Human Ageing Process ဇရာ

ဇရာဆိုသည်မှာ ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ အိုမင်းမှည့်ရွှမ်း ဟောင်းနွမ်းဆွေးမြည့်ခြင်း အမှုသည် ဇရာမည်၏။ ပဋိသန္ဓေတည်နေမှု၏ အစွမ်းအားဖြင့် ဖြစ်ပေါ်လာသော ဥပပတ္တိဘဝကိုးပါး၏ အသစ်သဘောမှ ရွေ့လျောမှု၊ ပျိုသော သဘောမှ ပြောင်းလဲမှု ရင့်ရော်မှု၊ ဆုတ်ယုတ်မှုများသည်ပင်လျှင် ဇရာမည်သည်။

ဇရာသည်လည်း ဇာတိကဲ့သို့ပင် ဥပပတ္တိဘဝကိုးပါးနှင့် ဝေဖန်၍ ကိုးမျိုးရ၏။ ၎င်းကိုးမျိုးတို့မှာ -

၁။ ကာမဇရာ

၂။ ရူပဇရာ

၃။ အရူပဇရာ

၄။ သညီဇရာ

၅။ အသညီဇရာ

၆။ နေဝသညီနာသညီဇရာ

၇။ ဧကဝေါကာရဇရာ

၈။ စတုဝေါကာရဇရာ

၉။ ပဉ္စဝေါကာရဇရာ

တနည်းအားဖြင့် ဇရာသည် (၁) နာမ်ဇရာ (၂) ရုပ်ဇရာ ဟူ၍ နှစ်ပါးရှိသည်။ ထိုနှစ်ပါးတို့တွင် နာမ်ဇရာသည် ခဏိကဇရာ၊ သန္တတိဇရာဟူ၍ နှစ်ပါး ရှိပြန်သည်။ ထို့အတူပင် ရုပ်ဇရာသည်လည်း နှစ်ပါးရှိပြန်သည်။

ထိုဇရာနှစ်မျိုးတို့တွင် ရုပ်နာမ်တို့၏ ခဏိကဇရာသည် မထင်ရှားပေ။ သန္တတိဇရာသည်သာလျှင် ထင်ရှားသည်။ ထင်ရှားသည့် သန္တတိဇရာကို မြင်၍ မထင်ရှားသည့် ခဏိကဇရာ၏ တည်ရှိနေမှုကိုလည်း သိနိုင်သည်။ ခဏိကဇရာဆိုသည်မှာ ရုပ်နာမ်တို့၏ ဥပါဒ်အဖြစ်မှ လွန်၍ ဋ္ဌီအဖြစ်၍ တည်နေဆဲကိုပင် ဆိုလိုသည်။ ခဏိကဇရာသည် မြတ်စွာဘုရားတို့၏ ဉာဏ်တော်အရာသာ ဖြစ်သည်။ သန္တတိဇရာဆိုသည်မှာ တစဉ်တစဉ် တသုတ်တသုတ် ဖြစ်ကြကုန်သော ရုပ်နာမ်တို့၏ အားယုတ်မှု ရင့်ရော်မှုကို ဆိုသည်။ 

ကိုးကား - လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ