Epinephrine ထိုးဆေး
တခါရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ မှန်အောင်ရေးတတ်သူ ရှားတယ်။
EPI Pen ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ ရှိရမယ် https://dr-tint-swe.blogspot.com/2021/08/epi-pen.html
Epinephrine injection ဆေးမတည့်ခြင်းအတွက် အရေးပေါ် ထိုးဆေး https://dr-tint-swe.blogspot.com/2021/08/epinephrine-injection.html
ဟုတ်ကဲ့ပါဆရာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ကျွန်မ အထူးကုဆေးခန်းမှာပဲထိုးမှစိတ်ချရမှာပေါ့နော်ဆရာ okကမှားနှိပ်မိလိုက်တာပါဆရာရှင့် ဆေးထိုးပြီး ဘယ်နှစ်နာရီထိစောင့်ကြည့်သင့်ပါလဲဆရာရှင့်
အဖြေစာကို သေချာဖတ်ရင် သိပါမယ်။ အထူးကုဆေးခန်းလို့ မပါ။ ကိုယ်တိုင်ဆေးဆောင်ထားလည်းရတယ်။ အမေရိကမှာသာရတဲ့ဆေး မဟုတ်လည်း စျေးချိုပြီး ရှာရတာလွယ်တဲ့ ဆေးအမည်လည်းပါတယ်။
အမေရိကမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ၁၅ မိနစ်စောင့်ရတယ်။ ဆေးထိုးတဲ့အချိန်နောက် ၁၅ မိနစ်ပေါင်းပြီး စတစ်ကာလေးမှာရေးပြီး ကပ်ပေးတယ်။ ဘာမှမဖြစ်ရင် အိမ်ပြန်ရတယ်။
Epinephrine ထိုးဆေးက မြန်မာပြည် ဆေးခန်းတိုင်းမှာရှိတယ်။
ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment