Mangoes and Diabetes ဆီးချိုနှင့် သရက်သီး

ကွန်မင့်များ
၁။ သရက်သီးက ဆီးချို ဖြစ်လွယ်တာ ကြထည့်ပြောအုန်း
၂။ ဆီးချိုရှိရင် သရက်သီး အချိုလွန်များမစားရန်
၃။ ဓါတုဆေးဝါးသုံးထားပြီး ဓါတ်ကြွင်းကျန်နေတဲ့အသီးကိုစားသုံးမိရင်တော့ ဖော်ပြပါအန္တရာယ်တွေနဲ့ကြုံရနိုင်မယ်ထင်ပါတယ်ဆရာ။
ပြန်စာ = ဓါတုဆေး၊ မြေသြဇာ၊ ဟော်မုန်းတွေနဲ့ အစားအစာတွေအကြောင်း တင်ပြထားပြီး။
၄။ စိန်တလုံးစားလို့ ဆီးချိုရောဂါကောင်းစေတယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား တခု ပြပေးပါဦးဆရာ တခါမှ မကြားဖူး မမှတ်ဖူး မဖတ်ဖူးလို့ပါဆရာ ဆီးချိုရောဂါကို အထောက်အကူဖြစ်စေတယ် ဆိုတာက support hyperglycemia ကိုများ ဆိုလိုချင်သလား ဆရာ
ပြန်စာ = ဖြေထားပြီး။
၅။ မြန်မာ့မျိုးရင်းသရက်သီးဘဲစားပါ၊မြန်မာပြည်မှာသူ့သဘာဝအတိုင်းစိုက်ပျိုးပြီးကြီးထွား နေတဲ့ စိန်တစ်လုံးသရက်ပင်တွေပေါမှပေါ၊
ပြန်စာ = စိန်'တစ်'လုံး မဟုတ်ပါ။ စိန်လုံးသာဖြစ်ပါတယ်။ မျိုချရလွယ်တယ်။
၆။ သရက်သီးမှည့်မှာ အာဟာရဓါတ်တွေအပြည့်ပါပြီး လူကိုအကျိုးပြုတာမှန်ပေမဲ့ အခြားမျိုးတွေနဲ့မတူပဲ စိန်တလုံးသရက်က အချိုလွန်ကဲပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါသမားတွေအတွက် ဆိုးကျိုးဖြစ်စေတာအမှန်ပါဆရာ
၇။ သရက်သီးတော့ ဆီးချိုရှိလည်းစားမိပါတယ် ထညင်းသီးကတော့ ကောင်းတဲ့စာရေးကြတာ မမြင်တော့ မစားရဲပါဆရာ
၈။ အဲဒါဆိုဆီးချိုသမားကသရက်သီးကိုရှောင်ဖို့မလိုဘူးလားဆရာ
၉။ မြန်မာပြည်တွင်၊ စျေးကွက်လိုအပ်ချက်အရ ဆိုပြီး သရက်သီးသာမက ဖီးကြမ်းငှက်ပျောသီး အပါအဝင် ဓာတုဗေဒ ဆေးတမျိုးကို အသီးရဲ့ အညှာထိပ်မှာ သုတ်လိမ်းပြီး ရင့်မဲ့မြန် အရောင်ပြောင်း နည်းလမ်း ဖြင့်၊ သဘာဝပင်မှည့်အရသာ ဓာတ်သတ္တိများ ဖျက်ဆီးပြီး သေ အသီးအနှံများကို (အတားဆီးထိမ်းကွပ်မှုမရှိ ဘဲ) စာသုံးနေရကြောင်းပါခင်ဗျား။
၁၀။ ယုတ်မာတာ မြန်မာလူမျိုးကို ကျွန်ဖြစ်တာကိုဘဲ မြင်ချင်နေတဲ့ လူတန်းစားတရပ်ရှိတယ် သူတို့ကိုယ်သူတို့ မြန်မာတွေနဲ့ ဆွေမျိုးလိုလို ဘာလိုလိုပြောသေးတယ် နိုင်ငံရဲ့ အချက်အခြာကျတဲ့ မြေနေရာတွေ စီးပွားရေးတွေ လူတို့လက်ထဲ အတော်များများရောက်နေပါပြီ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ အကောင်တွေကလည်း လစ်လျုရှုထားတာ ကြာနေပါပြီ
၁၁။ လူအတော်များများကလည်း အကြောင်းအရာတွေကို ကိုယ်တိုင်လေ့လာအားထုတ်မှုနည်းပါးပြီး တစုံတယောက်က အယုံသွင်းလိုက်တာနဲ့ အလွယ်လက်ခံကြတော့ အတော်ခက်နေပါပြီဆရာ ဥပမာ ငလျှင်(ငလျင်)လှန့်လုံးပေးတဲ့နေ့က ကြောက်နေကြတာမျိုးပေါ့။
၁၂။ ဆရာရှင့် စံပြဆေးရုံကြီး ICU ကမြင်ခဲ့ရတခုပါ လူကြီးတယောက် သတိမေ့ရောက်လာတာ လက်တဖက်လုံးလဲညိုမည်းပြီး သူ့သားချင်းတွေပြောတာတော့ ဒူရင်းသီးနဲ့စိန်တလုံးတွေ စားလို့လို့ပြောပါတယ်။ ရောက်ထဲကသတိမလည်လာတာ ၂၄နာရီမပြည့်ခင်ဆုံးသွားပါတယ်။
ပြန်စာ = ဆေးရုံမှတ်တမ်းပါ ရောဂါအမည်၊ ရောဂါဖြစ်စေတဲ့အကြောင်းရင်း၊ ဆေးစစ်ချက်၊ ဆေးဆုံးပြီးရင်ခွဲစစ်ချက် စတာတွေမပါဘဲ ပြောပြာချက်ဟာ ဟုတ် မဟုတ် မသိနိုင်။ ကျွဲကောသီးနဲ့ သံပုရာသီးတွဲစာလို့ သွေးအန်သေဆုံးလို့ ရမ်းပြောသူ ၂ ယောက်ရှိလို့ ဆေးသုတေသန အချက်အလက်တွေနဲ့ ပြန်လည်တင်ပြထားပါတယ်။
၁၃။ အေးလွန်ပူလွန်းချိုလွန်းဆိမ့် တာတွေ စားရင် ချက်ချင်း နှလုံးရပ် သေတတ်သည်
၁၄။ စိန်တလုံးသီးစားလို့ငါကင်ဆာဖြစ်တာဖြစ်မယ်
၁၅။ ဆီးချိုကတော့ ကျိန်းသေတယ်
ဆေးသုတေသနကို ဘာသာပြန်တင်ပြထားပြီး။ ထပ်ဖြေရန်မရှိ။
၁၆။ ဆရာက ရှေးကုသိုလ်ကောင်း၍ စိန်တလုံးသရက်သီးကိုစားနိုင်သည်။ ကျွန်တော်က ဆီးချိုရှိ၍မစားနိုင်။ ဟင်းငုပ်ပွင့်ကို၊ ဘုတလင်ကအမသုပ်ကျွေး၍ ပထမဆုံးစားဖူးခဲ့သည်။
၁၇။ စိန်တလုံးမှရယ်မဟုတ်ပါဘူး၊ အချိုလွန်ကဲတဲ့အသီးအားလုံးဟာ လွန်ရင်ဘေးဖြစ်တာပါပဲ၊ တန်ရုံဆိုရင်တော့ ဆေးပေါ့။
၁၈။ ဆီးချိုရှိပါတယ် သရက်သီး မစားဘဲမနေနိုင်မှည့်ခါစလေး ရွေးစားပါတယ်သိပ်မချိုတာပါ အများကြီးတော့မစားပါ၊ အဆင်ပြေပါတယ်၊
မှတ်ချက်
လူအများစားသောက်ကြတဲ့ အစားအစာအားလုံးလိုလိုအကြောင်း ရေးသားတင်ပြထားပြီး။
သရက်သီးထဲမှာပါတဲ့ GI ခေါ် သကြားဓါတ်ညွှန်းကိန်းဟာ အသင့်အတင့်သာများတယ်။ ဆီးချိုရှိသူတွေလည်း သရက်သီးအချိုကို အသင့်အတင့် စားနိုင်တယ်။
တနေ့မှာ သရက်သီး 100 grams of mango daily အလေးချိန်အထိ စားနိုင်ပါတယ်။
ယေဘုယျဆိုရင် တနေ့ သရက်သီးတခြမ်း။
အိန္ဒိယ သုတေသန
သရက်သီးက ဆီးချိုကို သက်ရောက်မှု အများကြီးမရှိစေပါ။ သရက်သီးမှာပါတဲ့ ဖိုက်ဘာကနေ ထိန်းပေးနိုင်တယ်။ အဲဒါက သကြားတွေ စုပ်ယူမှာကို နှေးစေနိုင်တယ်။
GI value 55 ရှိတဲ့အစားအသောက်တွေကနေ ဆီးချိုတက်စေမယ်။ သရက်သီးမှာ 
GI 51 သာပါလို့ အများကြီးတော့ ဆီးချို မတက်စေနိုင်။ သရက်သီးစားတာ များရင်တော့ ဆီးချိုတက်စေနိုင်တယ်။
ယူအက်စအေ သုတေသန
သရက်သီးဟာ အာဟာရဓါတ်ပြည့်ဝတယ်။
165 grams of sliced mango ကနေ အောက်ပါအာဟာရတန်ဖိုးတွေရမယ်။
Calories: 99
Protein: 1.4 grams
Fat: 0.6 grams
Carbs: 25 grams
Sugars: 22.5 grams
Fiber: 2.6 grams
Vitamin C: 67% of the Daily Value (DV)
Copper: 20% of the DV
Folate: 18% of the DV
Vitamin A: 10% of the DV
Vitamin E: 10% of the DV
Potassium: 6% of the DV
သရက်သီးကနေရတဲ့ ကယ်လိုရီဟာ သကြားဓါတ်ကနေလာတယ်။ အဲဒါကြောင့် များရင် မသင့်ပါ။
သရက်သီးထဲမှာပါတဲ့ fiber ဖိုက်ဘာနဲ့ various antioxidants ဓါတ်တွေကနေ သကြားသိပ်မတက်အောင် အတော်အတန်ထိန်းပေးနိုင်တယ်။
Glycemic index (GI) of mango သရက်သီးမှာပါတဲ့ သကြား အင်ဒက်စ်
0–100 scale သုညကနေ ၁၀၀ အထိရှိတယ်။ 
GI 55 အောက်ရှိတဲ့ အစားအသောက်တွေကို ဆီးချိုသမားတွေ စားနိုင်ကြတယ်။
သရက်သီးမှာ GI 51 ရှိတယ်။ မများလှပါ။
Portion control ပမာဏ မများစေပါနှင့်။
၂၀၁၈ ခုနှစ်က နွေရာသီမှာ မြန်မာပြည်ကို အလည်ပြန်တော့ တလခွဲကြာတယ်။ အိမ်တိုင်းက စိတ်တလုံသရက်သီး ကျွေးကြတယ်။ တပန်းကန်ကုန်အောင်စားတယ်။ 
ဒီကိုပြန်လာတော့ စိန်တလုံးကို စာလုံးပေါင်းမှန်အောင် မရေးတာတွေကို ဖတ်နေရတယ် မစားဘဲနဲ့ မျိုချလို့မရ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ