Treatment of lymph node tuberculosis
12/14/21, 5:51 AM
မင်္ဂလာပါ ဆရာ ကျွန်မက 2017 ကလည်ပင်း TB ကျိတ်ဖြစ်ပြီးဆေး 8 လသောက်ဖူးပါတယ်ဆရာ TB ဆေး မသောက်ခင်ကလည်း ချောင်းဆိုးပါတယ်ဆရာ သလိပ်တို့ဓာတ်မှန်တို့မှာမတွေ့ပဲ လည်းပင်းအကျိတ်မှာတွေ့လို့ ဆေးသောက်ရတာပါဆရာ။ ဆေးပြတ်သွားတော့လည်း ချောင်းကထပ်ဆိုးလာပာတယ်ဆရာ။ ချောင်းကလည်း ယားပြီးဆိုးတာပါဆရာ။ အခုဆိုချောင်းဆိုးတာ 8 နှစ်လောက်ရှိပါပြီဆရာ။ ဆေးခန်းပြပြီး ချောင်းဆိုးပျောက်ဆေးတွေ သောက်ပေမဲ့ ကောင်းမလာပဘူးဆရာ။ ခုက နေ့ရောညရော 3 လလောက်ဆိုးလာတဲ့အတွက် သမားတော်နဲ့ပြကြည့်တော့ TB Quantiferon positive ထွက်ပါတယ်ဆရာ။ သမားတော်ကဆေးပြန်သောက်ရမယ်ပြောလို့ ကျွန်မတို့နယ်TB ဌာနမှာ ဆေးထုတ်တော့ ဆရာဝန်က သလိပ်ထပ်စစ်ခိုင်းပါတယ်ဆရာ။ သလိပ်မှာမတွေ့လို့ Quantiferon positive ထွက်တာက အရင်ဖြစ်ဖူးလို့ သွေးထဲမှာရှိတာပါ TB လို့ WHO ကမသတ်မှတ်ထားဘူးဆိုပြီးဆေးမထုတ်ပေးလိုက်ပါဘူးဆရာ။ တလစာဆေးပေးပြီး မသက်သာရင်သူ့ဆီပြန်လာကြည့်လို့ပြောပါတယ်ဆရာ။ ကျွန်မက သမားတော်ဆီပဲ ပြန်ပြရမလား TBဆရာဝန်ဆီပဲပြန်သွားရမလား အကြံဉာဏ်လေးပေးစေချင်ပါတယ်ဆရာ။ အခုအခြေနေကတော့ ကျန်ခဲ့တဲ့ 3 လလောက်ကလောက် နေ့ရောညရောမဆိုးပေမဲ့ လည်ချောင်းယားပြီးတဟပ်ဟပ်ဆိုးနေပါတယ်ဆရာ။ ဆရာဆီက အကြံဉာဏ်ကောင်းများနှင့် ကျန်းမာရေားဆိုင်ရာဗဟုသုတများကိုစောင့်မျှော်နေပါ့မယ်ဆရာ။ စာရှည်သွားတဲ့အတွက် တောင်းပန်ပါတယ်ရှင့်။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
TB ရောဂါရှာဖွေခြင်း
တီဘီရောဂါ (TB) ကူးစက်ခံရခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ကျန်းမာရေးဝန်ထမ်းများက အောက်ပါအတိုင်း စမ်းသပ်စစ်ဆေးပါမည် -
နားကြပ် (Stethoscope) အသုံးပြု၍ အသက်ရှူခြင်းကို နားထောင်ခြင်း။
အကျိတ်များ ရောင်ရမ်းခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း။
ရောဂါလက္ခဏာများနှင့် ပတ်သက်၍ မေးမြန်းခြင်း။
တီဘီရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်း
အောက်ပါအချက်များနှင့် ကိုက်ညီပါက စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည် -
တီဘီရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိခြင်း။
တီဘီရောဂါ အပြင်းအထန် ဖြစ်ပွားနေသူနှင့် ထိတွေ့မှုရှိခြင်း။
တီဘီရောဂါ ဖြစ်ပွားနိုင်သည့် ကျန်းမာရေးအန္တရာယ်များ ရှိနေခြင်း။
ကျန်းမာရေးဝန်ထမ်းများက အရေပြားစစ်ဆေးခြင်း သို့မဟုတ် သွေးစစ်ခြင်းတို့အနက် သင့်တော်ရာကို ရွေးချယ်ပေးပါမည်။
အရေပြားစစ်ဆေးခြင်း (Skin test):
တူဘာကူလင် (Tuberculin) ဟုခေါ်သော ဆေးရည်အနည်းငယ်ကို လက်ဖျံအရေပြားအောက်သို့ ထိုးသွင်းခြင်း ဖြစ်၏။ ၄၈ နာရီမှ ၇၂ နာရီအတွင်း ဆေးထိုးသည့်နေရာ၌ အရေပြားရောင်ရမ်းမှု ရှိ၊ မရှိ စစ်ဆေးရပါမည်။ ရောင်ရမ်းမှု အတိုင်းအတာပေါ် မူတည်၍ ရောဂါပိုး ရှိ၊ မရှိ ဆုံးဖြတ်ခြင်း ဖြစ်၏။
(မှတ်ချက် - တီဘီကာကွယ်ဆေး ထိုးထားသူများသည် ရောဂါပိုး မရှိသော်လည်း စစ်ဆေးမှုရလဒ် အပေါင်းလက္ခဏာ ပြတတ်ပါသည်။)
သွေးစစ်ခြင်း (Blood tests):
သွေးနမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်း ဖြစ်၏။ ကိုယ်ခံအားစနစ်ရှိ ဆဲလ်များက တီဘီပိုးကို မှတ်မိခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်သည်။
ဓာတ်မှန်ရိုက်ခြင်း (X-ray):
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းဖြင့် အဆုတ်အတွင်း တီဘီရောဂါ၏ လက္ခဏာရပ်ဖြစ်သော ပုံမှန်မဟုတ်သည့် အကွက်များကို တွေ့ရှိနိုင်ပါသည်။
သလိပ်စစ်ဆေးခြင်း (Sputum tests):
ချောင်းဆိုးသည့်အခါ ထွက်လာသော သလိပ်ကို ဓာတ်ခွဲစစ်ဆေးခြင်း ဖြစ်၏။ ဤစစ်ဆေးမှုသည် ဆေးယဉ်ပါး တီဘီရောဂါ ဟုတ်၊ မဟုတ်ကိုလည်း သိရှိနိုင်သဖြင့် သင့်တော်သော ဆေးဝါးကို ရွေးချယ်နိုင်ရန် အထောက်အကူပြုပါသည်။
ကုသခြင်း
တီဘီပိုး အောင်းနေသူ (Latent TB) ဖြစ်ပါက အထူးသဖြင့် HIV/AIDS ဝေဒနာရှင်များနှင့် အခြားရောဂါအခံ ရှိသူများကို ကုသမှု စတင်ပေးရပါမည်။ တီဘီပိုး အောင်းနေသူများကို ၃ လ သို့မဟုတ် ၄ လခန့် ကုသလေ့ရှိပါသည်။
တီဘီရောဂါ အပြင်းအထန် ဖြစ်ပွားနေသူ (Active TB) ကိုမူ ၄ လ၊ ၆ လ သို့မဟုတ် ၉ လအထိ ကုသရတတ်သည်။ အထူးကု ဆရာဝန်များက သင့်တော်သော ဆေးဝါးများကို သတ်မှတ်ပေးပါမည်။
ဆေးဝါးများကို အကြွင်းမဲ့ လိုက်နာသောက်သုံးရန် -
ညွှန်ကြားထားသည့်အတိုင်း ဆေးပမာဏပြည့်ဝစွာနှင့် ကုသမှုကာလ ကုန်ဆုံးသည်အထိ သောက်သုံးရန် အလွန်အရေးကြီးသည်။ သို့မှသာ ခန္ဓာကိုယ်အတွင်းရှိ ပိုးများကို အမြစ်ပြတ် သတ်နိုင်ပြီး ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်၏။
အချို့ဒေသများတွင် ကျန်းမာရေးဝန်ထမ်းကိုယ်တိုင် အိမ်သို့လာရောက်၍ ဆေးသောက်သည်ကို စောင့်ကြည့်ပေးသည့် DOT (Directly Observed Therapy) စနစ်ကို ကျင့်သုံးပါသည်။
အသုံးများသော တီဘီဆေးဝါးများ
တီဘီရောဂါကို ကုသရာတွင် အောက်ပါဆေးဝါးများကို အသုံးပြုလေ့ရှိပါသည် -
Isoniazid
Rifampin
Pyrazinamide
Ethambutol
ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ
အကယ်၍ အောက်ပါလက္ခဏာများ ခံစားရပါက ကျန်းမာရေးဝန်ထမ်းနှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးရပါမည် -
ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ အစားအသောက် ပျက်ခြင်း။
ဆီးအရောင် အလွန်ရင့်ခြင်း သို့မဟုတ် ဝမ်းအရောင် ဖျော့ခြင်း။
အရေပြား သို့မဟုတ် မျက်လုံးများ ဝါလာခြင်း။
အမြင်အာရုံ ပြောင်းလဲခြင်း။
လက်ဖျား ခြေဖျားများ ထုံကျင်ခြင်း။
အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း။
ကုသမှု ခံယူနေစဉ်အတွင်း မိမိသောက်သုံးနေသော အခြားဆေးဝါးများ၊ အားဆေးများနှင့် တိုင်းရင်းဆေးများ ရှိပါကလည်း ဆရာဝန်ကို အတိအကျ ပြောပြရန် လိုအပ်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment