City and Town Names မှတ်သားဘွယ်ရာ မြို့ရွာ အမည်များ

ဆန့်ကျင်ဘက်မြို့များ

•  ကျောက်ဖြူ X ကျောက်မဲ

•  မိုးကောင်း X မိုးနဲ

•  တောင်ကြီး X တောင်ကုတ်

•  အလုံ X ပေါက်

•  အမြင့် X မြေထဲ

•  မေမြို့ X မောင်တော

အက္ခရာပူးမြို့များ

•  ကိုကိုးကျွန်း 

•  ကျောက်ကြီး 

•  ကျောင်းကုန်း 

•  ဂန့့်ဂေါ 

•  ဆီဆိုင် 

•  တံတား 

•  တွံတေး 

•  မြောင်းမြ 

•  မြင်းမူ 

•  မိုးမိတ် 

•  မိုးမောက် 

•  မောက်မယ် 

•  တီးတိန် 

•  လောင်းလုံ 

•  လွိုင်လင် 

•  ဟဲဟိုး 

•  မေမြို့

နာမည်တလုံးရှိမြို့များ

•  ချောက် 

•  ဂွ 

•  ဆော 

•  ဆွာ 

•  ပေါက် 

•  ပေါင် 

•  ပြည် 

•  ဖြူး 

•  မြိတ် 

•  မြိုင် 

•  မြောင် 

•  ရေး 

•  လှိုင် 

•  ဝေါ 

•  အမ်း

ဂဏန်းသင်္ချာ ပါတဲ့မြို့များ

•  ထန်းတပင်

•  ဘုရားသုံးဆူ 

•  သုံးခွ 

•  ညောင်လေးပင် 

•  လေးမျက်နှာ 

•  ငါးသိုင်းချောင်း 

•  သုံးဆယ် 

•  ဗိုလ်တထောင် 

ဖားမြို့များ

•  ဖားကန့် ဖားဆောင်း 

•  စစ်မြို့များ

•  စစ်ကိုင်း 

•  စစ်တွေ 

•  စစ်တောင်း

ဆင်မြို့များ

•  ဆင်ဘို ဆင်ပေါင်ဝဲ ဆင်ဖြူကျွန်း

•  မြင်းမြို့များ

•  မြင်းခြံ မြင်းမူ မြင်းလွှတ်

ဆိပ်မြို့များ

•  ဆိပ်ကမ်း ဆိပ်ကြီးခနောင်တို ဆိပ်ဖြူ

ခန္ဓာကိုယ်အစိတ်အပိုင်းပါတဲ့မြို့

•  ပေါက်ခေါင်း 

•  ဝက်လက် 

•  ဝမ်းတွင်း 

•  ပေါင် 

•  ကျော (ဂန့်ဂေါခရိုင်) 

•  မြေဒူး 

တပ်မြို့များ

•  ဗထူးတပ် (ရှမ်း) ရဲမွန်တပ် (ရန်ကုန်) ဘုရင့်နောင်တပ် (ကရင်)

•  တပ်ကုန်း

ရွာအမည်ရှိမြို့များ

•  ရွာငံ 

•  မုံရွာ 

•  ရွာသစ် (မိုးညင်းခရိုင်) 

•  ရှမ်းရွာသစ် (ကရင်)

တောအမည်ရှိ မြို့များ

•  ရှားတော 

•  အင်တော 

•  ငပုတော 

•  ပေါက်တော 

•  မောင်တော

ရေးအမှန် ဖတ်အသံမြို့များ

•  ကျောက်ပန်းတောင်း 

•  ငါန်းဇွန် 

•  တံတား 

•  တံတားဦး 

•  တန့်ဆည်

•  ထားဝယ် 

•  ဒီပဲယင်း

•  နွားထိုးကြီး 

•  ပြည် 

•  ပုဂံ 

•  ပုဇွန်တောင် 

•  ပုလော 

•  ပုလဲ 

•  ပုသိမ် 

•  ပဲခူး 

•  ဗန်းမောက် 

•  ဗန်းမော် 

•  ဘားအံ 

•  မြိတ် 

•  သံလျင်

ပါဠိမြို့များ

•  ကရသူရိ

•  ကေတုမတီ 

•  ကောလိယမြို့ဟောင်း 

•  စေတုတ္တရာ 

•  ဇေယျဝတီ 

•  တောင်ဥက္ကလာ 

•  ဒက္ခိဏသီရိ 

•  ပုဗ္ဗသီရိ 

•  မတ္တရာ 

•  မြောက်ဥက္ကလာ 

•  မိတ္ထိလာ 

•  မေတ္တာ 

•  မေရဉ္စရာမြို့ဟောင်း 

•  လပွတ္တာ 

•  ဝေသာလီ 

•  သက္ကလ 

•  သာကေတ 

•  သာဝတ္ထိ 

•  သုဝဏ္ဏဝတီ 

•  ဟံသာဝတီ 

•  ဟင်္သာတ 

•  အင်္ဂပူ 

•  အမရပူရ 

•  ဥတ္တရသီရိ

လောကနဲ့ ပြောင်းပြန်ဖြစ်တဲ့မြို့ 

•  လူကြီးမဟုတ်တဲ့မြို့ (ကလေး)

•  ငယ်တုံးက မပိန်တဲ့မြို့ (ကလေးဝ)

•  မပူပင်ရတဲ့မြို့ (ကံမ)

•  ပူရှိန်းပူရှိန်းမြို့ (ငရုပ်ကောင်း)

ထွက်ပေါက်မရှိသောမြို့ (အလုံ)

ကြောက်စရာ ကောင်းသောမြို့ (ဘီလူး)

•  မင်းမရှိတဲ့မြို့ (မင်းကင်း၊)

•  အချမ်းသာဆုံးမြို့ (ရွှေတောင်)

•  မျက်နှာများတဲ့မြို့ (လေးမျက်နှာ)

•  ကြည့်ပေါင်းရသောမြို့ (သာပေါင်း)

•  မသေသောမြို့ (အမရပူရ)

•  ဒဏ်ရာရှိတဲ့မြို့ (အရာတော်)

•  အိမ်တွေ တရောင်တည်း ရှိတဲ့မြို့ (အိမ်မဲ)

•  ခေတ်စကားအရ သွက်လက်သောမြို့ (ဖလမ်း)

ဗိုလ်များတဲ့မြို့ (ဗိုလ်တထောင်)

•  လက်ရွံစရာကောင်းတဲ့မြို့ (လောက်ကိုင်)

•  အခိုင်မာဆုံးမြို့ (သံတောင်၊ သံတောင်ကြီး)

•  မိန်းမမြို့ (မေမြို့)

•  ယောက်ျား ဘသားမြို့ (တောင်ကြီး၊ ပြွန်တန်ဆာ)

•  မစိုပြေတဲ့မြို့ (ချောက်၊ မိုးနဲ)

•  ရွာမလို လာမလိုလိုမြို့ (မိုးညို)

•  လှသလားလို့ မေးစရာမလိုတဲ့မြို့ (မြို့လှ)

•  တမြို့လုံး ချိုတဲ့မြို့ (ကြံခင်း) 

•  လုံခြုံသောမြို့ (ကျောက်တံခါး)

•  ဘုန်းဘုန်းတွေဆွမ်းမဝတဲ့မြို့ (သပိတ်ကျဉ်း)

•  တရုတ်ကြီး သူ့မိန်းမရဲ့ ညီမကိုခေါ်တဲ့မြို့ (ဝါးခယ်မ)

•  နှာခေါင်းပိတ်ရမည့်မြို့ (ပေါက်တော)

•  ဆီပေါတဲ့မြို့ (ဆီဆိုင်)

•  ရန်မရှိတဲ့မြို့ (ရန်ကုန် ၊ ရန်ကင်း)

•  အလုပ်ကြမ်းမြို့ (ကျောက်ထု)

•  ဖြောင့်မတ်သောမြို့ (မကွေး)

•  အရင်ဆုံးပေါ်တဲ့မြို့ (မြို့ဟောင်း)

•  နောက်ဆုံးပေါ်တဲ့မြို့ (မြို့သစ်)

•  အသားမဲတဲ့ ဓနုမရှိတဲ့မြို့ (ဓနုဖြူ)

နာမည်ပြောင်းပြန်ဖြစ်တဲ့ မြို့

•  ညောင်ရွှေ >ရွှေညောင်

နာမည်တူမြို့

•  မင်းလှ (မကွေးတိုင်း သရက်ခရိုင်၊ အထက်မင်းလှ)

•  ထန်းတပင် (ရန်ကုန်တိုင်း)

•  ထန်းတပင် (အင်းစိန်ခရိုင် လှိုင်မြစ်အရှေ့)

•  ထန်းတပင် (ပဲခူးတိုင်း တောင်ငူခရိုင်)

ကာမြို့များ

•  ကာလိ 

•  ကာမိုင်း 

•  မိုင်းကာ

ကျိုက်အမည်ရှိမြို့များ

•  ကျိုက္ခမီ 

•  ကျိုက်ဒုံ 

•  ကျိုက်ထို 

•  ကျိုက်မရော 

•  ကျိုက်လတ် 

•  ဇင်းကျိုက်

•  ကျိုင်းမြို့များ

•  ကျုင်းတုံ 

•  ကျိုင်းတောင်း 

•  ကျိုင်းလပ်

ကျောက်အမည်ရှိမြို့များ

•  ကျောက်ကြီး 

•  ကျောက်စရစ်မြို့ဟောင်း 

•  ကျောက်ဆည် 

•  ကျောက်တလုံး 

•  ကျောက်တန်း 

•  ကျောက်တော် 

•  ကျောက်တံတား 

•  ကျောက်တံခါး 

•  ကျောက်ထု 

•  ကျောက်ပန်းတောင်း 

•  ကျောက်ဖြူ 

•  ကျောက်မဲ 

•  ကျောက်မြောင်း

တောင်အမည်ရှိမြို့များ

•  တောင်ကုတ် 

•  တောင်ကြီး 

•  တောင်ငူ 

•  တောင်တွင်းကြီး 

•  တောင်ပြိုလက်ဝဲ 

•  တောင်သာ 

•  တောင်ဥက္ကလာပ 

•  ရွှေတောင် 

•  သံတောင် 

•  သံတောင်ကြီး 

•  ဗူးသီးတောင် 

•  ရသေ့တောင်

စမြို့များ

•  စကု 

•  စလင်း 

•  စဉ့်မြို့များ

•  စဉ့်ကူး 

•  စဉ့်ကိုင် 

တာမြို့များ

•  တာချီလိတ် 

•  တာမိုးညဲ 

•  တာလေ 

•  တုံတာ 

•  ပူတာအို 

•  လပွတ္တာ

တန့်မြို့

•  တန့်ယန်း 

•  တန့်ဆည်

နမ့်မြို့များ

•  နမ့်ခမ်း 

•  နမ့်စန် 

•  နမ့်ဆန် 

•  နမ့်တစ်

နောင်မြို့များ

•  နောင်ခစ် 

•  နောင်ချို 

•  နောင်တရား 

•  မိုင်းနောင် 

•  နောင်မွန်း

ပင်မြို့များ

•  ပင်လောင်း 

•  ပင်လုံ 

•  ပင်လယ်ဘူး 

•  ဟိုပင် 

•  ယင်းမာပင် 

•  ညောင်လေးပင် 

•  ထန်းတပင် 

•  ဥသျစ်ပင် 

•  အောင်ပင်လယ် 

•  သနပ်ပင်

ပေါင်းမြို့များ

•  ပေါင်းတလည် 

•  ပေါင်းတည် 

•  သာပေါင်း

ပန်မြို့

•  ပန်ဝါ 

•  ပန်နန်းဒင် 

•  ပန်ခမ့် 

•  ပန်ယန်း 

•  ပန်လုံ 

•  ပန်ဝိုင် 

•  မိုင်းပန် 

•  ပန်ဆန်း

ပန်းမြို့

•  ပန်းတနော် 

•  အောင်ပန်း 

•  ကျောက်ပန်းတောင်း 

•  ပန်းပဲတန်း

မိုးအမည်ရှိသောမြို့များ

•  မိုးကုတ် 

•  မိုးကောင်း 

•  မိုးညို 

•  မိုးညှင်း 

•  မိုးနဲ 

•  မိုးဗြဲ 

•  မိုးမောက် 

•  မိုးမိတ် 

မော်မြို့

•  မော်လမြိုင် 

•  မော်လမြိုင်ကျွန်း 

•  ဗန်းမော် 

•  ဝိုင်းမော် 

•  မော်ထိုက် 

•  ။ မော်လိုက်

မောက်မြို့များ

•  မောက်မယ် 

•  မိုးမောက် 

•  ဗန်းမောက် 

•  နတ်မောက်

မင်းမြို့များ

•  မင်းကင်း 

•  မင်းကွန်း 

•  မင်းတပ် 

•  မင်းတုန်း 

•  မင်းပြား 

•  မင်းဘူး 

•  မင်းရဲလှမြို့ဟောင်း 

•  မင်းလှ

မိုင်းအမည်ရှိမြို့များ

•  မိုင်းကာ 

•  မိုင်းကိုင် 

•  မိုင်းခတ် 

•  မိုင်းခုတ် 

•  မိုင်းငေါ့ 

•  မိုင်းစံ 

•  မိုင်းဆတ် 

•  မိုင်တုံ 

•  မိုင်းနောင် 

•  မိုင်းပန် 

•  မိုင်းပွန် 

•  မိုင်းပေါက် 

•  မိုင်းပျဉ်း 

•  မိုင်းဖျန် 

•  မိုင်းဖြတ် 

•  မိုင်းမော 

•  မိုင်းယန်း 

•  မိုင်းယု

•  မိုင်းယောင်း 

•  မိုင်းရယ် 

•  မိုင်းရှူး

•  မိုင်းလား 

•  မိုင်းလုံ 

•  ကာမိုင်း 

•  လမိုင်း

မြိုင်မြို့များ

•  မြိုင် 

•  မော်လမြိုင် 

•  မော်လမြိုင်ကျွန်း 

•  မြိုင်ကြီးငူ 

•  ဝေါလေမြိုင်

ရေမြို့များ 

•  ရေကြည် 

•  ရေစကြို 

•  ရေဇွာ 

•  ရေတာရှည် 

•  ရေနံချောင်း 

•  ရေဖြူ 

•  ရေဦး

ရန်မြို့များ

•  ရန်ကင်း 

•  ရန်ကုန် 

ရွှေအမည်ရှိမြို့များ

•  ရွှေကူ 

•  ရွှေကျင် 

•  ရွှေညောင် 

•  ရွှေပေါ်ကွန်း 

•  ရွှေပြည်သာ 

•  ရွှေဘို 

•  ရွှေသောင်ယံ 

•  ညောင်ရွှေ 

•  ချင်းရွှေဟော် 

လားမြို့များ

•  လားရှိူး

•  မိုင်းလား

လင်မြို့များ

•  လွိုင်လင် 

•  လင်ဟော် 

•  ဘုတလင်

လွိုင်မြို့များ

•  လွိုင်ကော် 

•  လွိုင်လင်

ဟိုမြို့များ

•  ဟိုတောင်း 

•  ဟိုပင် 

•  ဟိုပန် 

•  ဟိုပုံး 

•  ဟိုမိန်း

ဦးမြို့များ

•  ခင်ဦး 

•  ချောင်းဦး 

•  ညောင်ဦး 

•  တံတားဦး 

•  ဒိုက်ဦး 

•  ပြင်ဦးလွင် 

•  မြောက်ဦး 

•  ရေဦး

အောင်မြို့များ

•  အောင်ပန်း 

•  အောင်လံ 

•  မြန်အောင် 

•  မာန်အောင်

အကောင်နာမည်ပါသောမြို့များ

•  ဆင်ဘို 

•  ဖားကန့် 

•  ဖားဆောင်း 

•  လိပ်သို 

•  ဆင်ပေါင်ဝဲ 

•  ဆင်ဖြူကျွန်း 

•  ဆိပ်ဖြူ 

•  ငါန်းဇွန် 

•  မြင်းခြံ 

•  မြင်းလွတ် 

•  ပုဇွန်တောင် 

•  မိုင်းလား 

•  လောက်ကိုင် 

•  ငသိုင်းချောင်း 

•  ဟင်္သာတ 

•  ကျိုင်းတုံ 

•  ကျိုင်းတောင်း 

•  ကျိုင်းလပ် 

•  နွားထိုးကြီး 

•  ဝက်လက် (ဆရာညို - မကွေး)


မြန်မာ့မြို့ရွာဒေသများရဲ့ ရှေးဟောင်းအမည်များ

•  ကန္တာရဝတီ > ကယား

•  ကမ္ဘောဇ > ရှမ်း

•  ကုသိနာဂရ > ပုသိမ်

•  ကေတုမတီ > တောင်ငူ

•  ကေလာသ > တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်

•  ကောသမ္ဘီ > ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်

•  ခတ္တိယ > ဧရာဝတီမြစ်ဝကျွန်းပေါ်

•  ခေမရဋ္ဌ > ကျိုင်းတုံ

•  ခေါသန္တီ > မြင်းမြေ၊ ရွှေဘိုအနီး

•  ဂန္ဓာရ > စိန့်၊ ကချင်ပြည်နယ်

•  စန္ဒပူရ > မဏိပူရဘက်နယ်စပ်

•  စမ္ပာနဂရ > သပိတ်ကျင်းမြောက်ဘက်

•  စိနရဋ္ဌ > ကချင်ပြည်နယ်

•  စေတုတ္တရာ > စလင်းအနောက်ဘက်

•  ဇေယျပူရ > စစ်ကိုင်း

•  ဇေယဝဍ္ဎန > တောင်ငူနယ်

•  ဇောတိနုဂရ > ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ { } နယ်

•  တတ္ထဒေသ > ခန်းခြောက်မြေ၊ ပုဂံနယ်

•  တမ္ပဒီပ > ဧရာဝတီမြောက်ပိုင်း

•  ဒွာရာဝတီ > သံတွဲ

•  ဒုတ္ထဝတီ/ဒုဋ္ဌဝတီ > မြစ်ငယ်

•  ဓညဝတီ > မြောက်ဦး

•  နဂရာဇာ > နဂရစ်

•  ပဉ္စာလရာဇ် > တကောင်း

•  ပဌမနဂရ > မကွေးတောင်ဘက်

•  ပေါက္ကရဝတီ > ရန်ကုန်

•  မစ္ဆဂီရိ > ချင်းတောင်တန်း

•  မဟာနဂရ > မွန်ငယ်

•  မိတ္ထီလာ > မိတ္ထီလာ

•  မေဃဝတီ > မာန်အောင်

•  ယက္ခပုရ > သထုံ

•  ယောနက > ယော

•  ရတနပုရ > အင်းဝ

•  ရတနာတင်းတိမ် > တောင်တွင်းကြီး

•  ရတနာပုံ > မန္တလေး

•  ရတနာသိင်္ခ/ရတနာသိင်္ဃ > ရွှေဘို

•  ရမ္မာဝတီ > ရမ်းဗြဲ

•  ရာဇဂြီဟ > ကလေးအနီး

•  ရာမညဒေဝ > မွန်ပြည်နယ်

•  ဝိမဏု > ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့

•  ဝေဘာရာ ဝေပုလ္လ > ကျောက်ဆည်အရှေ့ရိုး

•  ဝေသာလီ > မြောက်ဦးအနီး

•  သင်္ဃဿနာရ > တကောင်း

•  သြရိဿ > ပဲခူး

•  သလ္လာဝတီ > ချင်းတွင်းမြစ်

•  သာကေတ > ရန်ကုန်

•  သာဂရ > ဆွာအနီး

•  သာယာဝတီ > သုံးဆယ်အနီး

•  သိင်္ဂုတ္တရ > ရွှေတိဂုံကုန်းတော်

•  သိရီခေတ္တရာ > မော်ဇာ

•  သိရီပစ္စရာ > ပုဂံအနီး

•  သုဓမ္မဝတီ > သထုံ

•  သုနာပရန္တ > ဧရာဝတီမြစ်မြောက်ဘက်

•  သုဝဏ္ဏဘူမိ > တိုက်ကုလား၊ အရက်သမ၊ ဝင်က

•  ဟံသာဝတီ > ပဲခူး

•  ဟရိပုဉ္စ > မွန်ပြည်နယ်/ ထိုင်း

•  အမရပူရ > တောင်မြို့

•  အရိမဒ္ဒနပူရ > ပုဂံ

•  အလ္လကပ္ပ > စစ်ကိုင်းအနီး

•  အသီတဉ္စန > ရန်ကုန်

•  အာဠဝတီ > မြစ်ကြီး

•  ဥက္ကလာပ > ရန်ကုန် (မူလတင်သူအမည် မသိသေး) 

ငါးမည်ရ ပြည်ရွှေဘို (၅) မြို့

၁။ ရန်ကြီးအောင်မြို့။

၂။ ကုန်းဘောင်မြို့။

၃။ ရတနာသိင်္ခမြို့။

၄။ မုဆိုးဘိုမြို့။

၅။ ရွှေဘိုမြို့။

သုံးမည်ရမြို့

၁။ မြေထဲမြို့

၂။ ဗိုလ်မှူးအာလံမြို့

၃။ အောင်လံမြို့

သတ်ပုံပြောင်းခံရနိုင်သော မြို့များ

•  ကျောက်တလုံး (ငါန်းဇွန်မြို့နယ်)၊

•  ကြံခင်း ကံခင်း

•  ကြို့ပင်ကောက် ကို့ပင်ကောက်

•  ငတရော် (ရေစကြိုမြို့နယ်)

•  ငါ့တရော် (စစ်ကိုင်း မြို့နယ်)

•  စေတုတ္တရာ (မကွေးတိုင်း)

•  ဆားလင်းကြီး ဆားလင်းကီး

•  ဆိပ်ဖြူ ဆိပ်ဖူ

•  ညောင်တပင် (မုံရွာမြို့)၊

•  တကောင်း (မန္တလေးတိုင်း)၊

•  တခက်ကျေးရွာ၊ 

•  တညင် (သန်လျှင်)

•  တညောင် (မကွေးတိုင်း)

•  တနင်္သာရီ (တနင်္သာရီတိုင်း)

•  တနယ် (ဒီပဲယင်းမြို့နယ်)

•  တနယ် (ပုလဲမြို့နယ်)၊

•  တနယ်ကြီးကုန်း (ဒီပဲယင်းမြို့နယ်)

•  တနိုင်း (ကချင်ပြည်နယ်)

•  တမာတန်းရပ် (မုံရွာမြို့)

•  တမာတန်းရွာ (ရေစကြိုမြို့နယ်)

•  တမာပင်ခွ (မြို့နယ်အတော်များများမှာရှိ)

•  တမူး (စစ်ကိုင်းတိုင်း)

•  တရုံကျေးရွာအုပ်စု

•  တရုံကျေးရွာအုပ်စု။

•  တရောင်းရွာ (ရမ်းဗြဲမြို့နယ်)၊

•  တရော်ကျင်း (ယင်းမာပင်မြို့နယ်)

•  တရော်တော (ဘုတလင်)

•  တိုင်တရာ (ပုသိမ်မြို့နယ်)

•  တောင်ကြီး တောင်ကီး

•  တောင်တွင်းကြီး တောင်တွင်းကီး

•  ထန်းတပင် (ဒီပဲယင်းမြို့နယ်)

•  ထန်းတပင် (ပဲခူးတိုင်း)

•  ထန်းတပင်မြို့ (ရန်ကုန်တိုင်း)

•  ထန်တလန် (ချင်းပြည်နယ်)

•  ပင်းတယ (ရှမ်းပြည်နယ်)

•  ပန်းတနော် (ဧရာဝတီတိုင်း)

•  ပုန်းတလုတ် (ပင်းတယ)

•  ဖြူး ဖူး

•  ဗိုလ်တထောင် (ရန်ကုန်တိုင်း)

•  ဗောဓိတထောင် (မုံရွာမြို့နယ်)၊

•  ဘုံတလာ ရေအားလျှပ်စစ်၊ မတူပီမြို့နယ်၊

•  ဘုတလင် (စစ်ကိုင်းတိုင်း)၊

•  ဘုတ်တလုတ် (မန္တလေးနန်းတွင်း)

•  ဘုတ်တလုတ် (အင်းဝ)

•  မန္တလေး (မန္တလေးတိုင်း)၊

•  မြင်းခြံ မင်းခံ 

•  မြင်းမူ မင်းမူ

•  မြစ်ကြီးနား မစ်ကီးနား

•  မြစ်ငယ် မစ်ငယ်

•  မြဝတီ မဝတီ

•  မြိတ် မိတ်

•  မြို့သစ် မို့သစ်

•  မြို့သာ မို့သာ

•  မြိုင် မိုင်

•  မြိုင်ကြီးငူ မိုင်ကီးငူ

•  မြေပုံ မေပုံ

•  မြောက်ဦး မောက်ဦး

•  မေမို့ သို့မဟုတ် ပင်ဦးလွင်

•  မော်လမြိုင် မော်လမိုင်

•  ရတနာပုံရပ် (မုံရွာမြို့)၊

•  ရမ်းဗြဲ ရမ်းဗဲ

•  ရွှေပြည်သာ ရွှေပည်သာ

•  ရေကြည် ရေကည်

•  ရေစကြို - ရေစကို

•  သခွတ္တနယ် (ဘုတလင်မြို့နယ်)၊

•  သစ်တပင်ချောင်း (ကာတွန်း)

•  ဟင်္သာတ (ဧရာဝတီတိုင်း)

•  အင်းတကော်မြို့

•  အိုးတလုံး (မုံရွာမြို့)၊

•  အုံးတပင် (ဒီပဲယင်းမြို့နယ်)

အကိုးအကားရယူတာတွေထဲက တ သတ်ပုံကို မှန်အောင်ပြင်ထားပါသည်။ ကန်တော့ + ဆောရီး။ ထန်းတပင်လို့သာ ရှိပြီး ထန်းတစ်ပင်လို့ မရှိပါ။ ရရစ်ထည့်ရမှာ ပျင်းရိလာကြတဲ့ခေတ်မှာ နေပြည်တော်ကို နေပည်တော်လို့ ရေးလာကြပါတော့မယ်။ ထပ်ဖြည့်စရာတွေ ရှိပါဦးမည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ