Melatonin and Cyproterone acetate အိပ်ဆေးများ
၁။ ဆရာရှင့် ကျွန်မ အသက် ၂၈ နှစ် အပျိုပါရှင့်။ 16 july (July) 2021 နေ့မှ စ ဖျားပြီး Covid ဖြစ်ထားပါသည်။ ညဘက်တွေမှ အိပ်လို့မပျော်ပါဘူးရှင့်။ Melatonin ဆေး သောက်လို့ ရပါသလားရှင့်။
၂။ ဆရာခင်ဗျား ကျနော် အဖေ အသက် ၆၀ရှိပါပီ (ပါပြီ) ညအိပ်ရင် တက်သလို ခြေလက်တွေဆန့်ပီး (ပြီး)တော့ ခွီးခွီးနဲ့ ဖြစ်ပါတယ် ပီး (ပြီး)ရင် ဘေးနားက လူတွေကို တွန်းထုပ် အတင်းထ ရှုန်း ပါတယ် အဲ့တာသတိရအောင် နှိုးအောင်လုပ်ရပါတယ် ပီး(ပြီး)မှ ငြိမ်သွားပါတယ် တခါလေ ငြိမ်းပီး (ပြီး) ပြန်အိပ်သွားပါတယ် (သတိမရသေး/ မနှိုးသေးပါ) ခဏနေလို့ သေချာသတိရလို့ နှိုးတဲ့အခါ မှ မေးရင်သူဘာမှမမှတ်မိပါ ဖြစ်တုန်းက ဘေးနားလူတွေတွန်းထုတ် မတ်တတ်ထ အဲလိုဖြစ်တာတောင် သူမမှတ်မိပါ အခြားဘာရောဂါမှ မရှိပါ လူက ဝပါတယ် သန်လဲသန်ပါတယ် သူဖြစ်နေချိနိဆို မနဲချုက် (ချုပ်) ထားရပါတယ် ဘယ်လိုရောဂါမျိုးလဲ ဘယ်လိုကုသရမလဲခဗျာ ဖြစ်တာကလဲ ၂လ၃လ ကြာမှတခါဖြစ်တာပါ အိပ်လို့ ဟောက်သံကျယ်လာပီး (ပြီး) ပုန်မမှန်ရင်ဖြစ်တတ်ပါတယ် သူအိပ်ရင် စောင့်နားထောင်ကြည့်ရပါတယ်ဆရာ အချိန်ရရင်ဖြေကြားပေးပါခင်ဗျ
Night terrors ဘီလူးစီးခံရခြင်း (၁) https://dr-tint-swe.blogspot.com/2021/06/night-terrors.html
Sleep paralysis ဘီလူးစီးခြင်း (၂) https://dr-tint-swe.blogspot.com/.../06/sleep-paralysis.html
(၁) Melatonin ဆိုတာ လူတွေမှာ ဦးနှောက်ထဲကနေ ထုတ်ပေးနေတဲ့ ဟော်မုန်းတမျိုး ဖြစ်တယ်။ အမေရိကားမှာ Melatonin ကို အားဆေးသဘော ရောင်းကြ-သုံးကြတယ်။ တချို့ကို ဗီတာမင်တွေ၊ (ဟာဗယ်) တွေနဲ့ ရောထားတယ်။
• Cancer ကင်ဆာ၊
• Immune disorders ရောဂါပြီးစနစ်ရောဂါ၊
• Cardiovascular diseases နှလုံး-သွေးကြောရောဂါ၊
• Depression စိတ်ကျရောဂါ၊
• Seasonal affective disorder (SAD) ရာသီဥတုအလိုက် (ဆောင်း-နွေ) စိတ်ကျတာ၊
• Circadian rhythm sleep disorders အိပ်ရမဲ့အချိန်မျိုးမှာ အိပ်မရတာ၊
• Sexual dysfunction လိင်ပိုင်းချို့ယွင်းတာတွေအတွက် သုံးနိုင်တယ်။
Delayed sleep phase syndrome (DSPS) အိမ်ရမဲ့ကာလ သိပ်နောက်ကျတာ နဲ့ Non-24-hour sleep-wake syndrome ၂၄ နာရီ တနေကုန် နိုးနေသလို ဖြစ်နေတာတွေ ဖြစ်မယ်။ Jet lag ခေါ်တဲ့ အဝေးကြီး ခရီးသွားလို့ အိပ်ချိန် မမှန်တာ နဲ့ Work rotating or night shifts သူများတွေအိပ်ချိန်မှာ ကိုယ်က အလုပ်လုပ်ရလို့ ကိုယ့်အိပ်ချိန်မှာ မအိပ်နိုင်တာမျိုး အတွက်လဲ သုံးနိုင်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၆ သုတေသနတခုအရ Jet lag နဲ့ Shiftwork disorder ကို မသက်သာစေဘူးလို့ တွေ့ရတယ်။ အိပ်ပျော်စေဘို့ ယူတဲ့အချိန်ကို ပိုပြီးတိုစေဘို့ရာ Insomnia အိပ်မပျော်ရောဂါ ရှိသူတွေထက် DSPS ဖြစ်နေသူတွေအတွက် ပိုကောင်းတယ်။ မအိပ်ခင် မိနစ် ၃ဝ-၉ဝ စောပြီး သောက်ထားရင် အိပ်ချင်စိတ်ဖြစ်လာမယ်။ အပြင်စားကြီးတော့ မဟုတ်ဘူး။
၂ဝဝရ ခုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ညပိုင်းအချိန်နောက်ကျအထိ အလုပ်လုပ်ရတာဟာ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ပြောခဲ့တယ်။ Melatonin ဆေးဟာ Anti-oxidant ဖြစ်လို့ ကင်ဆာဖြစ်မှာကို နှိမ်ပေးနိုင်တယ်။
• Alzheimer's disease ရောဂါအတွက်လဲသုံးလာကြတယ်။
• Delirium ဆိုတဲ့ စိတ်ကယောင်ခြောခြားဖြစ်တာကိုလဲ ဆေး နဲနဲလေးပေးတာနဲ့သက်သာစေတယ်။
• ADHD ရောဂါအတွက်လဲ သုံးနိုင်တယ်။
• သွေးဆုံးကာနီး အမျိုးသမီးတွေကို ဆေးပေးကြည့်တာမှာ ရာသီလာတာအတွက်သာမက ကလေးရနိုင်စေဘို့လဲ အထောက်အကူ ပေးတယ်။
• Migraines (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ နဲ့ Cluster headaches ခေါင်းကိုက်ရောဂါအတွက်လဲ သုံးနိုင်တယ်။
• Depression စိတ်ကျရောဂါ နဲ့ Seasonal affective disorder စိတ်မူပြောင်းဖြစ်တာအတွက်လဲ သုံးတယ်။
• ကင်ဆာလူနာပေါင်း ၆၄၃ ယောက်ကို စမ်းသပ်တဲ့အခါ သေဆုံးနှုန်း နည်းစေတာတွေ့ရတယ်။
• Gallbladder stones သည်းခြေကျောက်ဖြစ်မှာကိုလဲ နည်းစေတယ်။
• ကိုယ်အလေးချိန်ကိုလဲ လျှော့ပေးတယ်။
• ဓါတ်ရောင်ခြည်သင့်တာကိုလဲ ကာကွယ်နိုင်တယ်။
• Tinnitus နားထဲမှာ တဝီဝီမြည်နေသံတွေ ကြားနေရတဲ့ရောဂါအတွက်လဲ သုံးသေးတယ်။
ဘေးထွက်ဆိုးကျိုးတွေ
• လူကလဲ ကိုယ်ခံကောင်း၊ ဆေးကလဲ မများရင် ၃ လအထိ သောက်ခိုင်းတာမှာ ဘေးထွက်-ဆိုးကျိုး နည်းတယ်။
• တနေ့မှာ (~3 mg/day or more) ပေးရင် ခေါင်းကိုက်၊ ပျို့ချင်၊ Morning grogginess နောက်နေ့မှာ နေမကောင်းသလိုဖြစ်၊
• ဟော်မုန်းမတည်ငြိမ်ဖြစ်၊
• Nightmares အိပ်မက်ဆိုးမက်၊ ကိုယ်ပူချိန်ကျတာတွေ ဖြစ်စေနိုင်တယ်။
• အိပ်ချင်စိတ်ဖြစ်နေလို့ ကားမောင်းတာမျိုး မလုပ်သင့်ဘူး။
• Melatonin ဆေးများရင် Lucid dreaming ကိုယ်အိပ်မက်မက်နေတာကို မက်နေမှန်းသိတာ ဖြစ်စေနိုင်တယ်။
• Dream recall မက်တဲ့အိပ်မက်ကို ပြန်ဖေါ်လို့ လွယ်စေတယ်။
Auto immune diseases ရောဂါပြီးစနစ်မကောင်းတာဖြစ်တဲ့ Lupus, Hashimoto’s thyroids, Rheumatoid arthritis, Graves ရောဂါတွေ ရှိရင် မသောက်ရပါ။ ဆီးချို၊ MAO inhibitor စိတ်ကျဆေးသောက်နေရင်၊ Epilepsy အတက်ရောဂါရှိရင်၊ Lymphoma and leukemia တက်စေ့ရောဂါတွေရှိရင်လဲ မသောက်ရပါ။ ကလေးတွေ၊ လူငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေ မသောက်ရပါ။
Addiction ဆေးစွဲသလား
အတိအကျ ပြောမရပါ။ (အင်တာနက်) အမေး-အဖြေတွေထဲမှာ Melatonin ဆေး ၁၅ နှစ်သောက်နေသူကတော့ ဆေးမစွဲပါဘူးလို့ ရေးတာ ဖတ်ရတယ်။
(၂) Cyproterone acetate ဆေးကို Androcur, Cyprostat, Cyproteron, Procur, Cyprone, Cyprohexal, Ciproterona, Cyproteronum, Neoproxil, Siterone နာမည်တွေနဲ့ရှိတယ်။ Antiandrogen အမျိုးအစားဖြစ်တယ်။ ကျား-ဟော်မုန်း Testosterone (တက်စတိုစတီရုန်း) ကို တားဆီးပေးတယ်။
• Prostate cancer ကျား-ဆီးကျိတ်-ကင်ဆာ၊ Benign prostatic hyperplasia ယောက်ျား-ဆီးကျိတ်ရောင်ရောဂါ၊ Priapism ကျားလိင်အင်္ဂါ ဒါမှမဟုတ် မ-လိင်အစိ ပြန်မကျဘဲ သန်မာနေတဲ့ရောဂါ၊ Hirsutism မိန်းမတွေမှာ ကိုယ်မွှေးတွေ အလွန်အကျွံ ပေါက်နေတာ၊ Hypersexuality လိင်စိတ်ဆန္ဒ သိပ်ကဲလွန်နေတာတွေအတွက် သုံးတယ်။
• Leuprolide မပေါ်ခင်က Precocious puberty အချိန်မတိုင်ခင် အရွယ်ရောက်တာအတွက် Cyproterone ဆေးကိုသာ သုံးခဲ့ရတယ်။
• (Cyproterone acetate 2 mg + Ethinylestradiol 35 or 50 mcg) ကိုယ်ဝန်တား စားဆေးအဖြစ်သုံးတယ်။ ၂၁ ရက် သောက်ရတယ်။
ဘေးထွက်ဆိုးကျိုးတွေ
• များများပေးရင် Liver toxicity အဆိပ်အတောက်သဘော ဖြစ်စေနိုင်လို့ အသဲကောင်းဘို့ လိုမယ်။
• Salt loss ဆိုဒီယန် ဆားဓါတ်နည်းစေနိုင်တယ်။ Hyperkalemia (ပိုတက်စီယန်) နည်းစေနိုင်တယ်။
• Stretch mark ဗိုက်ကြောပြတ်တာ ဖြစ်စေနိုင်တယ်။
• Depressive mood changes စိတ်ကျစေနိုင်တယ်။ တချို့မှာ ပြောင်းပြန်ဖြစ်နေတာလဲရှိတယ်။
• ယောက်ျားတွေဆိုရင် Gynecomastia ရင်သား ထွားလာနိုင်တယ်။ Erectile dysfunction လိင်အင်္ဂါသန်မှု နည်းစေနိုင်တယ်။
• ကိုယ်ဝန်ဆောင်တွေကို မပေးရဘူး။
Dr. တင့်ဆွေ

Comments
Post a Comment