Low white blood cell count သွေးဖြူဥနည်းခြင်း
၂။ သွေးဖြူဥနည်းရင်ဘာတွေဖြစ်နိုင်ပါသလဲဆရာ။
သွေးဖြူဥနည်းတာကို Leukopenia လို့လဲခေါ်တယ်။ သွေးဖြူဥဆိုတာ ရောဂါတခုခုဝင်လာရင် ကိုယ့်ဘက်ကနေခံတိုက်ပေးတယ်။ သွေးဖြူဥဘာလို့နည်းနေသလဲ
· Aplastic anemia အေပလပ်စတစ် သွေးအားနည်းရောဂါ
· antibiotics and diuretics ဆေးတွေသောက်နေရချိန်
· Chemotherapy ကင်ဆာဆေးပေးနေချိန်
· HIV/AIDS
· Hypersplenism ဘေလုံး အလုပ်ပိုလုပ်ခြင်း
· Infectious diseases ကူးစက်ရောဂါဝင်နေခြင်း
· Kostmann's syndrome ရောဂါ
· Leukemia လူကီးမီးယား သွေးကင်ဆာ
· Lupus လူးပတ်စ်ရောဂါ
· Malnutrition အာဟာရချို့တဲ့ခြင်း
· Myelodysplastic syndromes ရောဂါ
· Myelokathexis မွေးရာပါရောဂါ
· Other autoimmune disorders တခြား ရောဂါပြီးစနစ်ချို့ယွင်းရောဂါတွေ
· Other congenital disorders တခြားမွေးရာပါရောဂါတွေ
· Parasitic diseases ပါရာဆိုက်ဝင်နေခြင်း
· Radiation therapy ဓါတ်ကင်နေရခြင်း
· Vitamin deficiencies ဗီတာမင်ချို့ယွင်းခြင်း
၃။ မင်္ဂလာပါ ဆရာခင်ဗျ၊ ကျွန်တော့်မိတ်ဆွေ အမျိုးသမီးတယောက် သွေးဖြူဥနည်းတဲ့ရောဂါဖြစ်လို့ဆရာ၊ အန္တရာယ်ရှိလား ခင်ဗျ ကုသလို့ရော ပျောက်ကင်းနိုင်ရဲ့လား ခင်ဗျ အသက်က (၄၀) ဝန်းကျင်ပါ ဆရာ၊ သူ့မိသားစုက အရမ်းစိုးရိမ်နေလို့ပါ ဆရာ၊ ပြန်ဖြေကြားပေးပါဦးခင်ဗျ။ ဆရာ ကျန်းမာပါစေ၊
ကျန်းမာနေသူတယောက်မှာ သွေးဖြူဥ 3,500 ကနေ 11,000 အထိရှိတယ်။ ရိုးတွင်းခြင်ဆီကနေ ထုတ်ပေးနေတယ်။ သွေးဖြူဥနည်းနေသူ ကူးစက်ရောဂါဝင်လာရင် ခံနိုင်စွမ်းနည်းမယ်။ သွေးဖြူဥဆိုတာ ခုခံအားနဲ့ဆိုင်တယ်။
သွေးဖြူဥအမျိုးအစား ၅ မျိုးရှိတယ်။
၁။ Neutrophils 55% ကနေ 70% ရှိတယ်။ ဖန်းဂတ်စ် ခေါ်မှိုပိုးနဲ့ ဗက်တီးရီးယားတွေကို ခုခံပေးတယ်။
၂။ Lymphocytes က ဒုတိယအမျိုးဆုံး။ ဗိုင်းရပ်စ်ပိုးကိုခုခံပေးတာယ်။
၃။ Basophils အမျိုးအစားနည်းရှားတယ်။ ရောင်ရမ်ဖြစ်စဉ်နဲ့ အလာဂျီမှာပါဝင်တယ်။
၄။ Monocytes အရွယ်အစားအကြီးဆုံး။ ဗက်တီးရီးယား၊ ဖန်းဂတ်စ်နဲ့ ဗိုင်းရပ်စ်တွေကို ခုခံပေးတယ်။ ရောင်ရမ်းဖြစ်စဉ်မှာလည်း ပါတယ်။
၅။ Eosinophils အလာဂျီမှာအဓိကကျတယ်။ အလာဂျီရှိနေသူတွေနဲ့ ပန်းနာရှိသူမှာ များနေမယ်။
နည်းနေသူ မကြာခဏပိုးဝင်ခံရမယ်။ ဖျားမယ်။ ချွေးထွက်မယ်။ ချမ်းမယ်။
ဘာလို့ သွေးဖြူဥနည်းသလဲ
၁။ ဗိုင်းရပ်စ်ပိုး ရက်တိုဝင်လို့ဖြစ်နိုင်တယ်။ ဥပမာ တုပ်ကွေး။
၂။ ရိုးတွင်းခြင်ဆီပုံမှန်မဟုတ်ခြင်း၊ ဘေလုံးက လိုတာထက်ပိုအလုပ်လုပ်ခြင်း၊
၃။ Leukemia သွေးကင်ဆာ၊
၄။ HIV, AIDS ဖြစ်နေခြင်း၊
၅။ တီဘီဖြစ်နေခြင်း၊
၆။ အော်တိုအင်မြူးရောဂါ၊ Rheumatoid arthritis လေးဘက်နာ၊
၇။ Kostmann syndrome နဲ့ myelokathexis မွေးရာပါရောဂါတွေ၊
၈။ အာဟာရချို့တဲ့ခြင်း၊ ဗီတာမင်ဘီ-၁၂၊ ဖေါလစ်အက်စစ်၊ ကောပါးနဲ့ သွပ်ဓါတ်နည်းခြင်း၊
၉။ Sarcoidosis ရောဂါ။
ဖြစ်စေတဲ့အကြောင်းကို ကုသရမယ်။ ဖြစ်နေတာကို ကုသရမယ်။
Leukemia လူကီးမီးယား သွေးကင်ဆာ https://dr-tint-swe.blogspot.com/2021/05/leukemia.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment