The acute effects of the COVID-19 pandemic on insomnia and psychological symptoms ကိုဗစ်နှင့် အိပ်မရခြင်း

၁။ ဆရာရှင့် ကျွန်မညီမ အသက် ၃၀နှစ်ပါ covid ဖြစ်ပြီးတာ ၂၁ ရက်ရှိပါပြီ covid ပိုးလည်းမရှိတော့ပါဘူး ဒါပေမဲ့ အိပ်လို့မပျော် ခေါင်းမူး အဖျားငွေ့ငွေ့ နှင့် ဖျားနေသေးလို့ဆရာ အဲဒါ ဘါဆေးတွေသောက်ပြီး ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်ရှင့်

၂။ ဆရာ Covid နောက်ဆက်တွဲအနေနဲ့ ညဘက်အိပ်မရဘူးဆရာ Day 5 ပါ အောက်စီဂျင်ကလဲ 96 ဝန်းကျင် အမျိုးသား အသက် ၂၈ ပါဆရာ ဘယ်လိုများ လိုက်နာ ဆောင်ရွက်သင့်လဲ ဖြေပေးပါဦးဆရာ

ဆေးသုတေသနတခု ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ ထုတ်ပြန်ထားတာရှိတယ်။
• COVID-19 ကိုဗစ်ကပ်ရောဂါကြောင့် နောက်ဆက်တွဲဖြစ်တာတွေ အမျိုးမျိုးရှိတယ်။ တခုကတော့ အိပ်မရခြင်း။
• တရုပ်ပြည်က ကိုဗစ်လူနာတွေကို လေ့လာခဲ့တယ်။
- clinically significant insomnia အရေးပါတဲ့အိပ်မရခြင်း (20%)
- acute stress ရက်တိုစိတ်ဖိစီးမှု (15.8%)
- anxiety စိုးရိမ်စိတ်(18.5%)
- depression စိတ်ဓါတ်ကျခြင်း (24.5%) ရှိတာ တွေ့ရတယ်။
- ကိုဗစ်မတိုင်မီကာလထက် clinical insomnia အိပ်မရခြင်း (14.6% to 20%) များလာတာ တွေ့ရတယ်။

တခြားလေ့လာမှုတခုမှာ 
• insomnia အိပ်မရခြင်း (34%–36%)
• anxiety စိုးရိမ်စိတ်ကဲခြင်း (45%) 
• depressive symptoms စိတ်ဓါတ်ကျခြင်း (50%) ရှိတာတွေ့ရတယ်။
• predominantly of females အမျိုးသမီး (70%) အထိများတယ်။

ဘယ်လိုလုပ်နိုင်သလဲ
• ခဏတာဖြစ်ဖြစ် မှေးစက်ပါ။
• ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေ စားသောက်ပါ။ (မြန်မာလိုရေးတင်နေကြတဲ့ ဖေ့စ်ဘွတ်က ဖြည့်စွက်စာတွေ၊ အရပ်ဆေးနည်းတွေ တခုတလမှ မမှန်ပါ)
• မအိပ်မီ အရက်၊ နီကိုတင်း (ဆေးလိပ်) နဲ့ အစားအသောက်များများစားတာ ရှောင်ပါ။
• ကေဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် အချိုရည်တွေကို မအိပ်မီ ၅ နာရီအတွင်း မသောက်ပါနဲ့။ 
• Screen time ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာ ဆခရင်ကြည့်ချိန် လျှော့ချပါ။
• အိပ်ချိန် သတ်သတ်မှတ်မှတ်ထားပါ။
• တက်ကြွနေပါ။ စိတ်ဖိအား လျှော့ချပါ။
• တရားထိုင်ပါ။
• သင့်တော်တဲ့ အိပ်ဆေးသောက်ပါ။

Sleep health education (the importance of maintaining regular sleep schedules, obtaining a daily dose of daylight exposure) အိပ်စက်ခြင်းကျန်းမာရေး ပညာရေးလုပ်ပေးရတယ်။ chronic insomnia ရက်ရှည်အိပ်မရသူတွေက cognitive behavioral therapy စိတ်ကုသနည်းလိုတယ်။ digital and telehealth platforms နည်းလည်းရှိတယ်။

Sleeping pills အိပ်ဆေး https://dr-tint-swe.blogspot.com/2020/12/sleeping-pills.html
Melatonin မယ်လာတိုနင် https://dr-tint-swe.blogspot.com/2021/08/melatonin.html
COVID-19 Complications ကိုဗစ်ကြောင့် သက်ရောက်မှုများ https://dr-tint-swe.blogspot.com/2021/07/covid-19-and-lungs-2.html
COVID-19 Symptoms သတိထားရမဲ့ ရောဂါလက္ခဏာတွေ https://dr-tint-swe.blogspot.com/2021/07/covid-19-symptoms_27.html
COVID-19 Treatment ဘယ်လိုကုသမလဲ https://dr-tint-swe.blogspot.com/2021/08/covid-19-treatment.html
The acute effects of the COVID-19 pandemic on insomnia and psychological symptoms ကိုဗစ်နှင့် အိပ်မရခြင်း https://dr-tint-swe.blogspot.com/2021/09/the-acute-effects-of-covid-19-pandemic.html
The long-term health effects of COVID-19 နောက်ဆက်တွဲရောဂါများ https://dr-tint-swe.blogspot.com/2021/07/the-long-term-health-effects-of-covid-19.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ