Feel Sorry ကျန်းမာရေးမေးတဲ့သူတွေအတွက် အတော်ကို စိတ်မကောင်းပါ
Notifications
8/11/20, 11:32 PM
ဆရာရှင့် တားဆေးဖြတ်ပီးရင်ဘယ်လေယက်ကြာရင်ကိုယ်ဝန်ရှိနိုင်လဲရှင့် ဆေးဖြတ်ထားတာ၂လလောက်ရှိပီမို့ပါဆရာ
မေးထားတာကို အခုမှသာ အမှတ်မထင် တွေ့ပါသည်။ ဆောရီး။ မေးလိုက ထပ်မေးနိုင်။
8/11/20, 6:17 AM
မင်္ဂလာပါ ဆရာ သမီးတခုလောက်မေးချင်လို့ပါ အိမ်ထောင်ကြတာ ၁နှစ်၈လတော့ရှိပါပြီ ကလေး ယူတာကတော့ ၆လလောက်ရှိပါပြီ သမီးက တော့ စစ်ထားတာ အကုန်ကောင်းပါတယ် သမီးအမျိုးသားကို သွားစစ်ထားပါတယ် သမီးကိုကြည့်ပေးပါအုန်းနော်
မေးထားတာကို အခုမှသာ အမှတ်မထင် တွေ့ပါသည်။ ဆေးရီး။
မေးလိုက ထပ်မေးနိုင်။
၃။ 8/9/20, 5:28 AM
ဆရာ မဂၤလာပါ ေမးပါရေစ
မေးထားတာကို အခုမှသာ အမှတ်မထင် တွေ့ပါသည်။ ဆောရီး။
မေးလိုက ထပ်မေးနိုင်။
၄။ 8/5/20, 1:54 AM
ဆရာရှင့်၊ ကျမချွေးထွက်အရမ်းများလို့ ဘယ်လိုလုပ်သက်သာမောင်လုပ်နိုင်မလဲ သိချင်ပါတယ်။ ကျမက ပြီးခဲ့တဲ့ မတ်လကုန်အထိ တီဘီဆေးတွေကို လ၂၀ ကြာသောက်ခဲ့ရပါတယ်။ အဲ့ဒါတွေကုသပြီးလို့ရပ်လိုက်ကတည်းက အရင်ဆေးမသောက်ခင်ကထက်စာရင် သိသိသာသာခန္ဓာကိုယ်ကအပူကိုလုံးဝမခံနိုင်သလိုပါဘဲ။ နည်းနည်းလေးလှုပ်ရှားတာနဲ့ချွေးကထွက်ရော။ လည်ပင်း ကျောတွေမှာချွေးသီးချွေးပေါက်တွေထွက်လာတယ်ဆရာ။ ဆေးသောက်နေတုန်းကလဲဆေးတွေကြောင့်မို့ပူပါတယ်။ခုက အရှိန်ကျန်နေသေးတာလား၊မသိလို့ပါ။ ဆရာ့ရဲ့အကြံညဏ်ကောင်းပေးမယ့်အတွက်ကို ကြိုပြီး ကျေးဇူးတင်ပါတယ်ဆရာ။
မေးထားတာကို အခုမှသာ အမှတ်မထင် တွေ့ပါသည်။ ဆောရီး။ မေးလိုက ထပ်မေးနိုင်။
၅။ 8/1/20, 11:55 AM
မဂ်လာပါဆရာ
ရေးထားတာကို အခုမှသာ အမှတ်မထင် တွေ့ပါသည်။ ဆောရီး။
မေးလိုက ထပ်မေးနိုင်။
၆။ 7/29/20, 3:30 AM
ဆရာမဂ်လာပါရှင့် 6လပိုင်း20ရက်နေ့ကmenstruate လာပါတယ်ရှင့် 7လပိုင်း27ထိမလာလို့စစ်ကြည့်တာရေးရေးလေးပဲပေါ်ပါတယ်
29ရက်နေ့ပြန်စစ်ကြည့်တော့ တစ်ကြောင်းပဲပေါ်ပါတယ်ရှင့်
ဘယ်လိုဖြစ်တာလည်းလည်းသိချင်လို့ပါရှင့်
မေးထားတာကို အခုမှသာ အမှတ်မထင် တွေ့ပါသည်။ ဆောရီး။ မေးလိုက ထပ်မေးနိုင်။
၇။ 7/26/20, 1:52 AM
၁။ မင်္ဂလာပါဆရာ။ ကျွန်မအသက်က၂၈နှစ်ပါဆရာ။ ကိုယ်ဝန်က၂၉ပတ်ထဲမှာပါဆရာ။ အပေါ့သွားတဲ့အောက်ကအပေါက်က အလုံးလေးထွက်လာလို့ပါဆရာ။ အပြင်ကိုတော့မထွက်ပါဘူး ရေဆေးရင်တွေ့ပါတယ်ဆရာ။ အရင်ကအဲလိုမရှိပါဘူးဆရာ။
၂။ အဲဒီအလုံးကဘာအလုံးပါလည်းဆရာ။ သားအိမ်ပါလားဆရာ။ အဲဒီအလုံးကအန္တရာယ်ရှိပါလား။ ကလေးကိုထိခိုက်နိုင်ပါလား။ ကလေးစောမွေးနိုင်ပါလား။
၃။ ကျွန်မ၂၀၁၃ခုနှစ်ကကိုယ်ဝန်ဆောင်ဖူးပါတယ်။ကိုယ်ဝန်အဆိပ်တက်လို့ကလေးမတင်ပါဘူးဆရာ။
၄။ ပြီးခဲ့တဲ့၂၀၁၉အောက်တိုဘာ၂၆က ကိုယ်ဝန်၃လနဲ့ပျက်ကျလို့ဆေးရုံတက်ခဲ့ရပါတယ်။ သားအိမ်တော့မခြစ်ရပါဆရာ။
နောက်ထပ်လည်း ရှိသေးတယ်။ အချိန်ရမှာ ပြန်ရှာပြီး ဖြေသင့်တာ ဖြေနိုင်ပါတော့မယ်။
မှတ်ချက်
ဖေ့စ်ဘွတ်က အမျိုးမျိုး အဆင်မပြေတာတွေဖြစ်တယ်။
၂၀၁၈ ခုနှစ်ကဆို ပိတ်ပင်ခံရတာ အကြိမ် ၂၀ လောက်။
၆ လပိတ်တော့ အယောင်းတခုကို ပြန်သုံးရတယ်။ ပိတ်တာကလည်း ပြန်မရ။
ဖရင်းစာရင်းလည်း ကမောက်ကမ။
Filter message ဆိုတာက တမင်တကာလိုက်ရှာမှသာ တွေ့တယ်။ စာဝင်နေတာကို မသိတော့ အမှတ်မထင်သာ တွေ့ရပါတယ်။
အပြာရောင်အလံတော်ကြီးကလည်း ကြိုးစားလည်း မရ။ ပိုက်ဆံတော့ မပေးနိုင်။
Posts တွေကို လူများများဆီမရောက်အောင်လည်း လုပ်ထားသတဲ့။ မတတ်နိုင်။ ကိုယ်ပိုင် မဟုတ်။
ကျန်းမာရေးမေးတဲ့သူတွေအတွက် အတော်ကို စိတ်မကောင်းပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment