Melatonin မယ်လာတိုနင်
၁။ ဆရာခင်ဗျ USA ကထုတ်တဲ့ melatonin ဆိုတဲ့အိပ်ဆေးကိုရေရှည်စွဲသောက်လို့ရပါသလား၊သောက်မဲ့သူတွေကတော့အသက် ၃၈ ကျားနဲ့ အသက် ၄၁ မတို့ဖြစ်ပါတယ်၊ ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါခင်ဗျား
၂။ မင်္ဂလာပါ ဆရာခင်ဗျား Melatonin ဆေးကိုဆီးချိုရှိသူသောက်လို့ရပါသလား ဆရာ
၃။ ကျွန်တော် ခုတလော အိပ်ရင် အရင်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လို့ Melatonin 3mg ပါတဲ့ Somino Sleep သောက်နေပါတယ် ဆေးဆိုင်က ပြောတာတော့ ဘာ side effect မှ မရှိပါဘူးတဲ့ အဲ့ဒါကြောင့် စွဲသောက်လို့ ရတယ် ပြောပါတယ် ဒါပေမယ့် ကျွန်တော် Facebook မှာ side effect of Melatonin လို့ ရိုက်ရှာတဲ့အခါ side effect တွေရှိကြောင်း ရှင်းပြထားတဲ့ Video တွေ တွေ့နေရတယ် နားလည်တာတွေ ပါသလို နားမလည်တာတွေလဲ ပါနေလို့ ဆရာ့ကို လာမေးတာပါ Melatonin ရဲ့ side effect တွေကို ဆရာအားတဲ့ချိန် အဆင်ပြေတဲ့ချိန်လေး ရှိခဲ့ရင် ပြောပြပေးပါ ဆရာ
၄။ ကျွန်မက အသက် ၃၁။အိမ်ထောင်ရှိပါတယ်။ ကျွန်မ နှိုက်ခြိုက်စွာ အိပ်မပျော်တာ တော်တော်ကြာပါပြီဆရာ။ မနက် မိုးလင်းရင် လူက လန်းလန်းဆန်းဆန်းမရှိဘဲ ထိုင်းမှိုင်းပြီးတော့ ဖြစ်နေပါတယ်ဆရာရှင့်။ ညဘက်တွေ နှိုက်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ဆောင်ရန် ရှောင်ရန်တွေ သိလိုပါတယ်ဆရာရှင့်။ အခုတလော အိပ်ဆေး melatonin 3 mg သောက်ရင် အိပ်စက်မှုစက်ဝန်း ပုံမှန်ဖြစ်စေတယ်။ နှိုက်ခြိုက်စွာ အိပ်ပျော်စေပြီး ဆေးလည်း မစွဲဘူးဆိုပြီး နာမည်ကြီးနေပါတယ် ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ (နှစ်ခြိုက်စွာလို့ ရေးရတယ်။)
၅။ ဆရာရှင့် အိပ်မပျော်တဲ့သူတွေအတွက် သဘာဝအိပ်ဆေးဆိုပြီး Melatonin 5mg ကို အိပ်ခါနီး တနေ့တလုံး သောက်နေကြတာ အန္တရာယ်ရှိ မရှိ သိလိုပါတယ်။ ၁၉နစ်သမီးလေးက Melatonin မသောက်ရင်အိပ်မပျော်ဘဲ သောက်မှ အိပ်ပျော်နေလို့ နေ့စဉ်သောက်လို့ရ မရနဲ့ side effect ရှိလား သိပါရစေရှင့်။
၆။ ဆရာ Melatonin အကြောင်းလေး ရေးပေးပါ။
မယ်လာတိုနင်ဟာ Neurohormone နူရိုဟော်မုန်းအမျိုးအစားဖြစ်တယ်။ ဦးနှောက်ထဲက Pineal ပိုင်နီရယ်အိတ်ကနေ ထုတ်ပေးနေတယ်။ အိပ်စက်တာနဲ့ဆိုင်တယ်။ အလင်းရောင်ကနေ မယ်လာတိုနင် ထုတ်ပေးတာကို နည်းစေတယ်။ အိပ်ရေးပျက်သူတွေမှာ အဲတာနဲ့ဆိုင်နိုင်တယ်။ အလုပ်ချိန် ပုံမှန်မဟုတ်သူတွေအတွက် ဆေးအဖြစ်သောက်ရတယ်။ အိပ်ရေးမဝသူတွေမှာ အိုစာကြတယ်။ Antioxidant အင်တီအောက်ဆီးဒင့်အစွမ်းခေါ် ကင်ဆာကာကွယ်ဖို့လည်း အသုံးဝင်မယ်လို့ယူဆတယ်။ ရင်သားကင်ဆာ ပေးတယ်။ စိတ်ဓါတ်ကျသူတွေမှာ မယ်လာတိုနင်နည်းနေတာတွေ့ရတယ်။
အောက်ပါအခြေအနေတွေအတွက် ပေးပါတယ်။
• age-related vision loss အသက်ကြီးလို့မျက်စိမှုံခြင်း
• Alzheimer's disease အယ်လဇိုင်းမားရောဂါ
• bipolar disorder စိတ်ရောဂါ
• BPH ဆီးကျိတ်ကြီးခြင်း
• chronic fatigue syndrome (CFS) နာတာရှည်အားနည်းနေခြင်း
• COPD နာတာရှည်ရောဂါ
• depression စိတ်ကျရောဂါ
• Endometriosis သားအိမ်ရောဂါ
• Epilepsy အတက်ရောဂါ
• fibromyalgia အာရုံကြောရောဂါ
• H. pylori အစာအိမ်လေနာ
• headaches ခေါင်းကိုက်ရောဂါ
• IBS ဝမ်းမငြိမ်ရောဂါ
• Infertility သားသမီးမရသေးခြင်း
• memory loss (dementia) မှတ်ဉာဏ်မေ့ခြင်း
• Menopause သွေးဆုံး
• migraine မိုင်ဂရင်းရောဂါ
• nonalcoholic liver disease အသဲရောဂါ
• Osteoporosis အရိုးအားနည်းရောဂါ
• restless leg syndrome ခြေမငြိမ်ရောဂါ
• ringing in the ears နားအူခြင်း
• sarcoidosis ဆာကွိုက်ဒိုးဆစ်ရောဂါ
• schizophrenia စိတ်ရောဂါ
• seasonal affective disorder (SAD) စိတ်ရောဂါ
• ulcerative colitis အူမကြီးရောဂါတွေအတွက်လည်းသုံးတယ်။
ဘေးထွက်သက်ရောက်မှုများ
• Headache ခေါင်းကိုက်
• Dizziness ခေါင်းမူး
• Nausea ပျို့
• Drowsiness အိပ်ချင်။
တွဲမသောက်သင့်သောဆေးများ
• Anticoagulants and anti-platelet drugs သွေးခဲဆေး
• Anticonvulsants အတက်ကျဆေး
• Contraceptive drugs ကိုယ်ဝန်တားဆေး
• Diabetes medications ဆီးချိုဆေး
• Immunosuppressants ခုခံအားနှိမ်ဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။
• Fall asleep faster အိပ်ပျော်လွယ်စေတယ်။ ဆေးမသောက်တာထက် ၂၂ ကနေ ၃၄ မိနစ်စောပြီး အိပ်ပျော်စေတယ်။
• Improve sleep efficiency အိ်ပ်ပျော်ခြင်းကလည်း ဆေးမသောက်တာိထက်ကောင်းတယ်။
• Autism နဲ့ ADHD လိုစိတ်ပိုင်းအားနည်းချက်ရှိတဲ့ ကလေးတွေလည်း အိပ်ပျော်စေမယ်။
• Jet Lag ခရီးရှည်ကြောင့် နေ့ညမှားတာကိုလည်း သက်သာစေမယ်။
• Tinnitus နားထဲ ဆးညံသံကြားရသူတွေလည်း သောက်နိုင်တယ်။
ကိုယ်ဝန်ဆောင်တွေအတွက် လေ့လာမှု မစုံလင်သေးပါ။ Melatonin 1 mg ကနေ 10 mg အထိပါတဲ့ဆေးတွေ ရောင်းတယ်။ 3 mg နဲ့ စသောက်သင့်တယ်။ လိုရင်တိုးနိုင်တယ်။
Melatonin ဆေးကို ယူအက်စ်အေမှာ ဆရာဝန်လက်မှတ်မပါဘဲ ရောင်းတယ်။ FDA ကတော့ ရောင်းခွင့်တားမထားပါ။ ရောဂါအမျိုးမျိုးအတွက်သုံးတာတွေလည်း အများကြီးရှိတယ်။ ထိရောက်မှုကို အာမမခံနိုင်ပါ။ သတိထားဘို့က အဲလိုအပိုဆောင်းဆေးအဖြစ်သုံးရင် ခန္ဓာကိုယ်ကနေ အလိုလို ထုတ်ပေးတာကို နှိမ်ရာကျတယ်။ အဆိပ်သင့်တာနဲ့ ဆေးစွဲတာတော့မဖြစ်ပါ။ Melatonin ကရေတိုတော့ စိတ်ချရပါတယ်။ ရေရှည်တော့ မပြောနိုင်သေးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment