Everyday Items That Make Life Easier for Older Adults
သက်ကြီးရွယ်အိုများ၏ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေမည့် အသုံးအဆောင်ပစ္စည်းများ
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ယခင်က အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်နိုင်ခဲ့သည့် နေ့စဉ်လုပ်ငန်းဆောင်တာများမှာ ပိုမိုအားစိုက်ထုတ်လာရတတ်ပါသည်။ ကားပေါ်မှဆင်းခြင်း၊ ခြေအိတ်စွပ်ခြင်း သို့မဟုတ် ဖန်ခွက်ကို ကိုင်တွယ်ခြင်းကဲ့သို့သော အရာများသည် ယခင်ကထက် ပိုမိုခက်ခဲလာနိုင်ပါသည်။
သေးငယ်သော နေ့စဉ်သုံးကိရိယာလေးများသည် များစွာအထောက်အကူပြုနိုင်ပါသည်။ ၎င်းတို့သည် ဆေးဘက်ဆိုင်ရာ အထူးကိရိယာများမဟုတ်ဘဲ လူကြီးမင်းတို့အား ပိုမိုသက်သောင့်သက်သာရှိစေရန်၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန်နှင့် သူတပါးအား အားမကိုးရဘဲ လွတ်လပ်စွာ နေထိုင်နိုင်စေရန် ကူညီပေးသည့် လက်တွေ့ကျသော အထောက်အကူပြုပစ္စည်းများသာ ဖြစ်ပါသည်။
မှန်ကန်သော ကိရိယာရှိလျှင် စိတ်ပျက်စရာကောင်းသော အလုပ်တခုမှာ ပြန်လည်လုပ်ဆောင်နိုင်သော အလုပ်တခုအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ အောက်ပါတို့မှာ ရွေးချယ်နိုင်သော နည်းလမ်းအချို့ ဖြစ်ပါသည်။
ကားအတက်အဆင် ပိုမိုဘေးကင်းစေရန်
ကားအတက်အဆင်ပြုလုပ်ရာတွင် ခန္ဓာကိုယ်ဟန်ချက်ညီမှု၊ ခြေထောက်သန်မာမှုနှင့် ပျော့ပျောင်းမှုတို့ လိုအပ်ပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်တောင့်တင်းခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ လှုပ်ရှားမှုခက်ခဲခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း သို့မဟုတ် ခွဲစိတ်မှုမှ နာလန်ထစအချိန်များတွင် ပို၍စိန်ခေါ်မှုဖြစ်နိုင်ပါသည်။
အထောက်အကူပြုကိရိယာများမှာ -
ထိုင်ခုံခါးပတ်ဆွဲကိရိယာ (Seat belt reachers): ခါးပတ်ကို မိမိခန္ဓာကိုယ်နှင့် ပိုမိုနီးကပ်အောင် ဆွဲပေးသဖြင့် ကိုယ်လုံးကိုလိမ်ရန် မလိုတော့ဘဲ ပခုံးဒဏ်ဖြစ်ခြင်းကို လျှော့ချပေးပါသည်။
ခန္ဓာကိုယ်ဒဏ်မဖြစ်စေဘဲ ရေချိုးခြင်းနှင့် အဝတ်အစားလဲခြင်း
တင်ပါးဆုံဆစ်ကို အလွန်အမင်းမငုံ့ရဘဲ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ရန် အောက်ပါပစ္စည်းများ ပါဝင်သည့် "တင်ပါးဆုံအထောက်အကူပြုပစ္စည်းအစုံ" (Hip kit) ကို အသုံးပြုနိုင်ပါသည်။ ၎င်းသည် အဆစ်အမြစ်ရောင်ရောဂါရှိသူများ သို့မဟုတ် ခွဲစိတ်မှုပြုလုပ်ထားသူများအတွက် အလွန်အသုံးဝင်ပါသည်။
ယေဘုယျအားဖြင့် အဆိုပါအစုံတွင် -
လက်ကိုင်ရှည် ရေချိုးပွတ်တိုက်တံ: လက်လှမ်းရခက်သော နေရာများကို ရေချိုးစဉ် ပွတ်တိုက်နိုင်ရန် အထောက်အကူပြုပါသည်။
လက်ကိုင်ရှည် ဖိနပ်စီးကူကိရိယာ (Shoehorn): ခါးမငုံ့ရဘဲ ဖိနပ်ကို လွယ်ကူစွာ စီးနိုင်စေပါသည်။
အဝတ်ဝတ်ကူတံ (Dressing stick): အဝတ်အစားများ ဝတ်ဆင်ရာတွင် သို့မဟုတ် ချွတ်ရာတွင် ကူညီပေးပါသည်။
ပစ္စည်းကောက်ကိရိယာ (Reacher): မြေပြင်ပေါ်မှ ပစ္စည်းများကို ကွေးညွတ်ခြင်းမရှိဘဲ ကောက်ယူနိုင်ရန် အသုံးဝင်ပါသည်။
ခြေအိတ်စွပ်ကူကိရိယာ (Sock aid): မတ်မတ်ထိုင်နေစဉ်မှာပင် ခြေအိတ်ကို အလွယ်တကူ စွပ်နိုင်စေပါသည်။
အလွန်အမင်း လက်လှမ်းရခြင်းမရှိဘဲ ပစ္စည်းများရယူခြင်း
လက်လှမ်းမမီသောနေရာသို့ အတင်းဆန့်တန်းယူခြင်း သို့မဟုတ် ပရိဘောဂများပေါ် တက်ခြင်းသည် ချော်လဲနိုင်သည့် အန္တရာယ်ရှိပါသည်။ ထို့ကြောင့် ပစ္စည်းကောက်ကိရိယာအပြင်၊ လက်ရန်းပါရှိပြီး မချော်နိုင်သော ခြေထောက်များတပ်ဆင်ထားသည့် ပေါ့ပါးသော လှေကားထိုင်ခုံလေးများကို အသုံးပြုသင့်ပါသည်။
ပိုမိုသက်သောင့်သက်သာ စားသောက်နိုင်ရန်
အသက်ကြီးလာသည်နှင့်အမျှ လက်ဆုပ်ကိုင်နိုင်သည့်အား လျော့နည်းလာနိုင်သဖြင့် မီးဖိုချောင်အလုပ်များမှာ ပင်ပန်းလာတတ်ပါသည်။ အောက်ပါကိရိယာများက ကူညီပေးနိုင်ပါသည် -
ကိုင်ရလွယ်ကူသော ဇွန်း၊ ခက်ရင်းများ: လက်ကိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနှင့် ကိုင်ရလွယ်အောင် ပြုလုပ်ထားသဖြင့် လက်ပင်ပန်းမှုကို လျှော့ချပေးပါသည်။
အလေးချိန်ပါသော အသုံးအဆောင်များ: လက်တုန်တတ်သူများအတွက် ပိုမိုတည်ငြိမ်စေရန် ကူညီပေးပါသည်။
လက်ကိုင်ကြီးကြီး သို့မဟုတ် လက်ကိုင်နှစ်ဖက်ပါ ဖန်ခွက်များ: ပိုမိုမြဲမြံစွာ ကိုင်တွယ်နိုင်စေပြီး ဖိတ်စင်မှုကို ကာကွယ်ပေးပါသည်။
ဗူးများဖွင့်ခြင်းနှင့် သေးငယ်သောပစ္စည်းများကို ကိုင်တွယ်ခြင်း
အရာဝတ္ထုများကို လှည့်ရခြင်း သို့မဟုတ် လက်ချောင်းကလေးများဖြင့် စိတ်ကြိုက်ထိန်းချုပ်ရသော အလုပ်များသည် စိတ်ပျက်စရာ ဖြစ်နိုင်ပါသည်။ ဗူးအဖုံးများဖွင့်ခြင်းမှာ ပုံမှန်သန်မာသူများအတွက်ပင် တခါတရံ ခက်ခဲတတ်ပါသည်။
ရိုးရှင်းသော ကိရိယာများ -
ဗူးဖွင့်ကိရိယာများ: လက်ချောင်းနှင့် လက်ကောက်ဝတ် ဒဏ်မဖြစ်စေရန် အထူးဒီဇိုင်းထုတ်ထားပါသည်။
သော့လှည့်ကူကိရိယာ: သော့၏လက်ကိုင်နေရာကို ပိုကြီးအောင် ပြုလုပ်ပေးထားသဖြင့် သော့ခလောက်အတွင်း လှည့်ရန် ပိုမိုလွယ်ကူစေပါသည်။
မှန်ကန်သော ကိရိယာကို မည်သို့ရွေးချယ်မည်နည်း
အထောက်အကူပြုပစ္စည်းများ ဝယ်ယူတော့မည်ဆိုလျှင် မိမိအတွက် အခက်ခဲဆုံးဟု ခံစားရသော အလုပ်မှ စတင်ပါ။
အကြံပြုချက်အချို့ -
ပေါ့ပါးသော ဒီဇိုင်းများကို ရှာဖွေပါ။
လက်ကိုင်နေရာ မချော်နိုင်သော ပစ္စည်းများကို ရွေးချယ်ပါ။
ဈေးနှုန်းထက် သက်သောင့်သက်သာရှိမှုကို ဦးစားပေးပါ။
ပစ္စည်းများကို တခုချင်းစီ စမ်းသပ်အသုံးပြုကြည့်ပါ။
အိမ်တအိမ်လုံးရှိ ပစ္စည်းများကို တပြိုင်နက်တည်း ပြောင်းလဲရန် မလိုပါ။ သေချာစွာ ရွေးချယ်ထားသော ကိရိယာ တခုကပင် လူကြီးမင်းအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်ပါသည်။
လွတ်လပ်စွာ နေထိုင်နိုင်ရန် အကြံပြုချက်များ -
နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း လုပ်ဆောင်ပါ။
အနားယူခြင်းနှင့် လှုပ်ရှားခြင်းကို မျှတအောင် ထိန်းညှိပါ။
ကြီးမားသောအလုပ်များကို သေးငယ်ပြီး လုပ်ဆောင်နိုင်သော အဆင့်များအဖြစ် ခွဲခြားပါ။
နိဂုံးချုပ် -
ကားအကူလက်ကိုင်များ၊ ခြေအိတ်စွပ်ကိရိယာများ၊ အထူးပြုလုပ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် ပစ္စည်းကောက်ကိရိယာများကဲ့သို့သော နေ့စဉ်သုံးပစ္စည်းများသည် လူကြီးမင်းတို့ အသက်အရွယ်ကြီးရင့်လာသည့်အခါ နေထိုင်မှုဘဝကို ပိုမိုသက်သောင့်သက်သာ ဖြစ်စေနိုင်ပါသည်။
အကယ်၍ မည်သည့်ကိရိယာက မိမိအတွက် အကောင်းဆုံးဖြစ်မည်ကို မသေချာပါက ဘေးကင်းလုံခြုံစွာနှင့် တက်ကြွစွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment