လက်ဖက်ရည်၏ သမိုင်းကြောင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

(၁)

လက်ဖက်ရည်သည် ကမ္ဘာတဝှမ်းတွင် လူကြိုက်အများဆုံး သောက်ဖွယ်ရာများထဲမှ တခုဖြစ်ပြီး ၎င်း၏ သမိုင်းကြောင်းမှာ နှစ်ပေါင်း ထောင်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဆိုင်ရာ အစောဆုံး အကိုးအကားများကို ခရစ်တော်မပေါ်မီ ၂၇၃၇ ခုနှစ်ခန့် တရုတ်ပြည်တွင် စတင်တွေ့ရှိခဲ့ရသည်။ ဒဏ္ဍာရီများအရ ဧကရာဇ် ရှန်နန် (Emperor Shen Nung) ၏ ရေနွေးကြမ်းခွက်ထဲသို့ Camellia sinensis အပင်မှ အရွက်အချို့ မတော်တဆ လိမ့်ကျရာမှ စတင်ခဲ့သည်ဟု ဆိုကြသည်။ ထိုသောက်ဖွယ်ရာ၏ ကောင်းမွန်သော အရသာနှင့် ဆေးဖက်ဝင် အာနိသင်များကို ဧကရာဇ်မင်းက များစွာ နှစ်သက်သဘောကျသွားခဲ့ရာမှ လက်ဖက်ရည်ဟူ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းနှစ်များတွင် ချင်း (ဂျင်း)၊ လိမ္မော်နှင့် ပရုပ် (peppermint) စသည့် အခြားသော အမယ်များကိုလည်း ထည့်သွင်းလာကြပြီး၊ ပြင်ဆင်ပုံ စနစ်များ ကွဲပြားလာမှုကြောင့် လက်ဖက်ရည်အဖြူ၊ လက်ဖက်ရည်စိမ်းမှသည် လက်ဖက်ရည်အမည်း အထိ အရောင်အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။ ထို့နောက် တိဗက်၊ ဂျပန်၊ ဥရောပ၊ အိန္ဒိယ၊ ရုရှားနှင့် မြောက်အမေရိကတိုက်များအထိ လက်ဖက်ရည်သည် ကမ္ဘာနှံ့ ပြန့်နှံ့ကျော်ကြားလာခဲ့သည်။ ယနေ့ခေတ်တွင်လည်း လက်ဖက်ရည်သည် ဆက်လက် ခေတ်စားနေဆဲဖြစ်ပြီး ၎င်း၏ ကျန်းမာရေး အကျိုးကျေးဇူးများစွာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု အသိအမှတ်ပြုထားကြပါသည်။

လက်ဖက်ရည် သောက်သုံးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

လက်ဖက်ရည်တွင် အပင်မှရရှိသော အစားအစာများ၌ တွေ့ရလေ့ရှိသည့် flavonoids ခေါ် အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ လက်ဖက်ရည်၌ polyphenols ခေါ် အစွမ်းထက်ဆုံးသော flavonoids အမျိုးအစား တမျိုး ပါဝင်နေခြင်း ဖြစ်သည်။ အဆိုပါ အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းများသည် ကျွန်ုပ်တို့၏ ဆဲလ်များရှိ ပရိုတင်း၊ ဒီအန်အေ (DNA) နှင့် အဆီဓာတ်များကို ပျက်စီးစေတတ်သော free radicals ခေါ် ခန္ဓာကိုယ်တွင်းရှိ ဖျက်ဆီးတတ်သည့် ဒြပ်ပေါင်းများကို ဖယ်ရှားပေးနိုင်သည်။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် လေထုညစ်ညမ်းမှုတို့သည် ခန္ဓာကိုယ်တွင်း၌ ထို free radicals များ ပိုမိုများပြားလာစေရန် အကြောင်းဖန်စေတတ်သည်။

လက်ဖက်ရည် အမျိုးအစားအလိုက် ကျန်းမာရေး အကျိုးကျေးဇူးများမှာ အနည်းငယ်စီ ကွဲပြားကြသည် -

လက်ဖက်ရည်အမည်း (Black tea): များသောအားဖြင့် ကဖိန်းဓာတ် အများဆုံး ပါဝင်ပြီး လေဖြတ်နိုင်ခြေကို လျော့နည်းစေနိုင်သည်။

လက်ဖက်ရည်အဖြူ (White tea): ကင်ဆာရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည့် အာနိသင်များ ရှိကြောင်း တွေ့ရှိရသည်။

လက်ဖက်ရည်စိမ်း (Green tea): polyphenols ဓာတ် အများဆုံး ပါဝင်လေ့ရှိပြီး အချို့သော ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားပေးခြင်း၊ အယ်လ်ဇိုင်းမား (Alzheimer) ကဲ့သို့သော အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ လေဖြတ်နိုင်ခြေကို လျှော့ချပေးခြင်းနှင့် ကိုလက်စထရော ပမာဏကို ကောင်းမွန်စေခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။

“လက်ဖက်ရည်စိမ်းတွင် အခြား အမျိုးအစားများထက် ဗီတာမင် ကေ (Vitamin K) ဓာတ် ပိုမိုပါဝင်သည်။ အချို့သော ဆေးဝါးများ သောက်သုံးနေရသူများအနေဖြင့် ဆေးအာနိသင် မလွဲချော်စေရန် ဗီတာမင် ကေ စားသုံးမှုကို အနည်းငယ် သို့မဟုတ် အသင့်အတင့်သာ ထားရှိရန် လိုအပ်သည်” ဟု ဘိုးမန်း (Bowman) က ဆိုသည်။ ထို့ကြောင့် အကယ်၍ သင်သည် ထိုကဲ့သို့သော ဆေးဝါးများ သောက်သုံးနေရသူ ဖြစ်ပါက မည်သည့် လက်ဖက်ရည် အမျိုးအစားက သင်နှင့် အသင့်တော်ဆုံး ဖြစ်မည်ကို ဆရာဝန်နှင့် တိုင်ပင်ရန် အရေးကြီးပါသည်။

မည်သည့် လက်ဖက်ရည် အမျိုးအစားမဆို သောက်သုံးခြင်း၏ နောက်ထပ် အကျိုးကျေးဇူးတခုမှာ ၎င်း၌ ကယ်လိုရီ၊ ဆိုဒီယမ်၊ သကြားနှင့် အဆီဓာတ်များ လုံးဝ မပါဝင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝိတ်ချနေသူများ သို့မဟုတ် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများအတွက် အလွန်ကောင်းမွန်သော သောက်ဖွယ်ရာ ဖြစ်ပါသည်။

သို့သော် ကျွန်ုပ်တို့ စားသုံးနေသည့် အရာများစွာကဲ့သို့ပင် ကောင်းသည့်အရာကို လွန်ကဲစွာ သောက်သုံးပါက ပြဿနာ ရှိလာနိုင်ပါသည်။ အမေရိကန် နှလုံးရောဂါ အဖွဲ့အစည်း (American Heart Association) ၏ အဆိုအရ လက်ဖက်ရည်ကို အလွန်အကျွံ သောက်သုံးပါက သံဓာတ် ချို့တဲ့မှုကို ဖြစ်စေနိုင်သည်ဟု ဆိုသည်။ အကြောင်းမှာ လက်ဖက်ရည်တွင် tannins ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ထိုဓာတ်သည် သံဓာတ်နှင့် ပေါင်းစပ်သွားကာ အစာခြေလမ်းကြောင်းမှ သံဓာတ် စုပ်ယူမှုကို ဟန့်တားတတ်သောကြောင့် ဖြစ်ပါသည်။

(၂) 

လက်ဖက်ရည်နှင့် ကော်ဖီ နှိုင်းယှဉ်ချက်

ဆေးဖက်ဝင် အပင်များဖြင့် ဖော်စပ်ထားသော လက်ဖက်ရည် (herbal teas) မှလွဲ၍ ကျန်ရှိသော လက်ဖက်ရည် အားလုံးကို Camellia sinensis ဟူသော အပင် တမျိုးတည်းမှပင် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လက်ဖက်ရည် တခွက်တွင် ကဖိန်းဓာတ် မည်မျှ ပါဝင်သည်ကို အတိအကျ သိရှိရန် ခဲယဉ်းလှပါသည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးသည့် အခြေအနေ၊ ပြုပြင်စီမံသည့် နည်းလမ်းနှင့် ခတ်နှပ်ပုံ စနစ်များအပေါ် မူတည်၍ ကဖိန်းဓာတ် ပမာဏ ကွဲပြားနိုင်သောကြောင့် ဖြစ်ပါသည်။ သို့သော် ယေဘုယျအားဖြင့် လက်ဖက်ရည်သည် ကော်ဖီထက် ကဖိန်းဓာတ် ပါဝင်မှု နည်းပါးလေ့ရှိပြီး၊ ကော်ဖီ တခွက်တွင် ကဖိန်းဓာတ် ၁၀၀ မီလီဂရမ်ခန့် ပါဝင်တတ်ပါသည်။

လက်ဖက်ရည် အမျိုးအစားများ၊ ပြင်ဆင်ပုံနှင့် သိုလှောင်ပုံ

လက်ဖက်ရည် အမျိုးအစားများစွာ ရှိကြပြီး အားလုံးနီးပါးသည် ကျန်းမာရေးအတွက် ကောင်းမွန်ကြပါသည်။ သို့ရာတွင် သကြားဓာတ်များ ထည့်သွင်းထားသော ဘူးသွင်း လက်ဖက်ရည်များကိုမူ ရှောင်ကြဉ်ရန် အကြံပြုလိုပါသည်။

ခြောက်သွေ့သော လက်ဖက်ခြောက်၏ အရသာကို ထိန်းသိမ်းနိုင်ရန်အတွက် လေလုံသော ဗူးထဲတွင် ထည့်သွင်း၍ နေရောင်ခြည်နှင့် ဝေးရာ အခန်းအပူချိန်တွင် သိမ်းဆည်းသင့်ပါသည်။ လက်ဖက်ခြောက် ရောင်းချသည့် ထုပ်ပိုးမှုများသည်ပင်လျှင် သိုလှောင်ရန်အတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ ပြင်ဆင်ပုံနှင့် ပတ်သက်၍ လက်ဖက်ရည်စိမ်း (Green tea) ကို အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်း အများဆုံး ရရှိစေရန် ရေအေးတွင် စိမ်၍ဖြစ်စေ၊ သို့မဟုတ် လက်ဖက်ရည်ဖြူနှင့် လက်ဖက်ရည်မည်းများကဲ့သို့ပင် ရေနွေးတွင် ၅ မိနစ်ခန့် စိမ်၍ဖြစ်စေ သောက်သုံးနိုင်ပါသည်။

လက်ဖက်ရည်ဖြင့် ချက်ပြုတ်ခြင်း

လက်ဖက်ရည်၏ အသုံးဝင်ပုံမှာ သောက်သုံးရန် သက်သက်သာ မဟုတ်ပါ။ ဟင်းလျာများ ချက်ပြုတ်ရာတွင် ရေအစား လက်ဖက်ရည်ကို အသုံးပြုခြင်းဖြင့် အရသာကို ပိုမိုထူးကဲစေပြီး အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းများကိုလည်း ပိုမို ရရှိစေနိုင်ပါသည်။

(၃)

စမ်းသပ်ကြည့်နိုင်သည့် လက်ဖက်ရည် ဟင်းချက်နည်းများ

လက်ဖက်ရည်သည် သောက်ရန်အတွက်သာ မဟုတ်ဘဲ ရိုးရှင်းသော ဟင်းသီးဟင်းရွက် ဆီသတ်ချက်နှင့် ကြက်သားဟင်းများတွင်ပင် လတ်ဆတ်သော မြေနံ့သင်းပျံ့သည့် အရသာမျိုးကို ပေးစွမ်းနိုင်ပါသည်။

လက်ဖက်ရည်စိမ်းဖြင့် ဟင်းသီးဟင်းရွက် ဆီသတ်ချက်

ပါဝင်ပစ္စည်းများ:

သံလွင်ဆီ (Olive oil) - ထမင်းစားဇွန်း ၂ ဇွန်း

ငရုတ်သီးအနီ လတ်လတ်ဆတ်ဆတ် (နှုတ်နှုတ်ဆင်းထားပြီး) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ရှောက်သီးခွံ သို့မဟုတ် လိမ္မော်ခွံ ခြစ်ထားသည့် အဖတ် (Lemon zest) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လက်ဖက်ခြောက် (Green tea loose leaves) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပန်းဂေါ်ဖီစိမ်း (Broccoli) - ၄ ခွက်စာခန့်

အဝါရောင် သို့မဟုတ် အစိမ်းရောင် ခရမ်းဖရုံ (Zucchini) (လေးပုံတပုံ လက်မခန့် စောင်းစောင်းလေး လှီးထားပါ) - ၁ ခွက်စာ

လက်ဖက်ရည်စိမ်း (ဖျော်ပြီးသား) - ခွက်တဝက်စာ

ငရုတ်ပွအနီ (၁ လက်မခန့် လေးထောင့်ကွက် လှီးထားပါ) - လေးပုံတပုံ ခွက်စာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ