင်းက Nightmares အိပ်မက်ဆိုးနဲ့ မတူပါ။ အိပ်မက်ထဲမှာ ပါတာတွေက တယောက်နဲ့ တယောက်မတူပါ။ အကျဉ်းအကြပ်တခုကနေ လွန်မြောက်အောင် အင်နဲ့အားနဲ့ ရုန်းကန်ကြိုးပမ်းတာမျိုး။ အမြင့်ကနေ ကျမှာကို ထိန်းမရနိုင်တာမျိုး။ အန္တရာယ်ကနေ ကျော်လွှားရတာမျိုး စတာတွေပါတယ်။ ဘဝမှာ ကြီးမားတဲ့မတော်တဆမှု ကြုံဘူးတာကို မက်တာမျိုးလည်းရှိတယ်။ ဘယ်လိုဟာတွေမက်မက် ကြောက်စရာသာဖြစ်တယ်။ 

အိပ်ခြင်းအဆင့်ထဲက အိပ်မက်မက်တဲ့ Rapid eye movement (REM) အဆင့်မှာအများဆုံးဖြစ်တယ်။ အများအားဖြင့် ညဦးပိုင်း အိပ်ပျော်ပြီးအချိန်အတွင်းဖြစ်တယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုံးမှာဖြစ်တယ်။ အိပ်စက်ခြင်းတခုရဲ ပဌမ ၃ ပုံ ၁ ပုံမှာအဖြစ်များတယ်။ သုတေသနတခုအရ သန်းခေါင်နဲ့ သန်းခေါင်ကျော် ၂ နာရီကြား များတယ်။ မက်နေချိန် ၁ဝ မိနစ်ကနေ ၂ဝ မိနစ်အထိကြာတယ်။ 

ယောက်ျားလေး ၅-၇ နှစ် အဖြစ်များဆုံး။ ၃-၇ နှစ် ယောက်ျားလေး၊ မိန်းကလေး ဆတူဖြစ်တယ်။ ၁၂ နှစ်အထိ အဖြစ်နည်းလာတယ်။ လူကြီး ၂့၂% နဲ့ ကလေး ၆့၅% မှာ ဖြစ်တယ်လို့တွေ့တဲ့သုတေသနလည်းရှိတယ်။ တချို့ 

ဘာလို့ဖြစ်သလည်း။ ဖြစ်နိုင်ခြေသီအိုရီတွေသာရှိတယ်။ မအိပ်ခင် ညလယ်စာစားလို့ ဇီဝအလုပ်ပိုလုပ်ရခြင်း၊ စိတ်မကျဆေး၊ သွေးကျဆေးသောက်ခြင်း။ မိသားစုအတွင်း တယောက်မကဖြစ်ခြင်း။ Post-traumatic stress disorder စိတ်ဒဏ်ရာရပြီးနောက်ဖြစ်ရတဲ့ စိတ်ရောဂါ။ Anxiety disorders စိုးရိမ်စိတ်ကဲသူတွေမှာလည်းဖြစ်တယ်။ မူးယစ်ဆေးနဲ့ အရက်တလွဲသုံးသူတွေမှာလည်းဖြစ်တယ်။ 

မက်ပြီးရင် ရုတ်တရက်အိပ်ယာကနိုးလာမယ်။ အော်ဟစ်မယ်။ မျက်လုံးပြူးနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ အသက်ရှူမြန်နေမယ်။ နှလုံးခုန်မြန်နေမယ်။ သွေးဖိအားတက်နေမယ်။ တုန်လှုတ်ခြောက်ခြားနေမယ်။ ကြောက်ရွံ့နေမယ်။ ရင်တုန်နေမယ်။ ဇောချွေးပျံနေမယ်။ အိပ်မက်လိုမဟုတ်ပဲ တကယ်ခံစာခဲ့ရတဲ့အတိုင်း ပင်ပန်းနေမယ်။ ကလေးတွေမှာဖြစ်ရင် အိပ်ယာကနိုးလာပြီး ထငိုမယ်။ အော်ဟစ်မယ်။ အဲလိုကနေ ဆက်ပြီး Sleepwalk လမ်းလျှောက်တယ်။ 

အဲလိုကနေ ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်။ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ စိုးရိမ်စိတ်ကဲခြင်း၊ စိတ်ဓါတ်ကျခြင်း၊ တချို့မှာ မိမိကိုယ်မိမိ သတ်သေလိုစိတ်ဖြစ်ခြင်း။ 

ကလေးတွေမှာဖြစ်တာကို နှစ်သိမ့်ပေးရမယ်။ ကြောက်စိတ်ကိုဖျောက်ပေးရမယ်။ ကလေးတွေ ငယ်စဉ်က အဲလို ဖြစ်ခဲ့ပေမယ့် ကြီးတော့ စိတ်ရောဂါထူးမဖြစ်ကြပါ။ 

ကုသမှုအကြံပြုချက်တွေကတော့ အိပ်ချိန်မှန်စေခြင်း၊ အစားစားချိန်မှန်ခြင်း၊ ကိုယ်လက်လှှုပ်ရှားခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေပါတယ်။ အိပ်ယာနေရာ သက်တောင့်သက်သာရှိစေသင့်တယ်။ မအိပ်ခင် စိတ်ကိုပြုပြင်သင့်တယ်။ လူကြီးတွေကို Benzodiazepine ခေါ်စိတ်ငြိမ်ဆေးပေးနိုင်တယ်။ Melatonin 1 to 3 mg ဆေးကိုလည်းညွှန်တယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ