Earth Day 2026 ၂၀၂၆ ခုနှစ်၊ ကမ္ဘာမြေနေ့
၂၀၂၆ ခုနှစ်၊ ကမ္ဘာမြေနေ့၏ ဆောင်ပုဒ်မှာ “ငါတို့စွမ်းအား၊ ငါတို့ကမ္ဘာ” ဟူ၍ ဖြစ်၏။ မူဝါဒပိုင်းဆိုင်ရာ မရေရာမှုများ ရှိနေသော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် လက်တွေ့ကျကျ တိုးတက်လျက်ရှိပြီး အရှိန်အဟုန်မပျက် ဆက်လက်ဖြစ်ပေါ်နေခြင်းအပေါ် ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်နိုင်ပါသည်။ ၂၀၂၆ ခုနှစ်၏ ဆောင်ပုဒ်သည် လက်ရှိကမ္ဘာ့စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုဘဝအခြေအနေများကို ထဟပ်ပေါ်လွင်စေပါသည်။
၂၀၂၆ ခုနှစ်တွင် “ငါတို့စွမ်းအား၊ ငါတို့ကမ္ဘာ” ဟူသည်မှာ လူနေမှုစရိတ်၊ ပြည်သူ့ကျန်းမာရေး၊ အခြေခံအဆောက်အအုံ ခိုင်ခန့်မှုနှင့် ရေရှည်တည်ငြိမ်ရေးတို့ကို ထိခိုက်စေနိုင်သည့် ပတ်ဝန်းကျင်ကာကွယ်ရေးလုပ်ငန်းများကို ထိန်းသိမ်းရာတွင် ကမ္ဘာတဝှမ်းရှိ လူသားများနှင့် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ဆိုလိုခြင်း ဖြစ်၏။ ပတ်ဝန်းကျင်အခြေအနေများသည် ဒေသအသီးသီးရှိ စားနပ်ရိက္ခာစနစ်၊ ရေရရှိမှု၊ စွမ်းအင်ရရှိမှု၊ သဘာဝဘေးအန္တရာယ်နှင့် စီးပွားရေးကြံ့ခိုင်မှုတို့အပေါ် သက်ရောက်မှုရှိပါသည်။
၁၉၇၀ ပြည့်နှစ်၊ ပထမဆုံးသော ကမ္ဘာမြေနေ့မှစ၍ ပြည်သူတို့၏ လှုပ်ရှားမှုများသည် ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဥပဒေများနှင့် နိုင်ငံတကာစံနှုန်းများကို ခိုင်မာစေရန် အထောက်အကူပြုခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ညစ်ညမ်းမှုကြောင့်ဖြစ်သော ရောဂါဝေဒနာများကို လျော့နည်းစေခြင်း၊ သန့်ရှင်းသောရေကို ပိုမိုရရှိစေခြင်းနှင့် ပြည်သူ့ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ရေရှည်အကျိုးကျေးဇူးများကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ရရှိစေခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ကမ္ဘာမြေနေ့သည် ကမ္ဘာတဝှမ်းရှိ လူမှုအဖွဲ့အစည်းများအား သန့်ရှင်းသောလေ၊ သန့်ရှင်းသောရေ၊ သန့်ရှင်းသောစွမ်းအင်၊ သဘာဝသယံဇာတများ ကာကွယ်ရေးနှင့် ရာသီဥတု တည်ငြိမ်ရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။ ဤအချက်များသည် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး ခန့်မှန်းနိုင်မှု၊ စားနပ်ရိက္ခာဖူလုံမှုတို့နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။
အဘယ်ကြောင့် “ငါတို့စွမ်းအား၊ ငါတို့ကမ္ဘာ” ဟု ခေါ်ဆိုရသနည်း။
စီးပွားရေး ကျပ်တည်းမှု၊ ပဋိပက္ခများ၊ ရာသီဥတုဒဏ်နှင့် နိုင်ငံရေးဦးစားပေးမှုများ အပြောင်းအလဲကြောင့် ပတ်ဝန်းကျင်ကာကွယ်ရေးလုပ်ငန်းများသည် ကမ္ဘာတဝှမ်းတွင် ဖိအားများနှင့် ရင်ဆိုင်နေရပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများသည် အိမ်ထောင်စုများ၊ ဒေသန္တရအစိုးရများနှင့် နိုင်ငံတော်စီးပွားရေးအပေါ် သက်ရောက်မှုရှိပါသည်။ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုသည် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များ ကွဲပြားနေသော်လည်း လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဖြစ်စေရန်နှင့် တာဝန်ယူမှုရှိစေရန် အဓိကမောင်းနှင်အား ဖြစ်ပါသည်။
ပထမမဏ္ဍိုင် - ကြံ့ခိုင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ စဉ်ဆက်မပြတ်မှု
ဒေသအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများသည် အခက်အခဲများကြားမှ ကြံ့ခိုင်မှုကို အထောက်အကူပြုပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်း လျှော့ချခြင်း၊ ဂေဟစနစ် ပြန်လည်ပြုစုခြင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းခြင်း စသည့် ဒေသအခြေပြု လုပ်ငန်းများသည် အမျိုးသားရေးမူဝါဒများ ပြောင်းလဲသော်လည်း ဒေသတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသဖြင့် ရေရှည်တည်တံ့လျက် ရှိပါသည်။
ဒုတိယမဏ္ဍိုင် - ဘုံအကျိုးစီးပွားနှင့် ဆက်နွှယ်နေသော ရလဒ်များ
ပတ်ဝန်းကျင်စနစ်များသည် တကမ္ဘာလုံး အပြန်အလှန် ဆက်နွှယ်နေပါသည်။ လေထုညစ်ညမ်းမှုသည် နယ်စပ်များကို ဖြတ်ကျော်တတ်သကဲ့သို့၊ ရေထုစနစ်များသည်လည်း ဒေသတခုနှင့်တခု ဆက်စပ်နေပါသည်။ ပတ်ဝန်းကျင်ကာကွယ်ရေးသည် ကျန်းမာရေးစရိတ်၊ သဘာဝဘေးတုံ့ပြန်မှုစရိတ်နှင့် စီးပွားရေး ထိခိုက်မှုများကို လျှော့ချပေးနိုင်သော ကြိုတင်ကာကွယ်ရေး မူဝါဒတခု ဖြစ်ပါသည်။ မိမိတို့ လူမှုအဖွဲ့အစည်းအတွင်း ဆောင်ရွက်သော လုပ်ငန်းများသည် စုပေါင်းကြံ့ခိုင်မှုနှင့် အားလုံး၏ တည်ငြိမ်မှုအတွက် အထောက်အကူပြုပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment