Dial type Blood pressure Apparatus ဒိုင်ခွက်ပါ သွေးတိုင်းကရိယာ

ဆရာခင်ဗျ လက်မောင်းမှာပတ်ပြီး နားကျပ်နဲ့နားထောင်တိုင်းရတဲ့ သွေးပေါင်ချိန်တိုင်းနည်းမှာ အသံစကြားရတဲ့နေရာကဂဏန်းကို အပေါ်သွေးလို့ယူပြီး အသံရပ်သွားတဲ့နေရာကဂဏန်းကိုအောက်သွေးလို့ယူရတာမှန်ပါသလားဆရာ နောက်တခုက ဘယ်ဘက်လက်မောင်းနဲ့ညာဘက်လက်မောင်းမှာ ဘယ်ဘက်ကိုပတ်ပြီးတိုင်းတာကပိုမှန်ပါသလဲခင်ဗျ

သွေးဖိအားတိုင်းကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါကိုရေးထားတယ်။ အခုနောက်တမျိုးရေးပါမယ်။

ဆေးရုံတိုင်း၊ ဆေးခန်းတိုင်းမှာ မြင်နေကြတဲ့ သွေးဖိအားတိုင်းကရိယာကို Sphygmomanometer (ဆဖစ်ဂမို-မင်မိုမီတာ) ခေါ်တယ်။ အရင်ဆုံးပေါ်ပြီး ခုထိလဲသုံးနေကြတာမို့ သမားရိုးကျလို့ ပြောနိုင်တယ်။ ၁၈၈၁ ကတည်းက ဂျာမန်ပညာရှင် (ဆယ်မြူရယ်-ဆီးဖရက်) ကနေ စတင်တီထွင်ပြီး၊ ၁၉ဝ၁ မှာ (ဟာဗေး-ကူရှင်း) က ပိုကောင်းအောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကရိယာမှာ (မာကျူရီ) ပါပြီး ဂဏန်းဖတ်ရင် မီလီမီတာနဲ့ဖြစ်တာမို့ သွေးဖိအားကို mmHg (မီလီမီတာ-မာကျူရီ) လို့ ရေးရတယ်။ နောက်ပေါ်ကရိယာတွေဖြစ်တဲ့ ဒိုင်ခွက်ပါကရိယာနဲ့ (ဒစ်ဂျစ်တယ်) အမျိုးအစားတွေနဲ့ တိုင်းရင်လဲ ဒီအတိုင်းပဲရေးတယ်။

ဒိုင်ခွက်နဲ့ သွေးဖိအားတိုင်းကရိယာမျိုးကို Aneroid/Dial type လို့ခေါ်တယ်။ (အင်းဒရွိုက်) ဆိုတာ ခေတ်စားလာတာက သိပ်မကြာသေးဘူး။ မိုဘိုင်းဖုန်းတွေ ဆန်းသစ်လာမှ ပိုသိလာကြတာပါ။ အမှန်က ၁၉ဝ၅ ကတည်းက ရုရှားသိပ္ပံ့ညာရှင် Nikolai Korotkov (နီကိုလပ်စ်-ကိုရိုတော့ဖ်) ကစတင် တီထွင်ခဲ့တာ ဖြစ်တယ်။ (အင်းဒရွိုက်) ဆိုတာက အရည်မပါတာကို ဆိုလိုတယ်။

ဒိုင်ခွက်နဲ့ ကရိယာမျိုးက (မာကျူရီ) သုံးသွေးဖိအားတိုင်းကရိယာထက် စိတ်ချနိုင်ပေမဲ့ တိကျမှုကတော့ အဲလောက် မကောင်းလှဘူး။ ဒိုင်ခွက်သုံးကရိယာကို နံရံဖြစ်ဖြစ် တိုင်မှာဖြစ်ဖြစ်ဆင်ထားရင် စစ်ဆေးဘို့လိုတာ နည်းတယ်။

Mercury (မာကျူရီ) ခေါ်တဲ့ပြဒါးဟာ ကိုယ်ထဲဝင်မိရင် အဆိပ်လိုဘဲ။ ဒါကြောင့် ဒိုင်ခွက်ကို ပိုသဘောကျတယ်။ သယ်သွားရတာ ပိုလွယ်တယ်။ စျေးချိုတာလဲ ပါတယ်ပေါ့။ သွေးဖိအားတိုင်းကရိယာသုံးမျိုးထဲမှာ သမားရိုးကျ (ဆဖစ်ဂမို-မင်မိုမီတာ) က အခံဆုံးပါ။ အမှန်ဆုံးပါ။

• Aneroid sphygmomanometers (အင်းဒရွိုက်) သွေးဖိအားတိုင်း ကရိယာဟာ Mechanical type စက်သဘောနဲ့ လုပ်တာ ဖြစ်လို့ ပုံမှန်စစ်ဆေးမှုလိုတယ်။ Calibration checks ခေါ်တာလုပ်ရတယ်။

• Durability and accuracy ခံနိုင်ရည်နဲ့ တိကျမှုဆန်းစစ်ခြင်း လိုအပ်တယ်။ လွတ်ကျရင်ကွဲလွယ်တယ်။

• မတိုင်းခင်မှာ လက်တံလေးက သုညဖြစ်နေရမယ်။ ဒိုင်ခွက်အောက်ချေမှာ လှည့်လို့ရတဲ့ ဝက်အူပါတယ်။ လှည့်လိုက်ရင် ပုံမှန်ရှိရမှာတွေ ပြောင်းကုန်မယ်။

• Omron Blood Pressure Monitors အမျိုးအစားကို ၅ နှစ်တခါ Calibration စစ်ဆေးရမယ်။

• 775 series တွေထဲက Black enamel အနက်ရောင်ဖြစ်ဖြစ်၊ Navy blue နေဗီဘလူးဖြစ်ဖြစ် 300mmHg အထိ တိုင်းနိုင်တယ်။ 10 year calibration guarantee ၁ဝ နှစ်ခံလို့ ဆိုတယ်။

• လေသွင်းတဲ့ရာဘာအိတ်က Latex inflation bladder ဖြစ်တယ်။ Bulb ဘူလုံးမှာ Chrome-plated deflation valve လေအသွင်း-အလျှော့ဆိုတာပါတယ်။

• Adcuff nylon cuff with ADC’s proprietary ဆိုတာက အနှစ် ၂ဝ ခံတယ်။

• Lifetime calibration guarantee ရာသက်ပန်သုံးဆိုတာလဲ လာတယ်။ စျေးပိုပေးရတယ်။

အကြံပေးချက်များ -

၁။ Automatic readings ဂဏန်းကို တခါတည်းတန်းဖတ်နိုင်တာမျိုးရွေးပါ။

၂။ Arm monitors လက်မောင်းပတ်ဟာ Wrist monitor လက်ကောက်ဝတ်ပတ်တာထက် ပိုတိကျတယ်။

၃။ လက်မောင်းပတ်ဟာ လက်ပတ်တဲ့အစိတ်အပိုင်းက ကိုယ့်လက်နဲ့အံကိုက်ပါစေ။ လက်မောင်းရဲ့ ၈ဝ% ကိုဖုံးနေစရမယ်။

Small adult cuff arm sizes = 7.0 to 9.0 inches

Standard adult cuff arm sizes = 9.0 to 13 inches

Large adult cuff arm sizes = 13.0 to 17.0 inches

Additional cuff arm sizes = 9.0 to 17.0 inches

၄။ ထိုင်နေချိန်တိုင်းရင် ခြေထောက်ကို တင်စရာပေါ်မှာ နားနေသလိုရှိပါစေ။ ဆေးခန်းရောက်ရောက်ချင်း မတိုင်းသေးဘဲ ၅ မိနစ်စသဖြင့်စောင့်ပြီးမှ တိုင်းပါ။ ကိုယ်ရော စိတ်ပါ အနားရပါစေ။ အတိုင်းခံနေသူ သက်တောင့်သက်သာရှိပါစေ။ စိတ်ကို တနေရာဆီ ပြောင်းအောင်ကြိုးစားပါ။

၅။ တပါတ်မှာ ၂-၃ ခါတိုင်းပါ။ ၁ဝ-၁၂ ကြိမ်များနေမှ ဆေးပေးမယ်။ 135/85 ထက်ကျော်နေတာကို များတယ်လို့ သတ်မှတ်လာတာလဲ ရှိတယ်။ အရင်က 140/90 ကို ပုံမှန် အထက်ဂဏန်းတွေလို့ သတ်မှတ်ထားတယ်။ တကယ်လို့ ဆီးချို၊ ဒါမှမဟုတ် နှလုံးရောဂါရှိနေသူဆိုရင် 130/80 ထက် မများအောင် ဦးတည်ပြီး ဆေးပေးမယ်။

၆။ ကိုယ့်အိမ်မှာကိုယ်တိုင်တိုင်းတာဟာ ဆရာဝန်ကိုပြောပြဘို့ အထောက်အကူအတွက်သာ ဖြစ်သင့်တယ်။ နေမကောင်းသလို ဖြစ်ရင်တော့ ဖိအားနည်းနေပါစေ ဆရာဝန်ခေါ်ပါ။ များနေလို့လဲ ဆေးမသောက်ခင် ဆရာဝန်တိုင်ပင်ပါ။

၇။ သွေးဖိအားတွေ တက်လိုက်-ကျလိုက်ဖြစ်နေလို့ သိပ်ကြီး သောကမများပါနဲ့။ ဆရာဝန်အားကိုးပါ။

၈။ ကိုယ့်သွေးဖိအားတိုင်းကရိယာကို ဆရာဝန်ကို တနှစ်တခါပြသပါ။

၉။ စျေးဆိုင်-ဆေးဆိုင်တွေမှာ တိုင်းပေးတာမျိုး အားမကိုးပါနဲ့။

၁ဝ။ ဘယ်ဘက်လက်မောင်းတိုင်းတာ အသင့်တော်ဆုံးဖြစ်တယ်။

Digital blood pressure monitors ဒစ်ဂျစ်တယ် သွေးဖိအားတိုင်းကရိယာ https://dr-tint-swe.blogspot.com/2020/12/digital-blood-pressure-monitors.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ