Water cooler ဝါတာကူလာ
ရန်ကုန်သူရန်ကုန်သားတွေ ပူနေကြသတဲ့။ မြစ်ကြီးနားလည်း ပူသတဲ့။ မန္တလေး၊ မုံရွာပူတာဘဲတဲ့။
ဒေလီမှာ နွေရာသီတိုင်း ဝါတာကူလာကို သုံးရတယ်။ အဲဒီမှာ ပူလောင်တာက ဧပြီ၊ မေလကနေ သြဂုတ်အထိ ပန်ကာနဲ့ မရတော့ပါ။ အေစီ မတတ်နိုင်သူတွေ သုံးရတာ ကောင်းပါတယ်။
အိန္ဒိယမှာ ဆင်းရဲ၊ ချမ်းသာမရွေး နွေရာသီမရောက်တိုင်း အိမ်တိုင်းမှာ သုံးကြရတယ်။
သူတို့လက်ဖြစ် ဝါတာကူလာက တရာသီသာခံတယ်။
တနှစ်တခါပြင်ရမယ်။
လေးဒေါင့်သွပ်ခံပုံးမှာ ရေထည့်ရတယ်။
ရာသီဥတုပူရင် တနေ့ ၂ ခါလောက်ရေဖြည့်ပေးရတယ်။
အိမ်ပြူတင်းပေါက်မှာ ပန်ကာမျက်နှာစာကို အိမ်ခမ်းဖက်လှည့်ဆင်၊ ခြင်မဝင်အောင်က အလုံဖါထေးထားရမယ်။
ဘေးသုံးဖက်မှာ ကောက်ရိုး-လွှစာလိုဟာ။ အဲတာကို တနှစ်ခါလဲရမယ်။
ရေတင်ပေးတဲ့ ပန့်သေးသေးလေးကနေ မျက်နှာပြင် ၃ ဖက်ကို အောက်ရေကိုတင်ပေးတယ်။
အထက်က ရေတံလျှောက်လေးတွေမှာ အပေါက်လေးတွေဖေါက်ပေးတားတော့ ကောက်ရိုးလို လွှစာပေါ်ကနေ ရေချပေးတယ်။
အဲတာကိုဖြတ်ဝင်လာတဲ့လေက အေးတယ်။
ပန်ကာမော်တာ ကွိုင်ပြန်ပတ်တာများတယ်။ မော်တာညံ့ရင်ဆူညံတယ်။
တနှစ်တခါ ကိုယ့်ဖါသာဆေးသုတ်၊ အလုပ်ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment