Dandelion (Taraxacum) ဒေါက်ခွရွက်

 

မီးခိုးပန်းရွက်လို့လည်း ခေါ်ပါသတဲ့။

AI ကတော့ နေကြာရိုင်းလို့ ဘာသာပြန်ပါတယ်။

အညာမှာတော့ ဒေါက်ခွရွက် လို့ ခေါ်ပါတယ်။ အညာသားက မနှစ်ကမှ သိတာ။ 

ရေနွေးဖျောပြီး သုပ်စားလို့ရတယ်။ 

ဆန်မှုန့်နဲ့ အကြော်ကြော်စားလို့ရတယ်။ 

တချို့က ဒေါက်ခွရွက်ကိုပြုတ်ပြီး တို့စရာအဖြစ်အစားများပါတယ်။

လူတွေစားသုံးနိုင်တဲ့ အသီး၊ အရွက်၊ အပွင့်တိုင်းကို သုတေသနလုပ်ရင် အာဟာရဓါတ်တွေပါတယ်။

အမြစ်က ကင်ဆာပျောက်ဆိုပြီး တင်နေကြတယ်။

ဆေးအဖြစ်အသုံးဝင်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေက ဆေးသုတေသနအရသာ မှန်တယ်။

ဒီနေ့လယ် ဒေါက်ခွရွက်ကို အကြော်မှုန့် ကြော်စားကြတယ်။ ကောင်းတယ်။

နည်းနည်းလေး ခါးသက်သက်အရသာရှိတယ်။ အသက်ရသူတွေက ခါးတဲ့အရသာကို နှစ်သက်လေ့ရှိကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ